ညောင်ရေသွန်းပွဲ

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Kasone copy.png


ခါတော်မီ Post လေးတစ်ခုလောက်တော့ ရေးတင်လိုက်ပါရစေ။ ခါတော်မီရေးတင်ခြင်းမပြုခဲ့တာလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ အလွန်ထူးမြတ်လှတဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ မြန်မာလဆိုရင် ကဆုန်လ အင်္ဂလိပ်လဆိုရင် မေလအနေနဲ့ ကျရောက်ပါတယ်။ ရာသီဥတုပူပြင်းလွန်းတတ်ပါတယ်။ ဒီလိုကဆုန်လမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့ ဘာသာရေးအစဉ်အလာ ဓလေ့ထုံးတမ်းစဉ်လာတစ်ခုဖြစ်တဲ့ ညောင်ရေသွန်းပွဲတော်အကြောင်းလေးရေးတင်လိုက်ပါတယ်။ ကဆုန်လဆိုတာက နွေဥတုရဲ့ နောက်ဆုံးလလို့ သတ်မှတ်ထားခဲ့ပါတယ်။ တနည်းအားဖြင့်ဆိုရသော် ကဆုန်လပြည့်နေ့ဟာ နွေဥတုရဲ့နောက်ဆုံးရက်လို့ သတ်မှတ်ကြောင်း မှတ်သားခဲ့ရဘူးပါတယ်။ ဒါ့အပြင် ဗုဒ္ဓမြတ်စွာအဖြစ်ရရှိရန် ဗျာဒိတ်တော်စကား ခံယူ ရရှိတော်မူသောနေ့၊ ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူတဲ့နေ့၊ ဗုဒ္ဓမြတ်စွာဘုရားအဖြစ်ရောက်တော်မူသောနေ့၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်လှတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ နောက် ဗောဓိညောင်ပင် ပေါက်သောနေ့လည်းဖြစ်ပါတယ်။ အဲဒီလိုထူးမြတ်လှတဲ့ နေ့ထူးနေ့မြတ်မှာ မြတ်ဗုဒ္ဓ၏ ဖွားဘက်တော်ဖြစ်၊ အထိမ်းအမှတ်လည်းဖြစ်တဲ့ ဗောဓိညောင်ပင်ကို အဓွန့်ရှည်ကြာစွာ တည်တံ့စေဖို့အတွက် ညောင်ရေသွန်းလောင်းခြင်း ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း အထွဋ်အမြတ်ထား ကျင်းပလာခဲ့ကြခြင်းဖြစ်ပါတယ်။


01.jpg


02.jpg


အထက်မှာရေးထားခဲ့သလို ကဆုန်လက ပူပြင်းလှပါတယ်။ ယခုနှစ်ပိုပြီးပူပြင်းလှပါတယ်။ အချို့ဒေသများမှဆို ရင် 45°C, 46°C လောက်အပူချိန်မြင့်မားလာခဲ့ပါတယ်။ အချို့အချို့သော ဒေသများမှာဆိုရင် 47°C အထိတောင် ရောက်တယ်လို့ ပြောကြပါတယ်။ အလွန်ပူပြင်းခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းက သစ်တောတွေ မရှိတော့တာကတော့ ထိပ်ဆုံးကနေ ပါနေပါတယ်။ အဲ လမ်းချော်တော့မယ် နောက်မှ သစ်ပင် သစ်တောပြုန်းတီးမှုနဲ့ဆက်စပ်တာဆက်ရေးတော့မယ်။ ကဆုန်လက အင်မတန်ခြောက်သွေ့လှပါတယ်။ မုတ်သုန်လေလေးတွေရောက်ချင်ရောက်ပါမှ အပူသက်သာပါတယ်။ မိုးသားတိမ်လိမ်တွေပေါများတဲ့ရာသီဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာတော့ အပူသက်သာပါတယ်။ တောသူတောင်သား တောင်သူဦးကြီးများမှာလည်း အလွန်ပူပြင်းခြောက်သွေ့တဲ့အတွက် သီးနှံများလည်း စိုက်ပျိုးမှုနည်းပါးသေးတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ညောင်ရေသွန်းပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ ညောင်ရေသွန်းပွဲတော်ကို စည်စည်းကားကား ကျင်းပမြဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အပြိုင်အဆိုင် ကျင်းပကြပါတယ်။ အလှူမင်္ဂလာပွဲများမှာလိုပဲ ၀တ်ကောင်းစားလှတွေနဲ့ အတီးအမှုတ် ကခုန်ခြင်းတွေတောင်ပါကြပါသေးတယ်။


03.jpg


04.jpg


အခုကျွန်တော်တင်ပေးထားတဲ့ ဓာတ်ပုံများကတော့ မနေ့(အဖိတ်နေ့)က ရွှေကြက်ယက်စေတီမှာ ကျင်းပခဲ့တဲ့ ညောင်ရေသွန်းပွဲတော်က ဓာတ်ပုံများပဲဖြစ်ပါတယ်။ ဒီနေ့တော့ ဘယ်မှ မထွက်နိုင်တဲ့အတွက် ဓာတ်ပုံအစုံမရှိ ပါ။ ရှိတဲ့ ပုံလေးတွေကိုတော့ တင်ပေးလိုက်ပါတယ်။ စစ်ကိုင်းမြို့မှာဆိုရင်လည်း ညောင်ရေသွန်းပွဲတော်ကို စေတီအဆူဆူတို့မှာ ကျင်းပခဲ့မြဲဖြစ်သလို ဒီနှစ်လည်း ကျင်းပမြဲသာဖြစ်ပါတယ်။ အရင်ကာလတွေတုံးကတော့ အငြိမ့်ပွဲ၊ ဇာတ်ပွဲများဖြင့် ကဆုန်လပြည့်နေ့တစ်ရက်လုံးလုံး ကပြဖြေဖျော်ခြင်းများပင် ပြုလုပ်ခဲ့ကြပါတယ်။ ခုတော့အနည်းအကျဉ်းသာပြုလုပ်နိုင်ကြပါတော့တယ်။ မြန်မာ့ရိုးရာ ခြင်းအလှခတ်ခြင်းကိုလည်း နေအပူရှိန် လျော့ပါးတဲ့အချိန်ကစလို့ ခတ်ပြ ဧည့်ခံကြပါတယ်။ အစားအသောက်မျိုးစုံ၊ အအေးမျိုးစုံတို့ဖြင့် စတုဒီသာ ကျွေးမွေးကြသူများမှာလည်း များပြားလှပါတယ်။ အလွန်ကြည်နူးစရာကောင်းသလို အလွန်စေတနာကောင်းကြ သော မြန်မာလူမျိုးတို့၏ စိတ်ရင်းစေတနာပင် ဖြစ်ပါတယ်။ ညောင်ရေသွန်းလောင်းတဲ့အခါမှာလည်း အမွှေးနံ့သာများပါ ထည့်သွင်းကာ ရေစင်များဖြင့်သွန်းလောင်းကြခြင်းပဲဖြစ်ပါတယ်။


05.jpg


06.jpg


ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဓလေ့ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဘယ်ခေတ် ဘယ်ကာလဆိုတာကတော့ အတိအကျမသိပါ။ အနီးနားဆုံးကတော့ ကုန်းဘောင်ခေတ်လောက်ကတည်းကလို့ သိရပါတယ်။ ပူပြင်းလှတဲ့ကာဖြစ်တာနဲ့အညီ ဗောဓိညောင်ကို ရေသွန်းလောင်းခြင်းမင်္ဂလာကို နေပူပူ၊ လေပူပူကို အံတုပြီး ချွေးသံတရွှဲရွှဲ၊ ယပ်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်း အခမ်းအနားတွေကို ကျင်းပကြခြင်းဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းဆိုလည်းဟုတ်သလို၊ ဘာသာရေးအခမ်းအနားလို့ ပြောမယ်ဆိုရင်လည်း ရမယ်ထင်ပါတယ်။ ဘာသာတရားနဲ့ကလည်း အဆက်အစပ် ရှိတာပဲမို့ ဘာသာရေးဓလေ့ထုံးတမ်း ရိုးရာ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့မြဲဖြစ်တဲ့ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို နောင်နှစ်ပေါင်းများစွာတိုင်တိုင် တည်တံ့စေဖို့အတွက် ဗုဒ္ဓဘာသာဝင်တိုင်းက ကြိုးစားပေးရင် ကောင်းလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒီနေရာမှာ ဘာသာရေးနဲ့ တိုင်းတာလို့ မှားရင်မှားနိုင်ပေမယ့် ဓလေ့ထုံးတမ်းအစဉ်အလာအရတော့ မှန်နေမြဲဖြစ်ကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။ အောက်ကပုံတွေကတော့ စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်မြတ်စွာဘုရားမှာ ညောင်ရေသွန်းပွဲတော် ပုံရိပ်လေးများပဲဖြစ်ပါတယ်။ ဒီနေ့ ရိုက်ပြီး ချက်ချင်းတင်ပေးလိုက်တဲ့ပုံကလေးတွေပါ။


07.jpg


011.jpg


08.jpg


09.jpg


010.jpg


ရေးသားသူ(Author) နှင့် ဓာတ်ပုံ(Photo)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-5-2019 စနေနေ့(Saturday)

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

အခုလိုထောက်ပံ့မှုပေးတာ အားလုံးကို ကျေးဇူးအထူးတင်လျှက်ပါဗျာ

Beautiful shot shared here

Thank you so much.

ပုံတွေကတော့ ရှယ်ပဲ ကိုစိုးလက်ရာက
ပြောစရာမရှိ လှပါဘိ

ကျေးဇူးပါဗျာ

ဗုဒ္ဓဘာသာဝင်​​တွေရဲ့အထွဋ်​အမြတ်​​နေတ​နေ့​ပေါ့ဗျာ

မပျောက်ကွယ်အောင်ထိန်းသိမ်းရမှာပေါ့ဗျာ

စည်ကားလိုက်တဲ့ ညောင်ရေသွန်းပွဲတော်ပါဘဲ

ပြန်လည်စည်ကားလာတာကြည်နူးမိပါတယ်

စစ်ကိုင်းမှာ ကလေးဘဝကနေခဲ့ဖူးပါတယ်
အေးချမ်းတဲ့မြို့လေးပါဗျာ

Posted using Partiko Android

ဟုတ်လား ဘယ်ရပ်ကွက်မှာ နေခဲ့တာလဲ ကြုံရင်လာလည်အုံးလေ

၅ တန်းတုန်းကဗျ။ရပ်ကွက်တော့မသိတော့ဘူး။ ထူပါရုံဘုရားနားမှာနေခဲ့တာ ။ နွေရာသီ မြစ်ဆိပ်မှာ ရေဆင်းကူးရတာ တကယ် ပျော်ဖို့ကောင်းခဲ့တယ်။ မြစ်လယ်မှာ ကျောက်ဆောင်ကြီးပေါ်တဲ့အချိန် အဲ့အထိကူးဖူးတယ်ဗျ။

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65