ဘာလဲဟဲ့ငွေ

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


စာမရေးဖြစ် စာမရေးဖြစ်နဲ့ အချိန်အတော်ကြာသွားပြန်ပြီထင်ပါတယ်။ အဖွဲ့သားများကလည်း တိုက်ပွဲတွေ ထွက်နေကြလေတော့ စာရေးပြီး Post တင်သူအတော်နည်းသွားတယ်။ တိုက်ပွဲထွက်တယ်ဆိုပေမယ့်လည်း တိုက်ပွဲကိုမြင်ရတာလည်းမဟုတ်။ Live လွှင့်ပေးတာမဟုတ်သလို Replay လည်း ပြန်ကြည့်မရတော့ ဘယ်လိုတွေတိုက်ပြီး ဘယ်လိုတွေဖြစ်ကုန်သလဲဆိုတာမသိရ။ Screen မှာ Win ဆိုတာလေးပေါ်လာရင် အနိုင်ရတာပဲ၊ Lost ဆိုတာလေးပေါ်လာခဲ့ရင်တော့ သြော် ရှုံးရှာပါပကောလို့ပဲ သိရတာဖြစ်သလို Draw ဆိုတာများပေါ်လာရင်တော့ အမယ်ငါနဲ့လက်ရည်ညီသဟ ဆိုပြီး မမြင်မကန်း ဆင်စမ်းသလိုပဲ တိုက်ပွဲဝင်နေကြ ရပါတယ်။ တိုက်ပွဲအကြောင်း ထားပါတော့။ ခုရေးချင်တာကလည်း တိုက်ပွဲအကြောင်းမဟုတ်ပဲ ငွေအကြောင်းကို စဉ်းစားမိသမျှ၊ မှတ်သားမိသမျှ၊ ဖတ်ထားမိသမျှ ရေးချလိုက်ခြင်းသာဖြစ်ပါတယ်။ ဒီတော့ကာ လူတွေရဲ့ အကြိုက်၊ လူတိုင်းရဲ့ အချစ်တော်ဖြစ်တဲ့ ငွေအကြောင်းကို တစ်စေ့ တစ်စောင်း ရေးသားလိုက်ပါ တယ်။ အထွေအထူးပညာသားပါပါ စာတွေဖြစ်ချင်မှဖြစ်မယ်၊ ဗဟုသုတရစေလိုတဲ့ ရည်ရွယ်ချက် Post တင်ချင်တဲ့ဆန္ဒနဲ့ ရေးလိုရာ၊ ရေးချင်တာကို ရေးသားတာဖြစ်တဲ့အတွက် အမှားအယွင်းပါလာခဲ့ရင် ဒါမှမဟုတ် အယူအဆ သဘောထားမတိုက်ဆိုင်ခဲ့ရင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်ပေါ့။ သူ့အကြောင်းကို သေသေချာချာ စနစ်တကျနဲ့ ပြောဆိုဆွေးနွေးတာကိုလည်း သိပ်မမြင်မိဘူးလေ။ သူ့ကို ဘယ်လိုရှာရမယ်၊ ဘယ်လိုသုံးရမယ်ဆိုတာလောက်ပဲ ပြောဖြစ်ကြတယ်မဟုတ်လား။ အသက်ရှင်သန်နေထိုင်စဉ်ကာပတ်လုံး သူက မရှိမဖြစ်လိုအပ်နေမှာပဲဖြစ်ပါတယ်။ ရချင်သည်ဖြစ်စေ၊ မရချင်သည်ဖြစ်စေ။ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ သူကိုတော့ လိုအပ်နေကြမှာပဲမဟုတ်လား။ ဒီတော့သူ့ကို ရှာကြ၊ ဖွေကြရတာ သဘာဝကျတဲ့ လုပ်ရပ်တစ်ခုလို့လည်း ထင်ပါတယ်။


02.png


သူဆိုတဲ့ ငွေကို ရှာကြတဲ့အခါမှာ တစ်ချို့က လိပ်ပြာသန့်အောင် သံသရာမှာကျင်လည်တဲ့အခါ ကောင်းကောင်း မွန်မွန်နေနိုင်အောင် သန့်သန့်ရှင်းရှင်းနဲ့ ရှာတတ်ကြသလို ငွေရပြီးရောဆိုပြီး အကောင်းအဆိုးမရွေး လိပ်ပြာသန့်တာမသန့်တာ မစဉ်းစား သံသရာဆိုတာ နောင်ခါလာနောင်ဈေး ငွေကို မတရားတာရော တရားတာရော အကုန်ရှာဖွေတတ်ကြတာကိုမြင်နိုင်ပါတယ်။ နည်းမှန် လမ်းမှန် တရားသဖြင့် ငွေရှာခြင်း နဲ့ နည်းမမှန် လမ်းမမှန် မတရားသဖြင့်ငွေရှာတာ ဘယ်ဟာကမှန်သလဲမေးခဲ့ရင်တော့ နည်းမှန်လမ်းမှန်ပဲ ဖြေကြမှာ အမှန်ပဲဗျ။ လက်တွေ့လုပ်ကိုင်တာဟုတ် မဟုတ်ကတော့ ကိုယ်တိုင်ကလွဲပြီး အခြားသူတွေကတော့ သိဖို့လွယ်ကူမယ်မဟုတ်ပါဘူး။ ငွေကလည်း နည်းမှန် လမ်းမှန်သမားများအတွက် ခက်ခဲသလောက် နည်းမမှန် လမ်းမမှန်သမားတွေအတွက်ကတော့ ငွေရှာရတာ လွယ်ကူနေတတ်ပါတယ်။ ဆင်ခြင်တုံတရားရှိရှိနဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းတတ်သူတွေအဖို့ သူဌေးဖြစ်လမ်းဆိုတာ အလွန်မလွယ်ကူတဲ့ လမ်းများဖြစ်နေလေသလား။ လူဆိုးနဲ့လူကောင်း စဉ်းစားကြည့်မယ်ဆိုရင် လူဆိုးဆိုတဲ့လူတွေအဖို့ လုပ်ချင်ရာလုပ်နိုင်ကြပေမယ့် လူကောင်းဆိုတဲ့လူတွေအဖို့တော့ လုပ်ချင်ရာမလုပ်နိုင်တာ အသေအချာပဲမဟုတ်လား။ ငွေဟာလည်းပဲ ထို့အတူတူပဲဖြစ်မယ်ထင်တယ်။ ငွေရပြီးရောရှာသူနဲ့ သန့်သန့်ရှင်းရှင်းငွေရှာသူဟာလည်း ကွာခြားနေလိမ့်မယ်ထင်ပါတယ်။


03.png


ဘ၀သံသရာကြီးထဲမှာ အသက်ရှင်လှုပ်ရှားနေကြရတဲ့ ကျွန်တော်တို့လူသားများအတွက်က ငွေဆိုတာ မရှိမဖြစ် ရှိမှကိုဖြစ်မယ့် လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ ငွေရရှိရေးအတွက် ရှာဖွေကြရာမှာ ဘ၀ဇာတ်ခုံကြီးပေါ် မရယ်ချင်လည်းပဲ ရယ်ကြရ၊ မပြုံးချင်ပဲလည်း ပြုံးပြရ၊ မငိုချင်ပဲလည်း ငိုပြကြရ၊ မရုန်းကန်ချင်လည်းပဲ ရုန်းကန်နေကြရတာပဲမဟုတ်လား။ သေချာမတွေးနိုင်ပေမယ့် မရေမရာအတွေးတွေနဲ့ အသက်တွေကြီး အချိန်တွေကုန်ဆုံးကြရတာကလည်း အကြိမ်ကြိမ်၊ အချိန်တွေဖြုန်းမိနေကြတာလည်း အခါခါ၊ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတာလည်း မရေမတွက်နိုင်အောင် ရှိခဲ့ကြစမြဲပဲဖြစ်မှာပါ။ အလွန်ပဲထိန်းသိမ်းရ ကိုင်တွယ်ရတာ ခက်ခဲတယ်လို့မှတ်ယူစရာဖြစ်သလို သူ့ကြောင့် ဆရာတပည့်၊ ဆွေမျိုးသားချင်း၊ လင်မယားတွေ ကွဲကြ ပြဲကြ ဆော်ကုန်ကြတတ်ကြတာလည်း လူတိုင်းအသိ။ ဒါလောက် ဒုက္ခတွေပေးတတ်တဲ့ငွေလို့တော့ တစ်ဖက်သတ် စွတ်စွဲချက်တင်လို့လည်း မဖြစ်ပေဘူး။ သူမရှိရင်လည်း မဖြစ်ပြန်ဘူး။ သူ့ကိုပဲ အလွန်အမင်းရှေ့တန်းတင်ပြန် ရင်လည်း မဖြစ်ပြန်ပါဘူး။ အတော်ကို အသိရခက်၊ အတွေးရခက်စရာပါ။ ဒါ့ကြောင့်လည်း ရှေးရှေးကတည်းက မရှိမကောင်း ရှိမကောင်းလို့ ဆိုထားခဲ့ကြတာပဲထင်ပါတယ်။ မျက်နှာပွင့်ဆေး၊ လူချစ်လူခင်ပေါများစေတဲ့ဆေး၊ လူရာဝင် အရာရောက်တတ်တဲ့ဆေး၊ ဒုစရိုက်ကို သုစရိုက်ဖြစ်စေနိုင်တဲ့ဆေး၊ အမှားကို အမှန် အမှန်ကို အမှား ဖြစ်နိုင်တဲ့ဆေး ဘယ်လိုပင်နာမတွေအမျိုးမျိုးတပ်ပေမယ့်လည်း သူကတော့ဘာမှမသိ။ သခင်ခိုင်းသမျှ ကျေပွန်စွာ အကျိုးဆောင်တတ်တာ လူတိုင်းသည်းခြေကြိုက်နေတာ သူ့စွမ်းရည်၊ သူ့စွမ်းအင်ပဲဖြစ်ပါလိမ့်မယ်။


04.png


တကယ်တော့ ငွေဆိုတာ ဘယ်လိုများဖြစ်တည်လာသလဲလို့ စဉ်းစားမိရင် လူတွေကပဲဖန်တီးခဲ့တဲ့ သက်မဲ့အရာ တစ်ခုသာဖြစ်ပါတယ်။ သူ့ကို ထိန်းသိမ်းတဲ့ သက်ရှိလူသားတွေရဲ့ ခိုင်းစေမှုပေါ်မူတည်ပြီး သူ့အပေါ်မှာ လူတွေရဲ့ အမြင်တွေ အမျိုးမျိုးပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ သူကိုယ်တိုင်ကတော့ ဘာမှမလုပ်နိုင်တဲ့သက်မဲ့ အရာတစ်ခုပဲမဟုတ်လား။ ငွေဆိုတာ လူတွေကဖန်တီးခဲ့တဲ့အရာတစ်ခုသာဖြစ်ပါတယ်။ ငွေဆိုတာက ရှာဖွေတတ်သူများအဖို့ အလွန်လွယ်ကူနေတတ်ပါတယ်။ မရှာတတ် မဖွေတတ်သူများအတွက်ကတော့ ငွေတွင်းဆိုတာ အလွန်နက်နေတတ်တယ်မဟုတ်လား။ မရှာတတ် မဖွေတတ်သူအများစုထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ငွေဆိုတာက အရမ်းကြီးချစ်စရာမဟုတ်သလို မုန်းစရာကောင်းတဲ့အရာလည်းမဟုတ်ပါဘူး။ လူတွေလိုစဉ်းစားကြည့်မယ်ဆိုရင် ကိုယ်က သူ့ကိုမုန်းရင် သူကလည်း ကိုယ့်ကို မုန်းလိမ့်မယ်။ ငွေကို မုန်းရင် ငွေကလည်း မုန်းပါလိမ့်မယ်။ ကိုယ်က ငွေကို ချစ်မြတ်နိုးရင် ငွေကလည်း ကိုယ့်ကို ချစ်မြတ်နိုးလိမ့်မယ်လို့လည်း ထင်ပါတယ်။ ငွေဆိုတာ အပြစ်မြင်စရာမဟုတ်သလို အပြစ်တင်စရာတစ်ခုလည်း မဟုတ်ခဲ့ပါဘူး။ ခိုင်းစေသူရဲ့အပေါ်မှာ တာဝန်ကျေလွန်းတဲ့ အစေခံကောင်း တစ်ယောက်သာဖြစ်မယ်ထင်ပါတယ်။ ငွေကို ဦးနှောက်နဲ့ ချစ်သင့်ပြီး နှလုံးသားနဲ့တော့ အလွန်အကျွံမချစ်သင့်ပါဘူး။ လောကလူအများစုက လူကိုချစ်ခင်လို့ တွယ်တာမြတ်နိုးလွန်းလို့ လေးစားလွန်းလို့ မဟုတ်တတ်ပဲ ငွေများများကို ပိုင်ဆိုင်ထားတတ်ကြလို့ဆိုတာ မြင်သာ ထင်သာရှိပါတယ်။ ဒီတော့ အများစုသော လူတို့ဟာ လူကိုချစ်တာမဟုတ်ပဲ ငွေကို ချစ်တာပါ။ လူကိုတွယ်တာမြတ်နိုးတာမဟုတ်ပဲ ငွေကိုတွယ်တာမြတ်နိုးတာပါ။ လူကို လေးစားလွန်းလို့မဟုတ်ပဲ ငွေကို လေးစားနေတတ်ကြတာပါ။ တကယ်တကယ့်တွင် ငွေရဲ့ အလှတရားက စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းသာဖြစ်တယ်လို့လည်း ထင်ပါတယ်။ လောကလူ့သဘာဝအရ ငွေမရှိရင် အလွန်အင်မတန်ငြီးငြူတတ်ကြပေမယ့် ကိုယ့်မှာ သိသင့် သိထိုက်တဲ့ အသိတရားမရှိတာကိုတော့ ဘယ်သောအခါမှ ငြီးငြူခြင်းမရှိတာက အသိတရားဆိုတာ တန်ဖိုးမရှိလို့လားလို့ ထင်စရာဖြစ်နေပါတယ်။ ငွေဆိုတာ အသက်ရှင်စဉ်ကာလတစ်လျောက်လုံး အမြဲတစေလိုအပ်နေမှာဖြစ်တဲ့ အတွက် ငွေကို ရှာဖွေကြရမှာဖြစ်ပေမယ့် ငွေကို နှလုံးသားနဲ့ချစ်ပြီး ဆရာတစ်ဆူအဖြစ် ကိုးကွယ်နေဖို့ မသင့်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


stemit ansoe myanmar no word logo 2.png

ရေးသားသူ(Author)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-3-2019 ကြာသပတေးနေ့(Thursday)

Sort:  

ငွေကိုသာ​ရေလိုသုံးရင်​ တပြည်​လုံးမှာလုပ်​သမျှတင့်​တယ်​ .....
ယောက္ခမကြီးကမျက်​နာချိုတယ်​...

ဆက်ဆိုရမှာလား ☺

@ansoe, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

အခုလို အထောက်အကူပေးလို့လည်းကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank you very much.

Money is second god ဆိုပေမယ့်
God ထက် ငွေ ကို ပိုသတိရမိပါရဲ့ဗျာ😁😁

Posted using Partiko Android

သေချာတာပေါ့

ငွေကသံလိုက်နဲ့တူတယ်တဲ့ နည်းနည်းလေးရှိရင် များတဲ့ဆီပါသွားပြီး များများကြီးရှိရင် ကိုယ့်ဆီပါလာရော

Posted using Partiko Android

ရတနာရှိရာ ရတနာလာဆိုသလို ငွေရှိရာ ငွေလာမှာပေါ့နော်ဆာမင်းစိုး

သဝေထိုး ငဝဆွဲ ငွေ လူတိုင်းအသဲစွဲပါလေ

အဲဒီ သဝေထိုး င ၀ဆွဲကို သံသရာမှာ မျက်နှာရအောင်ပဲ ရှာသင့်သလားလို့

ငွေကို မုန်းမုန်းချစ်ချစ်ကြီးဗျာ။
သူက ဒုတိယဘုရားသခင်ဆိုလားပဲ။

လူတွေကိုလည်း မုန်းမုန်းချစ်ချစ်ကြီးပါပဲလေ စွမ်းအားရှင်ပဲဖြစ်ပါလိမ့်မယ် ဘုရားသခင်တော့ ဖြစ်လောက်ပါဘူး

အသက်​ရှင်​​နေသမျှ​တော့​ငွေကမရှိမဖြစ်​ပါပဲရှင်

နေရေးအတွက် ငွေရှာကြရမှာပါပဲ မှန်ကန်တဲ့နည်းနဲ့ဆို သံသရာစိတ်အေးရတာပေါ့နော

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 61841.06
ETH 1754.65
USDT 1.00
SBD 0.38