ဘာအတွက်လဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မေးပါရစေ။ ကျွန်တော်တို့ စာတွေရေးနေကြတယ်ဆိုတာ မပြောလည်း လူတိုင်းသိနေကြတယ်ဆိုတော့ အထွေ အထူး ပြောစရာမလိုတော့ပါဘူး။ ရေးတော့ရေးနေကြတာပဲ။ ဘာအတွက် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာရေးသူရဲ့ တာဝန်က ဘာတွေလဲ စသဖြင့် တွေးချင်ရာတွေးမိပြီး မေးချင်စရာမေးခွန်းဖြစ်လာပါတယ်။ စာတွေတော့ရေးနေကြပါပြီ။ အဲဒီလိုရေးနေတဲ့သူတွေအများစုကတော့ Steem, SBD လိုချင်လို့ရေးနေတာလို့ ကိုယ်တိုင်က ထင်ကောင်းထင်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ လူတိုင်း လူတိုင်း အဲဒီ Steem, SBD တစ်ခုတည်းအတွက်နဲ့ စာတွေရေးနေတယ်လို့ မထင်မှတ်ပါဘူး။ အခုလိုဈေးတွေထိုးကျနေချိန်မှာဆို ပိုပြီး မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ Steem, SBD ရချင်တာတစ်ခုတည်းအတွက် စာရေးနေတဲ့သူတွေဆိုရင် ဒါလောက်ဈေးတွေကျ နေချိန် စာမရေးပဲ အခြားအလုပ်တွေ လုပ်နေမှာပဲလို့ တွေးမိပါတယ်။ ဒီလိုတွေးမိလို့လည်း အခုလို မေးချင်စရာ မေးခွန်းပေါ်လာတယ်ထင်တယ်။ ကိုယ်တိုင်ဖြေကြည့်သင့်တယ်လို့လည်း ထင်ပါတယ်။ Comment မှာ ရေးပြီး ဖြေနေစရာမလိုပါဘူး။ ကိုယ့်ဖာသာမေး ကိုယ်ဖာသာဖြေကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ စာတွေရေးနေ တာ ဘာအတွက်လဲ? ဘယ်လိုရည်ရွက်ချက်နဲ့လဲ? ဆိုတဲ့မေးခွန်းလေးကို ကိုယ်တိုင်ဖြေကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ စာတွေကို ရေးနေတာရဲ့ ရည်ရွယ်ချက်ကတော့ ဖတ်စေချင်လို့ပါ လို့ ဖြေပါမယ်။ ပိုက်ဆံလိုချင်တာလည်း ပါပါတယ်။ ဘာကြောင့်ဒါတွေမေးကြည့် ဖြေကြည့်လုပ်နေမှာလဲ။ လိုလို့လား။ နေ့စဉ် စာတွေရေးတင်ပြီး နေ့စဉ် vote, comment, reply မှန်မှန်လုပ်နေရင်ပြီးရောမဟုတ်လားလို့ တွေးနေကြပါလိမ့်မယ်။ ဒါကတော့ နေ့စဉ် လုပ်ရမယ့် စည်းကမ်းတစ်ခုကို လိုက်နာနေတာပဲဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်ရေးသားလိုက်တဲ့စာတွေအတွက် အထောက်အပံ့ အထောက်အကူဖြစ်စေမယ်လို့တော့ မထင်မိပါဘူး။ ဒါက ပရိုမိုးရှင်းတင်တဲ့လူတိုင်းလုပ်ကြ ရမယ့် နေ့စဉ်အလုပ်တစ်ခုသာဖြစ်ပါတယ်။ ကိုယ်ရေးတင်ထားတဲ့စာတွေ အကျိုးပြုပြု မပြုပြု၊ ကောင်းကောင်း မကောင်းကောင်း၊ စာလုံးပေါင်းမှန်မှန် မမှန်မှန် စည်းကမ်းလိုက်နာတဲ့အနေနဲ့ vote, comment, reply လုပ်နေ ကြခြင်းသာဖြစ်ပါလိမ့်မယ်။
စာတွေကိုဆုံးအောင်ဖတ်တဲ့သူ၊ စာကိုအပြည့်အစုံဖတ်ပြီး vote, comment ပေးတဲ့သူ အလွန်အင်မတန်နည်း လိမ့်မယ်ထင်ပါတယ်။ သိသာပါတယ်။ ဒီလိုပြောလို့ ကျွန်တော်ကိုယ်တိုင်ရော စာတွေကို သေချာဖတ်၊ သေချာ comment ရေးတာလုပ်သလားလို့ မေးကြည့်မိပါတယ်။ အချိန်အားရင် အားသလို ဖတ်ကြည့်ပြီး တတ်နိုင်သလောက် Post တင်သူကို အထောက်အကူဖြစ်စေဖို့ အမှားပြင်ဆင်နိုင်ဖို့ အသိပေး သတိပေးတာ တွေ လုပ်ခဲ့ဘူးပါတယ်။ လုပ်ခဲ့ဘူးတယ်လို့ဆိုတာက အခုတစ်လောမှာတော့ စာတွေကို သေချာမဖတ်နိုင်တာက များနေလို့ သေချာ comment မပေးနိုင်ခဲ့တာ ကြာနေပါပြီ။ စာကိုသေချာဖတ်အကြံဥာဏ်ပေး၊ အမှားထောက်ပြ၊ ကောင်းသောဝေဖန်ချက်လေးတွေရေးပေးကြပါ လို့လည်း ရေးနေခဲ့ကြတာလည်း အလွန်ကြာခဲ့ပါပြီ။ “ဟောရင်းသာ ပျံလွန်တော်မူ” ဆိုတဲ့စကားလိုပဲဖြစ်နေကြတဲ့ အကျင့်များကို ပြုပြင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ ဟောတဲ့ဘုန်းကြီးတွေသာ တစ်ပါးပြီးတစ်ပါး ပျံလွန်တော်မူကုန်ကြတယ်၊ တရားနာပရိဿတ်ကတော့ ဒုံရင်း ဒုံရင်းဆိုသလိုဖြစ်နေကြသလိုပဲဖြစ်နေသလားလို့ပါ။ အခုလည်း ရေးပြီး အားပေတိုက်တွန်းနေတဲ့သူတွေလည်း ရေးရင်းနဲ့ အနစ္စသဘောနဲ့ ကိစ္စချောကုန်ကြတော့မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း Good Post, Nice Post ဆိုတာတွေထက်တော့ နည်းနည်းလေး သာနေပါပြီ။ ဒီထက်နည်းနည်း ပိုသာအောင် ကြိုးစားချင်ပါသေးတယ်။ တိုက်တွန်း နှိုးဆော်တဲ့စာတွေကို ရေးဖို့မဟုတ်ပေမယ့်လည်း ရေးပြီးသွားတော့လည်း ပြန်မဖျက်တော့ပါဘူး။ အကြိုက်မတွေ့ရင်တော့ သည်းခံပါဆရာတို့ရေ။
ကျွန်တော်တို့ရေးတင်နေတဲ့စာတွေက စာရေးဆရာကြီးများမြင်ရင် ဘယ်လိုများ ခံစားနေကြမလဲစဉ်းစားမိပါသေးတယ်။ ဒါကလည်း ပြဿနာတော့မရှိဘူးထင်ပါတယ်။ ကျွန်တော်တို့ရေးတင်နေတာတွေက နိုင်ငံတော်ကို အကြည်ညိုပျက်စေမယ့်စာတွေလည်း မပါသလို၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမယ့်စာတွေလည်း မပါပါဘူး။ အခြားသူတစ်ပါးတွေရဲ့ ဂုဏ်သိက္ခာတွေကိုလည်း ညှိုးနွမ်းစေမယ့်စာတွေလည်းမဖတ်ဖူးသေပါဘူး။ အချင်းချင်းဗဟုသုတဖြစ်စေမယ့်အကြောင်းအရာတွေကို ကိုယ်သိထားတာလေးတွေကို မျှဝေရေးသားနေခြင်း သာဖြစ်ပါတယ်။ ဒါပေမယ့် စာရေးတာ နည်းနည်းကြာလာတော့ စာရေးတာကို အကျင့်ဖြစ်လာတယ်။ စာမရေး ရတာကြာလာရင်လည်း စာရေးတာပျက်ပြီး စာရေးချင်စိတ်ပျောက်သွားတတ်ပါသေးတယ်။ ရေးနေတဲ့စာတွေ လည်း အရင်ကရေးခဲ့တဲ့စာတွေထက် ပိုပြီးဖတ်ကောင်းလာစေပါတယ်။ အပျင်းပြေအနေနဲ့ စာတွေရေးတင်နေ ကြရာကနေ စာတွေကိုသဘောကျနှစ်ခြိုက်လာကြလိမ့်မယ်ထင်ပါတယ်။ ဒါက အကျိုးအမြတ်တစ်ခုပဲ ဖြစ်ပါ တယ်။ နိုင်ငံတကာကလူငယ်တွေကတော့ ခရီးသွားနိုင်ရင်ခရီးသွားကြပြီး ခရီးမသွားနိုင်ရင် စာဖတ်ကြတယ်လို့ ဆိုကြပါတယ်။ ဒါက လူငယ်တွေအတွက် အပေါင်းလက္ခဏာတွေ အကောင်းဘက်ရွှေ့လျားလာတွေဖြစ်ပါ တယ်။ အပေါင်းလက္ခဏာပြနေတာက အနှုတ်လက္ခဏာပြနေတာထက်တော့ ကောင်းတယ်မဟုတ်လား။ မိုဘိုင်းဖုန်းတစ်လုံးရှိနေရင် ဘာမဆိုဖြစ်နိုင်တဲ့ခေတ်ကာလမှာ စာကိုနှစ်ခြိုက်လာတာ ၀မ်းသာစရာ တစ်ခုပဲ ဖြစ်ပါတယ်။ စာတွေရေးနေတဲ့ ကျွန်တော်တို့တစ်တွေ စာရေးဆရာတွေမဟုတ်ပေမယ့်လည်း ကောင်းအောင် အကျိုးရှိစေတာကို ရေးမယ်ဆိုရင် အကျိုးရှိတာတွေကို ဖတ်ကြရမှာဖြစ်သလို၊ နိုင်ငံတော်နဲ့ပတ်သက်တာတွေ ကိုရေးမယ်ဆိုရင်လည်း အပြစ်ဖြစ်စေနိုင်ပါတယ်။ စာရေးတာကြာလာတာနဲ့အမျှ အရေးအသားတွေလည်း တိုးတက်လာသင့်ပါတယ်။ ဒါမှလည်း ကိုယ့်အတွက် အကျိုးရှိစေသလို စာဖတ်သူတွေအတွက်လည်း အကျိုးရှိ မှာဖြစ်ပါတယ်။ ဘယ်သူမှလာမဖတ်လို့ဘူးလို့ထင်ပြီး ရေးချင်ရာလျောက်ရေးခဲ့လို့ တစ်ချိန်ချိန်ကိုယ့်စာဖတ်မိသူ မရှိဘူးလို့ မပြောနိုင်ဘူး။
ရေးရလွန်းလို့ ရေးရမှာ အားတောင်နာလာတယ်။ မရေးရင်လည်း မဖြစ်တော့ ရေးနေမိတယ်။ စာသမားများ အတွက်က ဆောင်ရှောင် ရှောင်ရန်တွေရှိပေမယ့် စာရေးဆရာမဟုတ် ဘာမဟုတ် ကျွန်တော်တို့အတွက်တော့ စည်းဘောင်လွတ်နေသလိုဖြစ်နေတယ်။ စာဆိုတာက သတင်းတွေမျှဝေဖို့အတွက်၊ အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် စိတ်ဓာတ်ရေးရာ အမူအကျင့် စတာတွေ ကောင်းမွန်လာစေဖို့အတွက် ဦးနှောက်ရဲ့ ဖျော်ဖြေမှုတစ်ခုဖြစ်ပါတယ်။ ထိုင်းမှိုင်းနေတဲ့စိတ်၊ အားငယ်နေတဲ့စိတ်၊ စိတ်ဓာတ်ကျနေတဲ့စိတ်တွေကို စာလေး တစ်ကြောင်း တစ်ပိုဒ်လောက်ဖတ်မိတာနဲ့ ချက်ချင်းလန်းဆန်း တက်ကြွ အောင်မြင်လိုစိတ်တွေဖြစ်စေပါတယ်။ စိတ်ရဲ့အာဟာရဖြစ်သလို ဦးနှောက်ကိုလန်းဆန်းစေတဲ့ အပန်းဖြေနည်းတစ်မျိုးလို့လည်း ထင်ပါတယ်။ ရယ်စရာ စာလေးတွေကို ဖတ်မိရင် ရယ်လိုက်လို့ ပေါ့ပါးသွားတတ်တယ်မဟုတ်လား။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက် က စိတ်ဓာတ်တက်ကြွလန်းဆန်းစေတဲ့အတွေးအခေါ်စာတွေကို ဖတ်မိခဲ့ရင် စိတ်ဓာတ်တွေ ပြန်လည်တက်ကြွ လန်းဆန်းလာတတ်ပါတယ်။ စာနဲ့ပတ်သက်လို့ ကောင်းကျိုးတွေအများကြီးပဲရှိပါတယ်။ စာတွေကို တန်ဖိုးထား မယ်ဆိုရင် စာတွေကလည်း တန်ဖိုးထားမယ်လို့ယုံကြည်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ရဲ့ စာရေးသားခြင်း နဲ့ စာစရေးတုန်းအချိန်က စာရေးသားတာနဲ့ တူတယ် မတူဘူး တိုးတက်တယ် မတိုးတက်ဘူးဆိုတာ ကိုယ်တိုင် သိနိုင်မှာဖြစ် လို့ ကိုယ်တိုင် ဆန်းစစ်ကြည့်နိုင်ပါတယ်။ နောင်တစ်ချိန် Steemi Platform ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက သုံးစွဲတဲ့ Platform တစ်ခု မဖြစ်ဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ရေးတဲ့စာတွေကို နောင် မျိုးဆက်သစ်လူငယ်တွေက မဖတ်မိဘူးလို့လည်း မဆိုနိုင်ဘူး။ ဖတ်များဖတ်ခဲ့မိရင် ဆိုတာလေးကို တွေးပြီးတော့ တစ်ခါ တစ်ခါမှာ စာရေးဖို့တောင် လက်တွန့်မိပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community
30-Oct-2018 အင်္ဂါနေ့(Tuesday)
စာရေးဖို့ လက်မတွန့်ပါနဲ့ဂျာ
ရေးဖို့ကလက်မတွန့်ပါဘူး ကိုယ်ရေးထားတဲ့စာကို ဖတ်ရဲအောင်ကြိုးစားနေရတာပါ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks.
အရင်ကထက် အနဲငယ် မဆိုသလောက် တက်လာပါကြောင်း စာရေးတာက ဝါသနာပါလို့ပါ ကိုယ့်စာကို မဂ္ဂဇင်းတိုင်ပို့ရင် အရွေးမခံရမာ သေချာ..steemit မှာရေးတော့ ဖတ်ချင်ချင် မဖတ်ချင်ချင် ဖတ်ကြ မန့်ကြမလား.. ကိုယ့်ကိုကိုယ်တော့ အားရတယ်မရှိ.. ပီး ပတ်ဆံလဲ လိုချင်တာကိုးလို့နော့😁😁ဖတ်ပေးတာ ကျေးဇူးပါလို့
Posted using Partiko Android
ငါပြောမယ့်စကား ပိတ်ပြောသွားတယ် ကျေးဇူးတင်ပါတယ်လို့
လက်တွန့်အောင် အတော်လုပ်တဲ့ လူကြီး
တရားနာပရိတ်သတ်ကတော့ ဒုံးရင်း😁
ဒုံမရင်းကြတော့ပါဘူးလေ အတော်ကြီးကို တိုးတက်နေပါပြီ
မတွန့် ပါနဲ့ ဗျာ ဦးစိုးတို့ ပဲ ပုံမှန်ရေးသူ ရှိတာ
ရေးနိုင်ဖို့အတော်အားယူနေရတယ် ကိုစောရေ
ဝါသနာ ပါလို့ စာရေးတယ်ဗျာ
Steem and sbd ရချင်လို့ ပို့စ် တင်တယ်ဗျာ
😁😁😁
Posted using Partiko Android
အဲဒါအမှန်ပဲ စာရေးဆရာဖြစ်တော့မလားပဲ ☺
စာရေးနေတာရည်ရွယ်ချက်နဲ့ဗျာ့ အနော်က
နောက်ပိုင်းကျရင် တကိုယ်တော်မဂ္ဂဇင်းထုပ်မလို့ အဟီးးး
ကောင်းတယ်ချချ နောက်တစ်ပုဒ်လာအားပေးအုံး
မှန်ပါတယ် သတိထားပြီး ကြိုးစားရမှာပေါ့။
ကြိုးစားနေတာတော့မပြောပါနဲ့တော့ အချိန်ပြည့်နီးပါးခေါင်းထဲရောက်နေတာဗျို့
ဟုတ်တယ် ကျမလဲ တချို့အကြောင်းလေးတွေရေးချင်တာတောင် နောင်တချိန်ဖတ်မိရင်ဆိုတဲ့အတွေးကြောင့် လက်တွန့်နေရတာ များကြီးပဲ
ရေးဖို့လက်မတွန့်ပေမယ့် ပြန်ဖတ်ဖို့လိပ်ပြာသန့်ချင်ပါတယ်
မှန်ပါတယ် ကိုစိုးရေ ဖြစ်သလိုရေး ဖြစ်သလိုမတင်သင့်ပါဘူး ဒါပေမဲ့ steemကနေ စာရေးတဲ့အကျင့်လေးတွေ ဖြစ်လာတာကြောင့် ဖြစ်သလိုလို့ စိတ်မကူးပေမဲ့ အရေးအသားလေးတွေက ညံ့နေဆဲပါ
ကိုယ်တိုင်ပြန်ဖတ်ပြီးပြင်ဆင်မယ်ဆိုကောင်းလာမှာပါဗျာ