အသိတစ်ခု တန်ဖိုး

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အခြားသူတွေက တိုက်တိုက်တွန်းနဲ့ စာတွေရေးနေကြတော့ တိုက်တွန်းဖို့စာတွေ မရေးတင်တော့ပါဘူး။ မကြာခဏလည်း ဟိုလူက တိုက်တွန်းလိုက် ဒီလူက တိုက်တွန်းလိုက်နဲ့ဆိုတော့ ခရီးတွင်မတွင်တော့ မသေချာဘူး။ တွန်းလွန်းလို့ ချောက်ထဲများ ကျကုန်ကြပြီလားမသိပါဘူး။ အဲလိုလည်းမဟုတ်လောက်ပါ။ ချောက်ထဲတော့မကျလောက်ပါဘူး။ နတ်ပြည်တက်ကုန်ကြသလားပဲ။ ဘာပဲပြောပြော ဒီနေ့တော့ တွန်းအားတွေမရေးပဲနဲ့ အသိဥာဏ်နဲ့ပတ်သက်တာကိုရေးချင်တယ်။ အသိဆိုတာ မရှိရင် လူ့လောကကြီး ဖြစ်ချင်သလိုဖြစ်နေကြလိမ့်မယ်ထင်ပါတယ်။ အခုတောင် အသိရှိတယ်ဆိုတဲ့ လူတွေရဲ့ လုပ်ကိုင်ပုံတွေကို ကြည့်ရင်းနဲ့ အသိရှိတယ်ဆိုတာ ဟုတ်မှဟုတ်ပါရဲ့လားလို့တောင် တွေးနေမိတတ်တယ်။ အသိရှိပါတယ် ဆိုတဲ့လူတွေကဘဲ အသိမရှိတဲ့အလုပ်တွေလုပ်နေကြလို့ပါပဲ။ ကမ္ဘာပေါ်မှာ လူတွေအများစု သေဆုံး ပျက်စီး နေကြရတာ လူတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုကြည့်ရင် လူတွေအသိရှိတယ်ဆိုတာ သူတို့အတွက်ပဲ အသိရှိ နေကြတာလို့ပဲ ထင်တော့တယ်ဗျာ။ ထားပါတော့။ နောက်များမှ လူအသိဥာဏ်တွေအကြောင်းကို ထပ်ရေး တော့မယ်ဗျို့။ မသိမှုဆိုတာက အမိုက်မှောင် နဲ့တူပြီးတော့ သိမှုဆိုတာကတော့ အလင်းရောင်နဲ့ တူတယ် လို့ဆိုကြပါတယ်။ မသိရင် အမှောင်ထဲမှာနေရတာနဲ့တူနေကြပါလိမ့်မယ်။ ဒီတော့ သိအောင်လုပ်ကြတယ်။ သိလာတော့ ပိုပြီးတော့ သိချင်လာကြတယ်။ ရပ်သင့်တဲ့နေရာမှာလည်း မရပ်ချင်ကြတော့ဘူး။ ဒါက ဘယ်အသိ ပဲဖြစ်ဖြစ် ပိုပိုသိချင်လာတတ်တယ်လို့ထင်ပါတယ်။ ဥစ္စာပစ္စည်းတွေလိုပဲ။ ဘယ်လောက်ရှိရှိ ပြည့်စုံတယ်လို့ကို မရှိနိုင်ကြတာ လူတွေရဲ့ လောဘလို့ပြောရမှာပါပဲ။ မကောင်းတဲ့လောဘတော့မဖြစ်သေးဘူးပေါ့။ ပညာလိုချင်လွန်းအားကြီးရင်လည်း အမှားဖြစ်တတ်ပါသေးတယ်။


02.png


မသိမှု ဆိုတဲ့ အမှောင်တိုက်ကြောင့် လူအများစုဟာ သံသရာထဲမှာ တလယ်လယ်ဖြစ်နေကြတယ်လို့ ဆိုရမှာပါ ပဲ။ သံသရာပါလာတော့ တရားစကားတွေ ပြောနေသလိုဖြစ်နေမယ်ထင်တယ်။ တကယ်တော့ သံသရာဆိုတာ နေရာတိုင်းမှာဖြစ်တည်နေတာပါ။ တစ်ချို့ တစ်ချို့သော အကြောင်းတွေကိုတော့ မသိလေ ကောင်းလေပဲလို့ ထင်ပါတယ်။ သိသင့်တယ် အကျိုးရှိတယ်ဆိုတဲ့အရာတွေကိုတော့ မသိသိအောင်ကြိုးစားလုပ်ဆောင်သင့် တယ်။ မသိသင့်တာကို ဇွတ်အတင်းသိချင်ရင် ကိုယ်လည်းအကျိုးမရှိဖြစ်တတ်တဲ့အပြင် အကျိုးမဲ့ကိုတောင် ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ တိုးတက် ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ လူလာဖြစ်ကြရတော့ မသိလိုက်ရရင်ကို ခေတ်နောက်ကျသလိုဖြစ် နေတယ်။ လူ့လောကအကျိုး၊ မိမိအကျိုး တစ်ခုခု ရစေနိုင်မယ့် အသိ တစ်ခုကို ပိုင်ဆိုင်မယ်ဆိုရင် ဘယ်နေရာကနေပဲဖြစ်ဖြစ် လေ့လာသင့် သင်ယူသင့်တယ်လို့လည်း ထင်ပါတယ်။ အသိတစ်ခု၊ ပညာတစ်ခု ကိုရရှိဖို့အတွက်ကတော့ အချိန်၊ ငွေတွေကို ဇွဲ လုံ့လ ၀ီရိယတွေ အရင်းတည်ပြီးတော့ မဆုတ်မနစ်ကြိုးစားမှသာ ရရှိနိုင်တတ်တာတွေ ရှိသလို ဘာမှ မကြိုးစားလိုက်ရပဲနဲ့ ရလိုက်တဲ့ အသိတွေလည်း ရှိနိုင်ပါတယ်။ ဒါကတော့ လူနည်းစုပဲဖြစ်နိုင်မယ်ထင်ပါတယ်။ အများအားဖြင့်တော့ အချိန်၊ ငွေ တစ်ခုခုတော့ ရင်းနှီးပြီး ကြိုးစားရယူကြရ တဲ့သူတွေကသာ အများစုဖြစ်ပါလိမ့်မယ်။ အခြားအရာတွေကိုမကြည့်ပဲနဲ့ ကျွန်တော်တို့စာရေးနေတဲ့ Steemit မှာတင် မြင်တွေ့နိုင်ပါတယ်။ အချိန်ကုန်ခံနေ၊ ငွေကုန်ခံနေကြတဲ့သူတွေက လူနည်းစုပဲဖြစ်ပါလိမ့်မယ်။ အချိန်ကုန်မခံ၊ ငွေကုန်မခံတဲ့သူတွေကတော့ စွန့်ပစ်ထားကြပါတယ်။ ဘ၀ခရီးလမ်းတွေမှာလည်း ဒီလိုပါပဲ။ မလျှောက်ရင်တော့ မရောက်နိုင်တော့ဘူး။ နည်းနည်းချင်းပဲလျှောက်နေရင် မြန်မြန် မရောက်ပေမယ့်လည်း တစ်ချိန်ချိန်တော့ ရောက်မှာပဲ။ တစ်စက်တစ်စက်နဲ့ ကျတဲ့ရေတွေဟာ စဥ့်အိုးကြီးတွေကိုတောင် အလွယ်တကူပြည့်စေတယ်ဆိုတဲ့ထုံးကို နှလုံးမူပြီး လျှောက်ကြရမှာပါပဲ။


03.png


မနေ့ကတော့ စိတ်ကူးပေါက်တဲ့ မြန်မာ့မြေပေါ်က နွယ်မြက်သစ်ပင်အနည်းငယ်ရဲ့ အဖိုးတန်မှုတွေကို ရေးတင်ခဲ့ပါတယ်။ ရေးသာရေးတင်တာပါ။ ကျွန်တော်တို့နိုင်ငံမှာ နည်းပညာ နဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာတွေမှာ အတော်ကို လိုအပ်နေသေးတော့ သူများတွေကိုပဲ အားကိုးနေကြရဦးမယ်ထင်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဖတ်ဖူးခဲ့တဲ့ စာလေးတွေထဲက အသိတစ်ခုရပြီး သူဌေးအဖြစ်ကို ရောက်ရှိသွားခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်အကြောင်းကို ထည့်ရေးလိုပါတယ်။ “မသိသူ ကျော်သွား သိသူ ဖော်စား” ဆိုသလိုအဖြစ်အပျက်တစ်ခု အမှန်တကယ်ရှိခဲ့တယ်ဆိုတာကို သက်သေပြချင်လို့ လည်းဖြစ်ပါတယ်။ နေ့စဉ်တွေ့နေကျ မြင်နေကျဖြစ်နေတဲ့အရာတွေအပေါ်မှာ အများစုက စိတ်ဝင်စားမှု အင်မတန်နည်းပါးတတ်ကြပါတယ်။ အမှတ်တမဲ့ ကျော်သွားနေကြပါတယ်။ အဖိုးတန်တွေကို ပစ်ပယ်ထားသလို ပါပဲ။ အရာရာအပေါ်မှာ အမှုမဲ့ အမှတ်မဲ့ နေတတ်သူ နဲ့ အမှုမဲ့ အမှတ်မဲ့ မနေတတ်သူတွေက ဒီနေရာမှာ အတော်ကြီးကို ကွာခြားသွားပါတယ်။ သူ့နာမည်ကိုတော့ ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲမှာ ရှာမတွေ့ပါဘူး။ ဂျပန် တပ်ရင်းမှူးကြီးတစ်ဦးဖြစ်ကြောင်းကိုသာ သိရပါတယ်။ ဂျပန်တပ်တွေက အိန္ဒိယကိုတိုက်ခိုက်ဖို့အတွက် မြန်မာ နိုင်ငံကို ဖြတ် အိန္ဒိယ နယ်စပ်အထိချီတက်ကြရပါတယ်။ နယ်စပ်ရောက်တဲ့အချိန်မှာ သူ့ရဲ့ ဂျပန်စစ်သားများ ဟာ ခရီးပန်းတဲ့အတွက် အိပ်ငိုက်တဲ့သူက အိပ်ငိုက်၊ ကိုယ်လက်တွေနုံးချိပြီး ဆက်လက်ခရီးမထွက်ချင်သူတွေ ကများနေပေမယ့် စစ်သားလေးတစ်ဦးကတော့ လန်းဆန်းတက်ကြွနေတာကို မြင်ရတော့ ဂျပန်တပ်ရင်းမှူးကြီး အံ့သြပြီး စစ်သားလေးကို ခေါ်မေးပါတယ်။ အခုလိုဘာကြောင့်များ မပင်မပန်းရှိနေတာလဲ ဆိုတာကို တပ်ရင်းမှူးကြီးက မေးတော့ ထမင်းစားတိုင်း “ကြက်သွန်ဖြူ” ကို ထည့်စားကြောင်း စစ်သားလေးပြန်ပါ တယ်။ ဒီအသိတစ်ခုကို ဂျပန်တပ်ရင်းမှူးကြီးက မေ့ပျောက်မပစ်ပဲ “ကြက်သွန်ဖြူ” အကြောင်းကို ပိုမိုပြည့်စုံအောင် ထပ်မံလေ့လာပါတယ်။ စစ်ပြီးလို့ ဂျပန်ကို ပြန်ရောက်တဲ့အခါ လူသားအားလုံးကို အကျိုးပြုစေ နိုင်တဲ့ အားဆေးတစ်မျိုးကို ဖော်စပ်ရောင်းချပြီး သူဌေးတစ်ဦးဖြစ်သွားခဲ့ပါတယ်။ အဲဒီဆေးရဲ့နာမည်ကတော့ အလီနာမင် အက်(ဖ်)(ALINAMIN_F) ပဲဖြစ်ပါတယ်။ ဒါက တကယ့်အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ပုံပြင် တစ်ပုဒ် မဟုတ်ခဲ့ပါဘူး။ ယနေ့ခေတ်ကာလမှာတော့ Side Effect တွေရှိတယ်လို့ ကြေညာနေတာတွေလည်း တွေ့လာရပါတယ်။ ကြက်သွန်ဖြူနဲ့ ထုတ်လုပ်ထားတဲ့ ဆေးပစ္စည်း၊ အစားအသောက်တွေကတော့ပေါများလှပါတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။


04.png


ဖတ်ဖူးခဲ့တဲ့စာမှာကတာ့ ကြက်သွန်ဖြူကနေ ဆက်လက်လေ့လာမှုကနေ အလီနာမင် အက်(ဖ်) ဖြစ်လာကြောင်း ဖတ်ရပါတယ်။ ဖတ်ဖူးတာကို ပြန်ရေးခြင်းသာဖြစ်ပါတယ်။ အဓိကရေးလိုတာကတော့ အခါအခွင့်သင့်လို့ ရလာခဲ့ အသိတစ်ခုကို တန်ဖိုးရှိရှိ၊ အကျိုးရှိရှိ အသုံးချသွားတဲ့ ဂျပန်လူမျိုး တပ်ရင်းမှူးကြီးလို စိတ်ဓာတ်မျိုး၊ အမှတ်တမဲ့ မနေတတ်တဲ့ စိတ်ဓာတ်မျိုး ကျွန်တော်တို့မှာ ရှိသင့်ကြောင်းကို ဖော်ပြလိုတာပါပဲ။ အမှုမဲ့ အမှတ်မဲ့နေခဲ့တဲ့ အချိန်ကာလများစွာ ရှိနေခဲ့တယ်ဆိုရင် အဲဒီ အမှုမဲ့ အမှတ်မဲ့ နေတတ်တွေကို ဒီနေ့ကစပြီး ဖျောက်ဖျောက်ပစ်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အမှုမဲ့ အမှတ်မဲ့နေခဲ့တာပါပဲ။ ဒါပေမယ့်လည်း အခုတော့ ဖျောက်ဖျက်နိုင်အောင် ကြိုးစားနေပါတယ်။ ကြက်သွန်ဖြူနဲ့ ပတ်သက်ပြီး ဖော်စပ်ကြတဲ့ဆေးတွေကလည်း အများအပြားရှိပါတယ်။ မြန်မာပြည်မှာလည်း ကြက်သွန်ဖြူဆိုတာ အလွယ်တကူ ရနိုင်နေတဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲဖြစ်ပါတယ်။ ဆက်လက်လေ့လာနိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းနိုင်မှာပါ။ နီးစပ်သူတွေ အနေနဲ့ လေ့လာသင့်တယ်လို့လည်း ထင်ပါတယ်။ အမှုမဲ့ အမှတ်မဲ့နေခဲ့ကြတဲ့အတွက် ရွှေအိမ်စံဘ၀ကနေ ခုဆိုရင် ကျွန်တော်တို့ ရွှေမြန်မာတွေဟာ သုံးစားမရတဲ့ အဖြစ်ကို ရောက်နေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ ကိုယ်နဲ့သက်ဆိုင်ရာ လုပ်ငန်းခွင်မှာပိုပြီးတော့ အမှုမဲ့ အမှတ်မဲ့ မနေသင့်ပါဘူး။ မြစ်ပြင်တစ်ကြော လှေလှော်၊ သင်္ဘောမောင်းနေသူဖြစ်မယ်ဆိုရင် ရေအတက် အကျ၊ ရေစီး၊ ရေ၀ဲဂယက်များအကြောင်းကို သေသေချာချာနားလည်ထားသင့်ပါတယ်။ ကြက်သွန်ဖြူဆိုတာကို ကျွန်တော်တို့ နေ့စဉ်စားသုံးနေကြရမယ်ထင်ပါတယ်။ ဒါပေမယ့် ဂျပန်တပ်ရင်းမှူးကြီးလိုတော့ မတွေးခဲ့ရိုး အမှန်ပါပဲ။ အမှုမဲ့ အမှတ်မဲ့ နေတတ်သူတွေ ကျော်သွားတဲ့အရာတွေကို အမှုမဲ့ အမှတ်မဲ့ မနေပဲ ဖော်စားကြခြင်းဖြင့် မီလျှံနာ ဘီလျှံနာတွေ ဖြစ်နိုင်ပါလိမ့်မယ်။ အားပေးစကားလေးပြောကြည့်တာပါ ☺။ ဒီလိုပဲ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေကြရတဲ့ အပင်တွေ၊ အသီးအနှံတွေ၊ ကုန်ပစ္စည်းတွေကို ကြည့်တဲ့အခါ အမှတ်တမဲ့ မကြည့်ပဲနဲ့ “ဒီထက်ပိုကောင်းအောင် ရွှေမြန်မာတွေ အကျိုးရှိအောင် ဘာလုပ်လို့ ရသေးသလဲ?” ဆိုတဲ့အတွေးမျိုးလေးတွေကို တွေးကြည့်နိုင်မယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီလို့ ရေးရင်းနဲ့ ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

14-Nov-2018 ဗုဒ္ဓဟူးနေ့(Wednesday)

Sort:  

ဥစိုရော ဘာတွေ ထုတ်မလဲ ဘီလျံနာကတော့ ကော်ဖီထုတ်နေပြီ

Posted using Partiko Android

ထုတ်စရာရှိပါဘူးလေ သူများထုတ်ထားတဲ့ကုန်ပစ္စည်းပဲရောင်းနေရတာကိုး စုပေါင်းပြိး MSC စိုက်ပျိုးရေခြံဆို အလုပ်ဖြစ်လောက်တယ် ☺

လုပ်ချင်တာ နောက်ဆံငင်မနေရရင်ပေါ့ 😁

နောက်ကဆံပင်ဆွဲထားတာ ဘယ်နှာ လုပ်ရမလဲကိုစောရ ☺

ဂတုံး တုံးပစ်ဗျာ

မတတ်နိုင်ဘူးလေဗျာ 😁

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရလိုက်​တဲ့အသိတစ်​ခုကိုအကျိုးရှိစွာအသုံးချလိုက်​နိုင်​တာ​လေးစားစရာပါ...အတုယူရမှာပါ...

Posted using Partiko Android

အမှန်ပါပဲ အသိတစ်ခုကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လာမယ်လို့ ထင်ပါတယ်ဗျာ

အသိတခုဆိုတာကလဲ ဖြတ်​ခနဲသိ ဖြတ်​ခနဲလုပ်​လိုက်​ရမှ
နောက်​မှဆိုရင်​ မလုပ်​ဖြစ်​​တော့ဘူး

သေချာတယ် သေချာတယ် ဒီအကြောင်းစာရေုးမယ်ဆိုပြီးစဉ်းစားလာတာ အိမ်လည်းရောက်ရော ဘာမှန်းမသိတော့တာတွေ အများကြီးပဲ ☺

တွန်းတာ ရှေ့မရောက်ဘဲ ဘေးထွက်ကုန်လား မသိ

Posted using Partiko Android

ခေါက်တွန့်ပီး ဘေးထွက်ကုန်တာနေမယ် ☺

အသိတစ်ချက်ဘဲ လိုတယ် ဘစိုးရေ

Posted using Partiko Android

အသိလေးတစ်ချက်ဝင်ရင် ငရဲပြည်ကတောင်ပြန်လာနိုင်သေးတာပဲနော့ ☺

နံထောင်းနေအောင် စားပစ်ဦးမယ် ခ်ခ် ။

နံပေမယ့် စားနေကြတာပဲဟ

မယ်ကြည်တော့ တရွေ့ရွေ့နဲ့ပဲ😞ရှေ့ဆက်မည်🙌🙌

Posted using Partiko Android

အိမ်ထဲတင် ပတ်ရွှေ့နေတာလား

ကြက်​သွန်​ဖြူက ဘာ ​ကောင်းတယ်​ဆိုလား 😁😁 ​ဆေး ​ပြောတာ

Posted using Partiko Android

ကြက်သွန်ဖြူပဲ မြင်နေတယ်လား ☺

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65353.52
ETH 2654.64
USDT 1.00
SBD 2.84