ကျွန်​​တော်​ကစာအုပ်​ သူမက ​ရေးခြစ်​သူ

in #myanmar7 years ago

ပုံမှန် နိုးနေကျ အချိန်ရောက်သည်နှင့် အာရုံတံခါးများ ပွင့်ဟကာ ပြင်ပမှ ဝင်လာသော အတိုက်ဓာတ်များကို စတင်လက်ခံလေပြီ။ အသံသမားမို့ အသံကိုအရင်ဆုံး အာရုံစိုက်မိသည်လားမပြောတတ်. . . . အိမ်အပြင်ဖက်မှ ''တီတီတာတာ ကျီကျီကျာကျာ'' မြည်သံပြုနေသော ငှက်ကလေးများ၏ မနက်ခင်း တေးသံသာကို အရင်ဆုံး ခံစားမိသည်။ထို့နောက် ပြုနေကျအတိုင်း . . . အိမ်အပြင်ဖက်သို့ အာရုံစိုက်မှုမှသည် မိမိ၏ ဘေးနားသို့ အာရုံစူးစိုက်လိုက်သောအခါ. . . . . .

ဝင်လေ ထွက်လေတိုးတိုးလျလျလေးသည် ဖြည်းညှင်းစွာ အကြားအာရုံကိုရိုက်ခတ်လာ၏။

မျက်လုံးမဖွင့်ပဲ အားရပါးရပြုံးလိုက်မိသည်။ ကျနော့်ရဲ့ အလင်းနတ်သမီးလေး အိပ်စက်နေတုန်းပဲရှိသေးမည်။ ထကြည့်စရာမလိုအောင် သူ(မ)အိပ်နေမည့် ပုံသဏ္ဍန်ကို အလိုလို စိတ်၌ထင်မြင်လာ၏။ ဘယ်လောက်ချစ်ဖို့ကောင်းပါသနည်း။ မျက်စိမဖွင့်ပဲ သူမ၏ပုံရိပ်ကို ထင်မြင်လာအောင် ပြုရသည်ကိုက ကျနော့်အတွက် မနက်ခင်း၏ ပျော်စရာ အကောင်းဆုံးအချိန်များ၌ ပထမဦးဆုံး ရရှိသည့် ''ရသ''. . . . . .

ထထိုင်ကာ အလင်းနတ်သမီးလေးကို ငဲ့ကြည့်လိုက်သည်။ ကျေနပ်စွာ ပြုံးလိုက်မိပြီလေ. . . .
အာရုံထဲက ပုံရိပ်ထက် ပိုမိုချစ်စရာကောင်းနေသော သူမ၏ ပုံသဏ္ဍန်လေး. . . . . .
အခန်းတွင်း၌ အနည်းငယ် မှောင်မိုက်နေမှုကြောင့် သေချာတော့ မထင်ရှား . . . .
လုံလောက်ပါသည်. . . . .ဒါကပင် ကျနော့် အတွက် ရသမြောက်နေပြီလေ. . . .

အိပ်ပုတ်လေးကို နှိုးဖို့ လုပ်ရပေအုံးမည်။

''ပထမ အဆင့်''

ပြတင်းတံခါးကို ဖွင့်လိုက်သည်။ နေနု ရောင်ခြည်လေးများ ဖြာဆင်းကာ အိပ်နေသော အလင်းနတ်သမီးလေးထံ မနက်ခင်းအတွက် အခစား ဝင်လာကြ၏။ တောင်ပေါ်လေ လတ်လတ်ဆတ်ဆတ် လေးကလဲ သူ၏ အရှင်သခင်မထံ သူ(မ)အလွန်ကြိုက်သည့် သနပ်ခါးပန်း ရနံ့လေးများ သယ်ဆောင် ဆက်သလေပြီ။ လှည့်ကြည့်လိုက်တော့
''အမယ်'' နှုတ်ခမ်းလေးတစ်ချက်တွန့်ရုံ ပြုံးသွားသဗျ. . . .

''ဒုတိယ အဆင့်''

နိုးပြီဖြစ်သော်လည်း မလှုပ်မယှက် ဆက်လက်အိပ်ချင်ယောင် ဆောင်နေသော ကျနော့် မိဖုရား မလေး. . . . .
အနားကိုတိုး ပူးကပ်၍ လှဲလျောင်းကာ သူ(မ)၏ ကြည်လင်သန့်စင်သော ပါးပြင်လေးကို လက်ဖဝါးလေးဖြင့် ဖွဖွလေးပွတ်သပ်နေလိုက်သည်။ အပြုံးနုရောင်လေးနဲ့ နှုတ်ခမ်းက ထောင့်ချိုးလေးများ ကွေးကာ သူမ၏ ကြည်နူးမှုကို လှစ်ဟပြလေပြီ။

''တတိယ အဆင့်''

ပါးပြင်လေးကို လက်ဖဝါးဖြင့် ပွတ်သပ်နေရင်းကပင် ကျနော့်ရဲ့ နှုတ်ခမ်းကို သူ(မ)၏ နဖူးထက်သို့ ထိကပ်ကာ ရင်ထဲက နှလုံးသားဖြင့် နမ်းလိုက်၏။
''ဖြတ်ခနဲ'' မျက်လုံးလေးများ ပွင့်ကာ ရှက်စနိုးလေးနဲ့
ကျနော့်ကို ကြည့်နေ၏။

ကလေးလေး နိုးပြီ. . . . . . . .

''မောင့် ချမ်းတယ် ပြန်အိပ်ရအောင်''

အပျင်းတစ်ကလေးကို ဆွဲပွေ့ယူကာ ထထိုင်စေရင်း

''မိုလ် ပျင်းမနေနဲ့တော့ ထတော့ နောက်ကျရင် တို့ဟူးနွေးကုန်သွားမယ် လိမ်မာတယ်''

ထထိုင်ပီးခါမှ မျက်လုံးကြီးမှိတ် နှုတ်ခမ်းဆူနေသေး၏။မကျေမနပ်လေးဖြင့်

''အိပ်ချင်သေးတဲ့ဟာပဲဟာကို. . . .ဟာပဲဟာကို. . . ဟာပဲဟာကို. . . .''

ပွစိပွစိ ဆူတူတူလေးကို မနေနိုင်စွာ ဖက်နမ်းလိုက်မိသည်။ ပြီးနောက်

''တို့ဟူးနွေးစားပီးရင် စာအုပ်ဆိုင် လိုက်ပို့မယ် ဟုတ်ပီလား ဒီနေ့အားတယ် မိုလ်အေးဆေး စာအုပ်ထိုင်ရွေးတာ စောင့်ပေးမယ်''

စာအုပ်ကို အဝတ်အစား၊အလှအပ ပစ္စည်းတွေထက် ခုံမင်သော သူ(မ)အတွက် ဒီစကားက တော်တော် ထိရောက်သည်။ ချက်ချင်းပင် ''ဟေး''ခနဲ အပျော်သံလေးဖြင့် ကြည်လင်သွားပေပြီ။

''ထမယ် ထမယ် မြန်မြန်လုပ် မြန်မြန်လုပ် သွားမယ် စာအုပ်သွားဝယ်မယ်''

ရေချိုးခန်းသို့ မျက်နှာသစ်ရန်ဦးဆောင်ကာ ခေါ်ငင်သူက ''မိုလ်'' ဖြစ်သွားလေပြီ။ ထိုမျှပင် စာအုပ်ကို ''မိုလ်''ကြိုက်သည်။

မျက်နှာသစ်ပြင်ဆင်ပြီးနောက် ဆိုင်ကယ်ဖြင့် ကျနော့်တို့ထွက်လာကြပြီ. . . . .
အနောက်ကနေ ခါးကိုဖက် သူ(မ)ကြိုက်သည့်
''Moana'' ကာတွန်းကားသီချင်းလေးကို ဆိုရင်းဖြင့် ကြည်နူးစွာလိုက်ပါလာသော ကျနော့်မိဖုရားလေး. . . .
မည်မျှပင် ကလေးဆန် ချစ်ဖို့ကောင်းပါသနည်း။ အချစ်ကြောင့်ဖြစ်ပေါ်လာသော ကြည်နူးပြုံးလေးဖြင့် ဆိုင်ကယ်ကိုမောင်းရင်း. . . . . .ကျနော်တို့၏ အချစ်ရပ်ဝန်း အိမ်ငယ်လေးဆီမှသည် . . . . . . . . .ဈေးဆီသို့. . . . . . . . . . .

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

သာယာကြည်နူးနေကြပုံများ
ပြောချင်ဘူးဗျာ။
ရေးတက်ပါ့ကိုတာ Good Good👍👍

နည်းနည်းပါးပါး ​ရေးတာပါဗျာ

နုချက်က တော့
လိုက်လို့ကို မမီဘူး ရယ်

ကိုဒွန်းကိုမှီပါဘူးဗျာ

ကဗျာ ဆန်လိုက်တာဗျာ ရေးတာလေးတွေ ကအနုစိတ်နိုင်ပြီး စာဖတ်သူကို ရင်ထဲမှ ကြည်နူးအောင် စွဲဆောင်သွားတယ်။ တကယ်ကို အရေးအသား တော်လွန်းတယ်ဗျာ။

ကျေးဇူးပါဗျ

This post has received a 0.63 % upvote from @buildawhale thanks to: @ahtaroo. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

ကောင်းတယ်ဗျာ

ဟုတ်​ကဲ့

Thank you

စကားလုံးတွေက ကဗျာဆန်တယ်ဗျ နုရွတယ်

ကျေးဇူးပါ

အလို away away we set the course to find လား ဆိုင်ကယ်စီရင်းဆိုတော့ ခ်ခ်

😂😂😂😂😂

အလဲ့အလဲ့အလဲ့

😊😊😊😊

ဖတ်ရတာ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရှိလှပါကြောင်း Bro

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68218.35
ETH 2640.14
USDT 1.00
SBD 2.69