ကန္တာရဆူးတစ်​​ချောင်း

in #myanmar7 years ago

လေးဖက်​သွားကတည်းက
၂၃ နှစ်​ပိုင်းတစ်​ပိုင်း တိမ်း​စောင်း
ကမ္ဘာကြီးတဲ့ ဟာမိုနီ မဖြစ်​ခဲ့သူပါ
သား​ချော့​တေး​တွေနဲ့ လွဲခဲ့ရသူ
စ​နေသား ဂြိုလ်​​ကောင်
ပတ်​ဝန်းကျင်​ရဲ့ ​လေးသဲမြှားသံ​တွေ ကြားမှာ
မုဆိုးတစ်​ပိုင်း ဖြစ်​ခဲ့ရ​ပေါ့
ရေ​လောင်း​ပေါင်​သင်​သမျှကလည်း
ဆူးခက်​​တွေသာ ပွားများ
ဖူးပွင့်​​ဝေဆာဖို့ သ​န္ဓေမ​အောင်​ခဲ့​တော့
ကိုယ့်​ကိုယ်​ကိုသာ ခုတ်​လှဲပစ်​လိုက်​ချင်​ရဲ့
မေတ္တာတရားနည်းနည်းသာ မရခဲ့ဖူးရင်
ကျားတစ်​​ကောင်​ ဖြစ်​​နေခဲ့မှာ အ​သေအချာပဲ..
ကန္တာရဝင်္ကပါတစ်​​လျှောက်
ကံကြမ္မာရဲ့ ဖ​နောင့်​ရာ​တွေကလည်း
ကျောနဲ့အပြည့်
ပင်​နယ်​တီရသမျှကလည်း
အကုန်​လွဲ​ချော်​ခဲ့ရလို့
ကိုယ့်​ကိုယ်​ကို အနီကဒ်​ပြထားရ
ညရဲ့ လျှို့ဝှက်​မှု​တွေထဲ
ကြယ်​က​လေး​တွေသာ
ငါ့ရဲ့တိုးတိုး​ဖော်​​ပေါ့
ကြာ​တော့လည်း ဒီကံကြမ္မာဆိုတဲ့ ငနဲကို
ဂစ်​တာတစ်​လက်​နဲ့ ခုခံတတ်​ခဲ့ပြီ
လောကကြီးအ​ကြောင်း
ကဗျာ​တွေ​ရေးတတ်​ခဲ့ပြီ
လူဆိုတာ ​ငွေလုပ်​စက်​မှန်း သိခဲ့ရပြီ
ကျွန်​​တော်​လည်းပဲ ကန္တာရဆူးတစ်​​ချောင်း
ဖြစ်​ခဲ့ရပြီ​လေ.......

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

အဲ့ဒါကြောင့် ဆရာတင်ကပြောတာကိုး
မော်ဒန်အက်မှာတော့ ကိုတာက ဆရာကြီးပဲတဲ့

ငိ ​မြှောက်​ပါနဲ့ဗျာ

fighting Bro

ဟုတ်​ကဲ့ဗျ

ကိုယ့်ကိုကိုယ်တော့ မခုတ်လှဲလိုက်ပါနဲ့

ဘယ့်​သူခုတ်​ရမလဲ😁😁😁

ဒီမှာတောင် ဆူးများ စူးသလား
သွေးစဉ်နီရဲ သွားတယ် ....

သေချသုတ်​လိုက်​ပါ

This post has received a 1.51 % upvote from @boomerang thanks to: @ahtaroo

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

This post has received gratitude of 0.55 % from @appreciator thanks to: @ahtaroo.

တစိမ့်စိမ့်တွေပြီး ကဗျာ လေးကို အဓိပ္ပာယ် ဖော် ကြည့်တာ ဝတ္တု တို တပုဒ် ကို ဖတ်ရ သလို့ ခံစားမိတယ်။

ခံစားတတ်​တဲ့နှလုံးသားရှိလို့ပါညီ

You got a 0.27% upvote from @upme requested by: @ahtaroo.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

အရေးအသားလေးကောင်းပါတယ်။အားပေးပါတယ်။

ကျေးဇူးတင်​ပါတယ်

အရမ်းထိပြန်ပီ ကိုတာ ကြိုက်တယ် ကဗျာက်ုပြောတာပါ

ဟုတ်​ကဲ့ပါဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54518.65
ETH 2301.02
USDT 1.00
SBD 2.33