HIV/ AIDS အ​​မေးအ​​ဖြေ အပိုင်း ၁၉ HIV/ AIDS (Q&A Part-19)

in #myanmar7 years ago

HIV/ AIDS အ​​မေးအ​​ဖြေ အပိုင်း ၁၉ HIV/ AIDS (Q&A Part-19)
image
မေး။ HIV​ရောဂါ ဖြစ်​​တေသူတစ်​​ယောက်​ကို ဂျင်​ဆင်းပါ​သော​ဆေး​တွေနဲ့ ထိန်းပြီး ​ဝေဒနာရှင်​ရဲ့ သက်​တမ်းကို ပိုမိုရှည်​​စေတယ်​ ဆိုတာဟုတ်​ပါသလား။ HIV​ရောဂါ ဖြစ်​သူတစ်​​ယောက်​ဟာ သာမန်​အားဖြင့်​ သက်​တမ်းဘယ်​​လောက်​ ​နေနိုင်​ပါသလဲ။
image

ဖြေ။ ဂျင်​ဆင်းလို့​ခေါ်တဲ့ သူ​ယောင်​ပင်​ရဲ့ အမြစ်​ဟာ အားကိုတိုး​စေပြီး၊ ​ဆေးဖက်​ဝင်​တယ်​လို့ တရုတ်​တိုင်းရင်း​ဆေးပညာက ယူဆပါတယ်​။ သူရဲ့အာနိသင်​က စိတ်​ငြိမ်​အိပ်​​ပျော်​​စေပြီး၊ ဗဟိုအာရုံ​ကြောစနစ်​ကို နှိုးဆွ​ပေးတယ်​လို့ဆိုပါတယ်​။ ဂျင်​ဆင်းကို အဓိကအသုံးပြုတာက​တော့ ဖျားနာပြီးစ နလန်​ထမြန်​​အောင်​နဲ့ အဆုတ်​သန့်​ရှင်း​အောင်​ လုပ်​ဖို့ဖြစ်​တယ်​လို့ တရုတ်​​ဆေးကျမ်း​တွေက ဆိုပါတယ်​။ ​ရှေးနှစ်​​ပေါင်းများစွာထဲက ​ပေါ်​ပေါက်​လညတဲ့ တရုတ်​တိုင်းရင်း​ဆေးပညာကို အခု​ခေတ်​မှာ ကျယ်​ကျယ်​ပြန့်ပြန့် လက်​ခံသုံးစွဲလာ​နေကြတာ ​တွေ့ရပါတယ်​။ ​ရောဂါဘယ​တွေ အမျိုးမျိုးအတွက်​ အမြဲအဓိကထားအားကိုးကြတဲ့ ​ခေတ်​​ပေါ် အ​နောက်​တိုင်း​ဆေးပညာက တချို့​ရောဂါ​တွေကို သူတိ့မကုနိုင်​​တော့ပါဘူးလို့ လက်​​မြှောက်​လိုက်​ရင်​ (ဥပမာ ကင်​ဆာ​ရောဂါ၊ AIDS​ရောဂါ) လူ​တွေဟာ အခြား​ဆေးပညာ​တွေ၊ တိုင်းရင်း​ဆေး​တွေကို ​ပျောက်​လို​ပျောက်​ငြား၊ ​ကောင်းလို​ကောင်းငြား အားကိုးတကြီးဖမ်းဆွဲလာကြတာ သဘာဝကျပါတယ်​။
image
ပရ​ဆေး၊ အစဉ်​အလာသုံးတဲ့​ဆေး၊ ​ရှေးရိုးမိရိုဖလာ​ဆေး​တွေမှာရှိတတ်​တဲ့ အားနည်းချက်​တစ်​ခုက ခိုင်​လုံတဲ့ သက်​​သေပြချက်​ မလုံ​လောက်​တာဖြစ်​ပါတယ်​။ ​ဆေးဝါးတစ်​ခုကို လူ​တွေအ​ပေါ်မှာ ​ကောင်းကျိုးအာနိသင်​ အမှန်​တကယ်​ရှိ​ကြောင်း၊ အန္တရာယ်​မရှိဘဲ အသုံးချနိုင်​​ကြောင်း လူ​ပေါင်းများစွာမှာ အကြိမ်​ကြိမ်​အဆင့်​ဆင့်​ စမ်းသပ်​ကြည့်​ပြီး၊ ​ဆေး​ပေးသူနဲ့ ​ဆေးမ​ပေးသူ​တွေကို ယှဉ်​ကြည့်​ပြီး တကယ့်​အာနိသင်​ ရှိမရှိသုံးသပ်​ရပါတယ်​။ ဘယ်​သူ ဘယ်​လိုပဲ လာစစ်​​ဆေးမှတ်​​ကျောက်​တင်​ကြည့်​ကြည့်​၊ အာနိသင်​ရှိ​ကြောင့း အ​သေအချာပြနိုင်​မှ အန္တရာယ်​နည်းပါးစွာနဲ့ အသုံးပြုနိုင်​​ကြောင်း သက်​​သေပြနိုင်​မှသာ ကမ္ဘာသုံး​ဆေးအဖြစ်​ သုံးစွဲသတ်​မှတ်​ကြပါတယ်​။ ဂျင်​ဆင်းအပါအဝင်​ တခြားပရ​ဆေး​တွေဟာ ​သောက်​သုံးသူကို အသက်​ရှည်​​စေတယ်​လို့၊ ကိုယ်​ခံအားတက်​​စေတယ်​လို့ သက်​​သေခိုင်​ခိုင်​လုံလုံပြထားတာ မရှိပါဘူး။ လူ​တွေဟာ မ​သေ​ဆေးကို လိုချင်​လို့ရှာ​ဖွေကြ​ပေမယ့်​ အသက်​ရှည်​​ဆေးရယ်​လို့​တောင်​ ​တွေ့ရှိမလာခဲ့​သေးပါဘူး။
image
HIVပိုးကို နှိပ်​ကွပ်​ထိန်းချုပ်​နိုင်​တဲ့ အာနိသင်​မရှိတဲ့​ဆေးတစ်​မျိုးကို ​သောက်​သုံးသွားရုံနဲ့ HIVပိုးရှိ​နေသူတစ်​ဦးရဲ့ သက်​တမ်းကို ပိုရှည်​​အောင်​ဆွဲနိုင်​မယ်​ဆိုတာ မဟုတ်​ပါဘူး။ ဂျင်​ဆင်းကို မူလတရုတ်​​ဆေးကျမ်း​တွေမှာ ဒီသ​ဘောသုံးခဲ့၊ ပြဠာန်းခဲ့တာမျိုးလဲ မဟုတ်​ပါဘူး။ ခု​ခေတ်​မှာမှ အတင်းဆက်​စပ်​ လာကြတာပါ။ အခုအခါမှာ HIVကူးစက်​ခံထားရတာကို အမြစ်​ပြတ်​မရှင်းနိုင်​​ပေမယ့်​ HIVပိုး​တွေ ပွားများထကြွမလာ​အောင်​ ထိန်းသိမ်းထားနိုင်​တဲ့ ART​ဆေးဝါး​တွေ​ပေါ်လာပြီး၊ အခမဲ့​ပေးလာလို့ လူ​တွေ​တော်​​တော်​များများ ​ဆေးရလာကြပါပြီ။ လူတစ်​​ယောက်​မှာ HIVပိုးကူးစက်​ခံထားရရင်​ ခန္ဓာကိုယ်​ထဲက ခုခံအားကလာပ်​စည်း CD4​တွေကို HIVပိုး​တွေက ဖျက်​ဆီးပစ်​၊ ဒီ​တော့ ခုခံအားကျသွားပြီး ပြင်​ပက​ရောဂါပိုး​တွေဝင်​လာ၊ ကိုယ်​ထဲမှာရှိတဲ့ပိုး​တွေက ထကြွ​သောင်းကျန်းပြီး၊ ခန္ဓာကိုယ်​တစ်​ခုလုံးကို ​ရောဂါမျိုးစုံဖြစ်​​စေပြီး ​နောက်​ဆုံးအသက်​ပါ ထိခိုက်​ရတာပါ။ ဒီ​တော့ HIVပိုးကူးစက်​ခံထားသူတစ်​​ယောက်​ကို ART​ဆေးပြည့်​ပြည့်​စုံစုံ ထိထိ​ရောက်​​ရောက်​ မပြတ်​တမ်း​ပေးထာရင်​ HIVပိုး​တွေကို ART​ဆေးက နှိပ်​ကွပ်​ထား​တော့ ခန္ဓာကိုယ်​ထဲမှာ HIVပိုး​တွေမ​တွေ့ရသ​လောက်​နည်းသွားပြီး၊ HIVကဖျက်​ဆီးပစ်​တဲ့ CD4​တွေလည်း မပျက်​စီး​တော့ဘဲ၊ ခုခံအားပြန်​တက်​လာလို့ တခြား​ရောဂါ​တွေ ဝငိမလာ၊ ထကြွမလာ​တော့ဘဲ အသက်​ရှည်​လာမှဖြစ်​ပါတယ်​။ တိတိကျကျ​ပြောရရင်​ ARV ​ဆေးစနစ်​တကျ​ပေးတာကသာ HIVပိုးကူးစက်​ခံထားသူအတွက်​ အနာနဲ့​ဆေး တည့်​တည့်​တိုးပါတယ်​။

တခြားကုထုံး​တွေက အနာတခြား၊ ​ဆေးတခြားဖြစ်​​နေမှာပါပဲ။ AIDS​ရောဂါအတွက်​ ARTမဟုတ်​တဲ့​ဆေး​တွေ၊ ဂျင်​ဆင်းအပါအဝင်​ တခြား​ဆေး​တွေကို သုံးမယ်​ဆိုရင်​ သတိထားဖို့က.....
၁။ ဒီ​ဆေး​တွေရဲ့ဒဏ်​​ကြောင့်​ အသက်​အန္တရာယ်​ရှိတာမျိုး၊ မချိမဆန့်​ခံရတာမျိုး မဖြစ်​​စေသင့်​ဘူး။
၂။ ​ရောဂါ​ပျောက်​ဖို့မဆိုထားနဲ်​ ​ခေတ္တထိန်းထားဖို့​တောင်​ မ​သေချာတဲ့ ​ဆေး​တွေကို စည်းစိမ်​ပြုတ်​ဝယ်​ယူ ​သောက်​သုံးတာမျိုး မဖြစ်​သင့်​ပါဘူး။
၃။ တကယ့်​အနာနဲ့​ဆေး တည့်​တည့်​ကျတဲ်​ ART​ဆေး​တွေကို တစ်​နည်းနည်းနဲ့ အ​နှောက်​အယှက်​​ပေးပြီး ARTအာနိသင်​​လျော့သွား​စေမယ့်​​ဆေးဝါးမျိုး (ပရ​ဆေးဖြစ်​ဖြစ်​၊ အ​နောက်​တိုင်း​ဆေးဖြစ်​ဖြစ်​) လုံးဝမ​သောက်​သုံးသင့်​ပါဘူး။
၎။ တကယ်​လို့ ​ဆေးတစ်​မျိုးဟာ (ပရ​ဆေးပဲဖြစ်​ဖြစ်​၊ အ​နောက်​တိုင်း​ဆေးဖြစ်​ဖြစ်) ခုခံအားစနစ်​ကို တကယ်​တိုးမြှင်​နိုင်​တယ်​၊ ​ပြောင်းလဲ​စေနိုင်​တယ်​ဆိုရင်​​တောင်​ ခုခံအားစနစ်​ရဲ့ ကလာပ်​စည်းအုပ်​စုနှစ်​မျိုးအနက်​ HIVခို​အောင်း​နေတဲ့ ကလာပ်​စည်း​တွေကို တိုပွား​အောင်​လုပ်​မိရင်​ HIVပိုး​တွေ ပိုမိုပွားများလာပြီး ခုခံအားမြန်​မြန်​ပြုတ်​ကျသွားမှာပါ။ ဒါ​ကြောင့်​လည်း ခုခံအားကိုတိုးမြင့်​​စေပါတယ်​ဆိုတဲ့ ​ဆေး​တွေကို HIVပိုးကူးစက်​ခံထားသူအတွက်​ သုံးလို့မရတာပါ။ HIVခို​အောင်းမ​နေတဲ့ ခုခံအားကလာပ်​စည်း​တွေကိုသာ ​ရွေးထုတ်​ပွားများ​စေနိုင်​တဲ့ ​ဆေးမျိုးဘယ်​မှာမှ လုံးဝမ​ပေါ်​သေးပါဘူး။
image
ဒီ​တော့ ပိုက်​ဆံအကုန်​ခံပြီး ​ဆေးကုတာချင်းအတူတူ၊ ဘယ်​လို​ဆေးမျိုးမှာမဆိုရှိတတ်​တဲ့ ​ဘေးထွက်​အာနိသင်​ကို နည်းနည်းပါးပါး သည်းခံပြီး ​သောက်​ရမှာအတူတူဆိုရင်​၊ အနာနဲ့​ဆေးနဲ့ ကွက်​တိတိုးတဲ့ ART​ဆေး​တွေကိုသာ ​သေ​သေချာချာ ပြင်​ဆင်​ဆုံးဖြတ်​ပြီး စနစ်​တကျ မ​မေ့မ​လျော့ တစ်​သက်​လုံး​သောက်​သွားခြင်းအားဖြင့်​သာ HIVပိုးကူးစက်​ခံထားရသူ​တွေ သက်​ရှည်​​နေနိုင်​ကြမှာဖြစ်​ပါတယ်​။ HIVပိုးကူးစက်​ခံထားရသူ တစ်​​ယောက်​ဟာ တစ်​ကမ္ဘာလုံးပျမ်းမျှအားဖြင့်​ စတင်​ကူးစက်​ချိန်​ကစလို့ ၆နှစ်​ခွဲ​လောက်​ကြာရင်​ AIDS​ဝေဒနာအဆင့်​ကို ​ရောက်​တတ်​ပါတယ်​။ ART​ဆေး​တွေမ​ပေးဘဲထားရင်​​တော့ ၆လက​နေ ၂နှစ်​သက်​တမ်း​လောက်​ ထပ်​​နေရတာများပါတယ်​။ ART​ဆေးကိုစနစ်​တကျ၊ ​သေ​သေချာချာ မပြတ်​မလပ်​ ​သောက်​သုံးသွားနိုင်​မယ်​ဆိုရင်​​တော့ AIDSဖြစ်​​နေတဲ်​ အဆင့်​က​တောင်​ နာလန်​ပြန်​ထူပြီး ခုခံအားတက်​လာလို့ အ​ကောင်းပကတိနီးပါး အသက်​ရှင်​၊ အသက်​ရှည်​​နေနိုင်​ကြပါတယ်​လို့ ​ဖြေကြားလိုက်​ပါတယ်​။

Myanmar_burma_flag_waving_animation.gif
@ahtaroo
MSC-004
Photo Credit; google image

Sort:  

upvoted.
good post

Thank you

This post has received a 15.2 % upvote from @boomerang thanks to: @ahtaroo

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

ဗဟုသုတ ရပါတယ်

ဗဟုသုတ

hivနဲ့ပတ်သတ်ရင်ကိုဦးpostလေးတွေကိုဖတ်မှတ်ပါကအကျိုးများစွာရှိပါတယ်ဗျာ

ကျေးဇူးပါ

ဟုတ်ကဲ့

Thank you for knowledge

☺☺☺☺☺

Thanks for sharing bro...

ဟုတ်​ကဲ့ဗ

Thank you for sharing

ဟုတ်​ကဲ့ဗျ

အပိုင်းရှည်ရေးသားနိုင်သူတယောက်ပါ

😁😁😁😁😁😁 ​နောက်​ပါနဲ့​အေ

hiv သွားစစ်ဦးမှလား မသိပါဘူး မတော်တဆ ကိုယ်ထဲ ရောက်နေမှဖြင့် ခ်ခ် ကူးစက်စေနိုင်တဲ့ အလုပ်ဆိုလို့ တော့ ဓါးရှ ကတ်ကြီးရှလောက် ဖြစ်ဖူးတယ် ရှိနေရင် ကိုအတာဆီလာမယ် သွေးသွင်းပေးမယ် အိပ်ပျော်နေတုန်း ထိုးသွင်းပေးခဲ့ပြီး ပြေးမယ်

စောင်​က​လေး အကျင့်​ကိုက ကွီးစိုးအတိုင်းပဲ😂😂😂😂

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.029
BTC 57087.02
ETH 3064.71
USDT 1.00
SBD 2.19