The things you can give forever!! (@aggamun)
ကျွန်တော် ရေးစရာ များ စဉ်းစား၍ မရသောအခါ သို့မဟုတ် မစဉ်းစားနိုင်သော အခါ facebook ပေါ် တက်၍ စာများ လိုက်ဖတ်ရင်း အတွေးများပေါ်အောင် ကြိုးစား စဉ်းစားလေ့ ရှိသည်။
စာရေးသည့် အလုပ် တစ်နည်းအားဖြင့် မိမိဆိုလို ချင်သော အကြောင်းအရာ တစ်ခုကို တစ်ပါးသူ နားလည်ရန် အလို့ငှာ ရေးသား ဖော်ပြရသည့် အလုပ် မှာ ငယ်စဉ် ကတည်းက စကားနည်းလှသော ကျွန်တော် အဖို့ အင်မတန် ခက်ခဲလှပေသည်။
စာရေးရသည်မှာ ခက်ခဲလှ သော တခြား အကြောင်းအရင်း လည်း ရှိသေးသည်။
ကျွန်တော်သည် ငယ်ငယ် က ဖွဲ့နွဲ့ သီကုံး ရသည့် အလုပ်ကို အင်မတန် ပျင်းပေသည်။
ပြောစရာ ရှိလျှင် တစ်ခွန်းတည်း အကုန်ပါအောင် ပြောသည်။
ရေးစရာ ရှိလျှင် စာတစ်ကြောင်းတည်း အကုန်ပါအောင် ရေးသည်။ ( steemit post တစ်ခုမှာပင် စာကြောင်းရှည်ကြီး တစ်ကြောင်း ရေးမိသေးသည်။ )
လုပ်စရာ ရှိလျှင် တစ်ထိုင်တည်း အပြတ် လုပ်ပစ်သည်။
ထို့ကြောင့် ငယ်စဉ်အခါ ကျောင်းသား ဘဝက စာစီစာကုံးကို အလွန်ကြောက်သည်။
ထက်မြက်ထူးချွန် ဖြေရ၍ နှစ်သက်ရာ တစ်ဘာသာ ရွေးဆိုလျှင် မြန်မာစာ သည် ဦးစားပေး နောက်ဆုံး အဆင့်။
စာစီစာကုံး ကျက်ရမှာကိုလည်း သေမလောက် ကြောက်သည်။
ဆယ်တန်းဖြေပြီးသည် အထိ စာစီစာကုံး own tune သည် သုံးမျက်နှာ မပြည့်ခဲ့ပါ။
မိမိကိုယ်တိုင် စာစီစာကုံး တစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် မရေးသား နိုင်ရုံမျှမက သူတစ်ပါး ရေးထားသည်ကို လည်း လုံးဝ မကျက်မှတ်ချင်ပေ။
ထိုသို့သော ဆန်မရှိ အစားကြီးနေသည့်လူ သည် steemit တွင် quality post တွေ တင်ရမည် ဆိုသော အခါ မည်ရွေ့ မည်မျှ ပူဆွေးသောက ရောက်နေမည်ကို တွေးကြည့်ကြပါကုန်။
သို့သော်လည်း steemit ပေါ်တွင် အခြားသူများက post များ အစုနဲ့ အဝေး ဒုနဲ့ဒေး အပြိုင်အဆိုင် တင်နေကြတာကို များ တွေ့ရသောအခါ အားတင်း၍ ရေးရပြန်ပေသည်။
ယခုလည်း အတွေးစ လေး တစ်စ ရရန် အလို့ငှာ facebook တစ်ခွင် ပြဲပြဲစင်အောင် မွှေနှောက်ရှာဖွေ ရလေသည်။
ထိုအခါ ဆင်းရဲခြင်း၊ ချမ်းသာခြင်း နှင့် ပတ်သတ်သော post လေးတစ်ခု ကို ဖတ်မိလေတော့သည်။
ကျွန်တော်တို့ ချမ်းသာချင်ကြသည်။ ကြွယ်ဝ ချင်သည်။ ပြည့်စုံ ကုံလုံ ချင်ကြသည်။
ထို အခါတွင် ချမ်းသာစေသော အကြောင်း အရင်းကို လုပ်ဆောင်မှသာ ချမ်းသာလာပေမည် ဖြစ်သည်။
ချမ်းသာ လာစေသော အကြောင်းအရာ များစွာ ရှိပါသည်။
ထို post လေးသည် ချမ်းသာစေသော အချက်များ အနက်မှ မည်သူမဆို လုပ်ဆောင်နိုင်သော လုပ်ဆောင်သင့်သော အချက်များကို ထောက်ပြထားပေသည်။
၎င်း ၏ အဓိက ဆိုလိုရင်းမှာ မူ ချမ်းသာချင်လျှင် ကိုယ်က အရင် ပေးနိုင်တာတွေ ပေးဖို့ ပင်ဖြစ်သည်။
မပေးတတ်၍သာ ဆင်းရဲနေကြခြင်း ဖြစ်သည်ဟု စာပိုဒ်လေးက ထောက်ပြထားလေသည်။
ကျွန်တော် သည်လည်း ပြည့်စုံသူ မဟုတ်သဖြင့် ဆင်းရဲသည်ဟု ဆိုနိုင်ပေသည်။
ဆင်းရဲပါသည် ဆိုမှ အရင်ပေးရမည် ဟုဆိုသောအခါ ကျွန်တော် သည် ထို post ကို အဆုံးအထိ မဖတ်ခင်မှာပင် တော်တော်လေး စိတ်ဝင်စားမိသည်။
ဘာတွေများ ပေးရမလဲ ဟူ၍လည်း ကျွဲမြီးတို မိချေသည်။
သို့သော် အဆုံးထိ ဖတ်ကြည့်မိသော အခါ၌မူ အလွန် သဘောကျနှစ်ခြိုက်မိသည်။
ထို စာပိုဒ်လေးတွင် ဖော်ပြထားသော အရာများမှာ အမှန်တကယ်ပင် ကျွန်တော်တို့ ပေးနိုင်သော အရာများဖြစ်နေသည်။
ပေးလည်းပေးဖူးသည့် အရာများပင် ဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရပေသည်။
ကျွန်တော်တို့ အမေ့လွန်နေ၍ သာ သတိမထားမိခြင်း ဖြစ်သည်။
ကျွန်တော်၏ မိတ်ဆွေ အပေါင်းအသင်း ညီအစ်ကို မောင်နှမ များ လည်း ဖတ်ရှုရန် အလို့ငှာ ဖော်ပြပေးပါသည်။
ဖတ်ရှုဖူးသူများလည်း နှစ်ထပ်ရှိတော့ ပိုမှတ်မိ ဆိုသလို ထပ်မံ၍ သာ ဖတ် မှတ်မိ နိုင်ကြစေရန်လည်း ရည်ရွယ်မိပေသည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ နည်းလမ်းလေးသည် မည်သည့် အခါမှ မရိုးနိုင်သော ထာဝရ အကျိုးများစေနိုင်သော အစွမ်း သတ္တိများဖြင့် ထုံမွန်းနေသောကြောင့် ဖြစ်ပေတော့သည်။
ထို post လေးတွင် အောက်ပါအတိုင်း ရေးသားထားလေသည်။
သင့်မှာ သူများကို ပေးလို့ မကုန် နိုင်တာတွေ အများကြီး ရှိပါတယ်။
- မျက်နှာ - အမြဲတမ်းသင့်မျက်နှာကို ပြုံးထားပါ။ ပျော်အောင်နေပါ။ မျက်နှာကို ရွှင်ပျ နေပါစေ။
- ပါးစပ် - သင့်ရဲ့ နှုတ်က ချိုချိုသာသာ ပြောပါ။ အခြားသူများကို အားပေး စကား ပြောတတ်အောင် ကြိုးစားပါ။ အားနည်းသူကို နှစ်သိမ့် စကားဆိုပါ။
- မျက်လုံး - အခြားသူများကို ကြင်နာစွာ ကရုဏာ ရှေ့ထားပြီး မာန်မာန တွေမပါဘဲ ကြည့်ရှုပါ။
- ခန္ဓာကိုယ် - သင့်ရှေ့မှာ ရှိနေသူ အားလုံးကို လက်တွေ့ ကျကျ အကူအညီ ပေးနိုင်ပါတယ်။
- စိတ်နှလုံး - ရိုးသားပါ။ အမှန်တရားကို မြတ်နိုးပါ။ တစ်ပါးသူကို ဖြူစင်သော စိတ်ထားဖြင့် ဆက်ဆံပါ။
ကျွန်တော် သည်စာလေးကို ဖတ်ပြီး တွေးမိသည်မှာ '' အော် ငါတို့ လုပ်ဖူးတဲ့ အရာတွေပါလား။ လုပ်နိုင်တဲ့ အရာတွေပါပဲလား၊ သတိမထားမိလို့သာပါလား၊ '' လို့ပေါ့ဗျာ။
ခေါင်းစဉ်လေးလည်း ကြည့်ပါဦးဗျာ ……
သူတစ်ပါးအား ပေး၍ မကုန်သော အရာများ
တဲ့လေ။
အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ ………
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
#myanmar
#msu
Sometime giving is donation.
That's right.
right
nice post bro
စာမရေးတတ်ပေလို့ပဲနော်
ကျွန်တော်ကျတော့ ပိုစ်အဟောင်းတွေပြန်လှန်တော့တာပဲ။ တွေ့ရင် ကိုယ့်ပိုစ်ဆိုတော့ only me ပြန်လုပ်လိုက်တယ်။ အာ့ဆို ချိတာ့ကောင်လည်း ဘာမှတတ်နိုင်တော့ပုလေ ။ အရင်က စာအရမ်းရေးခဲ့တော့ ပိုစ်တွေက ပေါတယ်။ ခုနောက်ပိုင်း အလုပ်တွေနဲက ခေါင်းက ဘာစာမှမထွက်။ စာမထွက်ရင်လည်း ဖျစ်ညှစ်ရေးတတ်တဲ့အကျင့်ကမရှိဆိုတော့နည်းနည်းတော့ ကသိကအောက်ဖြစ်တယ်။ ။ နောက်တစ်ခုက ရေးသာရေးနေတယ် မက်လောက်တဲ့ ၀င်ငွေမရှိတော့ သိပ်တွးန်အားမပါဘူး ဟီးဟီး
ဟုတ်တယ်ဗျ ဝင်ငွေက အားကိုးလို့မရတော့ လေ မရ ရအောင် ရေးချင်စိတ် မပေါ်တော့ဘူး ဒါပေမဲ့ ကျနော်က အခုမှ အစ ဆိုတော့ စာသွေးတယ် သဘောထားရေးရတာပေါ့
ဘဒိုတို့ကတော့ ရေးကျင့်ရှိထားတော့ တကယ်တမ်း ရေးပီဟေ့ ဆိုရင် ထွက်လာမှာပါဗျ
ရေးအားက ပျင်းတယ်မပျင်းဘူးဆိုတာရယ် အရင်က စာအနည်းငယ်ဖတ်ထား၇င်တော့အဆင်ပြေပါတယ်။ တွေးအားများဖို့ပိုလိုတာဗျ။ တွေးအားကောင်းလာရင် အတွေးအားလုံးက ချရေးလို့တောင်မနိုင်တော့။ ဘာလေးမြင်မြင်ကိုတွေးလုံးတွေက ထွက်နေတာ :D
ဟုတ်လိုက်လေဗျာ 👍
ဘာရေးရေး လေးစားအားပေးလျက်ပါဘဒို💪
အပြန်အလှန် ပါပဲ ဘဒိုရေ 👍 အားပေးလျက် လေးစားလျက်
ဟုတ်ကဲ့ပါ
ညီလေးကို အကြံတစ်ခုတော့ ပေးချင်ပါတယ်။ အကျန် မဟုတ်ဖူးနော်။
Facebook မှာ စာဖတ်မဲ့အစား steemit ပိုစ့်တွေကို ဖတ်ပါညီ။ ပြီးတော့အစ်ကို ဒီနေ့ရေးထားတဲ့ ပိုစ့်ပုံစံမျိုးရေးလို့ရမယ်။
သူတို့က အင်္ဂလိပ်လိုရေးပေမဲ့ ညီက မြန်မာလိုရေးပေါ့။
https://steemit.com/asapers/@asapers/extra-extra-read-me-a-s-a-p-issue-100-by-asapers
အပေါ်ကလင့်ခ်မှာ feature လုပ်ထားတဲ့ပုံစံလေး သဘောကျတယ်။ ဒါမှမဟုတ် အစ်ကို့ payitforward ပုံစံ ရေးလေ။ သူကတော့ သူရတဲ့ဝင်ငွေရဲ့ 30% ကို သူ ရွေးထားတဲ့သူတွေကိုပြန်ပေးမယ် ပြောတယ်။ တစ်ရက်ကို ပိုစ့်သုံးခုရွေးတယ်။ တစ်ယောက်ကို ၁၀% ဆီရမယ်ပေါ့။
ဟုတ် အစ်ကိုကြီး ကျနော် ကြိုးစားကြည့်ပါမယ် မသိရင်တော့ မေးမယ်နော် ကျနော်က အမေးအမြန်း အရမ်းထူတယ်ဗျ
အခုလို အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတဲ့ အစ်ကိုကြီး အောင်မြင်ပါစေ ခင်ဗျ
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
ပေး၍ မကုန် လှူ၍ မခန်းပါပဲလေ။