You are viewing a single comment's thread from:

RE: The things you can give forever!! (@aggamun)

in #myanmar6 years ago

သင့်မှာ သူများကို ပေးလို့ မကုန် နိုင်တာတွေ အများကြီး ရှိပါတယ်။
မျက်နှာ - အမြဲတမ်းသင့်မျက်နှာကို ပြုံးထားပါ။ ပျော်အောင်နေပါ။ မျက်နှာကို ရွှင်ပျ နေပါစေ။
ပါးစပ် - သင့်ရဲ့ နှုတ်က ချိုချိုသာသာ ပြောပါ။ အခြားသူများကို အားပေး စကား ပြောတတ်အောင် ကြိုးစားပါ။ အားနည်းသူကို နှစ်သိမ့် စကားဆိုပါ။
မျက်လုံး - အခြားသူများကို ကြင်နာစွာ ကရုဏာ ရှေ့ထားပြီး မာန်မာန တွေမပါဘဲ ကြည့်ရှုပါ။
ခန္ဓာကိုယ် - သင့်ရှေ့မှာ ရှိနေသူ အားလုံးကို လက်တွေ့ ကျကျ အကူအညီ ပေးနိုင်ပါတယ်။
စိတ်နှလုံး - ရိုးသားပါ။ အမှန်တရားကို မြတ်နိုးပါ။ တစ်ပါးသူကို ဖြူစင်သော စိတ်ထားဖြင့် ဆက်ဆံပါ။

ပေး၍ မကုန် လှူ၍ မခန်းပါပဲလေ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63122.79
ETH 3119.97
USDT 1.00
SBD 3.86