You are viewing a single comment's thread from:

RE: အဘိုးပြောသောပုံပြင်များ ( အပိုင်း- ၂ ) ( Henry Aung )

in #myanmar7 years ago

ခါ ဂါ ငါ ဒါ ပါ ဝါ မောက်ချနဲ့သာ ရေးရမှာ တို့ရဲ့ မြန်မာစာ

ဆိုပေမဲ့ အချို့စာလုံးတွေ ဆိုရင်တော့ ဝိုက်ချသာ သုံးရပါ့မယ်
ဥပမာ - အဓိပ္ပာယ်၊ အလို့ငှာ၊ သပ္ပာယ်၊ သခွားသီး၊ ပွားများ

ထို့ကြောင့် အခြားစကားလုံးများကို မောက်ချသုံးရေးလျှင် ရေးထုံး မမှန်ပါ။

ဆရာလုပ်သလို ဖြစ်သွားရင် so sorry ပါ အစ်ကိုကြီးက စာဖတ်အားများတော့ post တစ်ခု ရေးပြီးတိုင်း တစ်ခေါက်လောက် ပြန်ဖတ်လိုက်ရင် တွေ့လောက်တဲ့ အမှားလေးတွေ ပါတတ်တယ် ဥပမာ ရတာနာ၊ သစ်မွေး၊ သူပြစ် ကိုယ်ပြစ်
ပြန် ပြန် စစ်ပေးရင် ပိုပြည့်စုံသွားတာပေါ့ဗျာ
ကျေးဇူးတင်ပါတယ်

Sort:  

ကျေးဇူးအများကြီးတင်ပါတယ်။ အတတ်နိုင်ဆုံး ပြင်လိုက်ပါပြီ။ ကျွန်တော်ကိုယ်တိုင်က မြန်မာသဒ္ဒါ အားနည်း တာလည်း ပါသလို စာလုံးပေါင်း သတ်ပုံ အမှန်မသိတာလည်း ပါ ပါတယ်။ အခုလို ပြင်ပေးတော့ နှောင်မမှား ရအောင် ဂရုစိုက်နိုင်တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ပြင်ပေးတာ လက်ခံတဲ့ အတွက် ကျနော်က ဂုဏ်လည်း ယူ ကျေးဇူးလည်း တင်ပါတယ် အစ်ကိုကြီးရာ
ဘာပဲပြောပြော အစ်ကိုကြီးတို့က steemit မြန်မာ အသိုင်းအဝိုင်းမှာ ကျနော်တို့ အတွက် mentor တွေပါ ကျနော်လည်း comment တို့ reply တို့မှာ ဖြစ်သလိုရေးတတ်ပေမဲ့ post ကိုတော့ အထူး ဂရုပြုရေးပါတယ် မြန်မာစာကို မြတ်နိုးတာလည်း ပါတာပေါ့ဗျာ
ဆက်လက်အားပေးနေပါမည် @aggamun

Coin Marketplace

STEEM 0.10
TRX 0.32
JST 0.032
BTC 115876.20
ETH 4259.76
USDT 1.00
SBD 0.66