My little teachers and me - 2 (@aggamun)steemCreated with Sketch.

in #myanmar6 years ago

( ၁ )

https://steemit.com/myanmar/@aggamun/my-little-teachers-and-me-1-aggamun

( ၂ )

ဒီနေ့ ကလေးတွေနဲ့ အတူ ပုံပြင်တွေ အပြန်အလှန်ပြောဖြစ်ကြတယ်။
သူတို့ ကြားဖူးထားတဲ့ ပုံပြင်လေး တွေ ပြန်ပြော တတ်တဲ့ အလေ့အကျင့် ရအောင်ရယ် လူကြားထဲမှာ မကြောက်မရွံ့နဲ့ စကားကို ထက်ထက်မြက်မြက် ပြောတတ်စေချင်တာရယ် ကြောင့် ကျွန်တော် စာသင်ရက်တွေမှာ ဒီလို အစီအစဉ်လေးတွေ ထည့်ထားပါတယ်။
သူတို့ ပြောအလှည့်မှာတော့ ကလေးတို့ ထုံးစံ အတိုင်း ပုံပြင်တွေက တောရောက်လိုက် တောင်ရောက်လိုက်ပေါ့။
အဓိကက ပြောရဲ ဆိုရဲ ရှိအောင် ဆိုတော့ ဒီလိုပဲ အာရုံစိုက်နားထောင်နေလိုက်တယ်။
သူတို့ပြောတဲ့ ပုံပြင်တွေက ကိုယ် မသိတဲ့ ဟာဆိုတာ မရှိသလောက်ပဲလေ။
ဒါပေမဲ့ နော် သူတို့ ပြောစကားကို ဘယ်သူနားထောင်နေလဲ ဘယ်သူနားထောင် မနေဘူးလဲ သိတယ်ဗျ။
တခြား ကလေးတွေက တောရောက်တောင်ရောက် စကားတွေကို ဘယ်နားထောင်ချင်ကြမလဲ။
မပြောသာလို့သာ ကျွန်တော် အကြိုက်လိုက်ပြီး ငြိမ်နေကြတာ။
အဲဒါကို ပုံပြင်ပြောတဲ့ ကလေးက သိတော့ ကျွန်တော့ကိုပဲ ကြည့်ပြီးပြောနေတော့တာပါပဲ။
ကျွန်တော်က ပုံပြောတဲ့ ကလေးကို စကားပြောရင် အကုန်လုံးကို မျှ ကြည့်ဖို့ ( eye contact ပေါ့ ) နားထောင်ကြတဲ့ ကလေးတွေကိုလည်း စကားပြောသူကို လေးလေးစားစား နားထောင်ကြဖို့ အာပေါက်အောင် ပြောရတော့တာပေါ့ ခင်ဗျာ။
ကျွန်တော် ပုံပြင်ပြောအလှည့်မှာ တော့ ကလေးအားလုံးက စိတ်ဝင်တစား နားစွင့် နေကြပါတယ်။
ကျွန်တော် ပုံပြောကောင်းလို့ မဟုတ်ပါဘူး။
အသစ်အဆန်း ကြားရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
ပုံပြောတာ ဆရာနဲ့ တပည့် သိက်မကွညလှပေမဲ့ ကျွန်တော်က လူကြီးဆိုတော့ ပုံပြင်က ဟိုရောက် ဒီရောက် သိပ်မဖြစ်ဘူးလေ။
ဆိုတော့က ကျွန်တော် သူတို့ ကို ပြောပြလိုက်တဲ့ ပုံပြင်က ဖတ်စာအုပ်ထဲကပါ။
ကလေးက အတန်းအကြီးဆုံး ဆိုလို့ လေးတန်းပဲရှိသေးတော့ ခြောက်တန်း ဖတ်စာက ဟာတွေကို ပြောပလိုက်တာပေါ့။
ဒီကောင်တွေက စာသာ တစ်ခါပြောရင် မမှတ်မိတာ ပုံပြင်ကျတော့ ပြောပြီးသား ပြန်ပြောရင် တယ်မကြိုက်ချင်လှဘူးရယ်။
အဲဒါနဲ့ပဲ ကျွန်တော် ပုစွန်လုံး ပုံပြင် ပြောတာပေါ့။

တောထဲက ရေအိုင်မှာ ငါးတွေ ပုစွန်လုံးတွေရှိကြောင်း၊ နွေရာသီမှာ ရေခန်းလာတော့ ဗျိုင်းက ငါးတွေကို စားဖို့ အကြံနဲ့ ဒီထက်ပိုကောင်းတဲ့ ရေအိုင်ကို အခမဲ့ ပို့ပေးမယ်လို့ ဖြားယောင်း သွေးဆောင် ခဲ့ကြောင်း၊ ပထမအကြိမ်မှာတော့ ငါးတစ်ကောင် ကို ရေအိုင်သစ်ကြီးဆီ တကယ်ပဲ ခေါ်ဆောင်ပြသ ပေးခဲ့ကြောင်း၊ တကယ့်တကယ် ခေါ်ဆောင်တဲ့ အခါမှာတော့ ရေအိုင်သစ်ကြီးနားက သစ်ပင်ခွကြားမှာပဲ ငါးတွေကို စားသောက်ခဲ့ကြောင်း၊ နောက်ဆုံး ပုစွန်လုံး အလှည့်မှာမှ လည်ပင်းဖြတ်ခံရ ကြောင်းကို တတ်သလောက် မှတ်သလောက်ပြောပြရတာပေါ့ဗျာ။

ပုံပြင်လေးက အသစ်အဆန်းလေးဆိုတော့ ကလေးတွေ တော်တော် သဘောကျကြတာပေါ့ဗျာ။
ပုံပြင်ပြီးသွားတော့ ကျွန်တော်က လျှာရှည်ပြီး ဘာသွားပြောမိလည်း ဆိုတော့ ဒီပုံပြင်မှာ ပညာမဲ့ အယုံလွယ်တာ ဘယ်သူတုန်း လို့ ဆိုတော့ ကလေးတွေက ငါးတွေပါ လို့ ပြန်ဖြေတယ်။
အေးအေးဆေးဆေးပဲ။
ပညာရှိတာ ဘယ်သူတုန်းလို့ မေးလိုက်တော့ ပုစွန်လုံးပါတဲ့။
သည်အထိ အိုကေပဲ။
အဲတော့ ကျွန်တော်က ငါ့အကွက်ထဲ ဝင်လာပြီဆိုပြီး အောင်ပွဲရ စစ်သူကြီး လေသံ နဲ့ မေးပလိုက်တယ်။
ကဲ ပညာရှိအောင် ကလေးတို့ ဘာလုပ်ရမလဲ ဆိုတော့ စာသင်ရပါမယ်တဲ့။
အေး အေး လိမ္မာတယ်ဆိုပြီး ကြည်နူးနေလို့ မဆုံးသေးဘူး သကောင့်သား အချင်းချင်း ပြောနေသံ ကြားလိုက်ရတယ်။

ဒီပုစွန်လုံးက ဘယ်လိုလုပ် စာသင်တာလည်း မသိဘူးကွ နော် ဟေ့ရောင် တဲ့လေ


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

အဆုံးသတ်လေးလည်း ကောင်းတယ်။ ပိုကေင်းတာက ကလေးတွေကို အဲ့လို လေ့ကျင့်ပေးတာပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ငယ်ငယ်ကထဲက အဲ့လိုမရှိခဲ့တော့ ကြီးတဲ့အခါ လူရှေ့ထွက်ပြော၇မှာ ကြောက်တယ်။ ယုံကြည်မှု အားနည်းသွားတယ်။
ခရစ်ယာန် တွေကျောင်းမှာ သီချင်းအမြဲဆိုနေတော့ သီချင်းဆိုဖို့အတွက် သူတို့ မြော့က်တော့ဘူး။ အဆိုအမြဲလေ့ကျင့်ပြီးသားဖြစ်နေတယ်။ နိုင်ငံတကာက လာသင်တဲ့ သင်တန်းတွေမှာဆိုရင် လည်း အတူတူ ကစားခိုင်းတာမျိုး စကားထွက်ပြောခိုင်းတာမျိုးတွေလုပ်ပေးတယ်။ NGo ပရော၈ျက်တွေလုပ်တဲ့အခါ လူာကီးတွေကအစ အလုပ်ချိန်ထဲမှာ ကစားရတာ မျိုးရှိတယ်။ အဲ့တော့ စိတ်ဖိစီးမှု လည်း လျော့သလို လုပ်ရဲကိုင်ရှတြာတွေများလာတယ်။ နောက် မလိုအပ်ဘဲ ရှက်အမမ်းအမ်းမဖြစ်ဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာတယ်။

ဟုတ်ကဲ့ ဘဒို ကျနော်လည်း အဲသည်အချက်ကို တွေးမိလို့ လုပ်ပေးလိုက်တာ ဒါပေမဲ့ ကျနော် ကိုယ်တိုင် မလုပ်ဖူးတာကို ပြန်လုပ်ပေးရတော့ အခက်အခဲ တစ်ချို့တော့ ရှိတယ် မှားမှာလည်း စိုးရိမ်တယ်ဗျာ မှားမှာ ဆိုတာ ရည်ရွယ်ချက် လွဲသွားမှာကို ဆိုလိုတာပါ ဟုတ် ကျေးဇူး bro

အေရးအသားကောင်းတယ်Bro

ကျေးကျေး ပါ ဘဒို

thz admin ကြီးရာ အခုမှပဲ ပေါ်လာတော့တယ် 👍

တယ်​​တော်​ ​တော်​တယ်​ ဘဒို👍

မခံယူ ဝံ့ကြောင်းပါ bro

ဆြာ သားကိုဆော်ပြောပေးပါ

အန် ဘာပြောတာတုန်း ဗျ ဆော်ပလော်တီးပေးရမှာလား 😜

အလို ​ကျောင်းဆရာလား...😁

guide ပါခင်ဗျ အနီးအနားက ကလေးမိဘ က သင်ပေးပါဆိုလို့ သိပ်တော့ မသင်တတ်ပါဘူးဗျာ ဒီလိုပါပဲ 😋

ရေးထားတာကောင်းတယ် ဘရို

ဘဒိုကြီး ကျနော်က အမြှောက်ကြိုက်တယ်နော် 😜

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60309.00
ETH 2342.16
USDT 1.00
SBD 2.55