My little teachers and me - 1 (@aggamun)steemCreated with Sketch.

in #myanmar6 years ago

( ၁ )

မူလတန်းကလေး တွေကို စာသင်ရတာ မလွယ်ပါဘူးဗျာ။
တကယ်တော့ ကလေးတွေကို စာသင်တယ်ဆိုတာ သူတို့ကိုသင်ပေးရထက် သူတို့ဆီက ပြန်သင်ယူနေရတာက ပိုများပါတယ်။
ခုခေတ် ကလေးများပို၍ ဉာဏ်ထက်မြက်ကြပါတယ်။
ဒီတော့ သူတို့ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရတာလောက်ပဲရှိပါတယ်။
သိပ်သင်ပြစရာရယ်လို့ မရှိပါဘူး။
သူတို့ ဘာသာသင်ယူ လိုက်ကြတာများပါတယ်။
သင်ယူတာ မမှားအောင်သာ ကျွန်တော်က ထိန်းပေးတာပဲရှိပါတယ်။
ပြီးတော့ ကလေးတွေကို ကြောက်တတ်အောင် ကျွန်တော် မသင်ပါဘူး။
လေးစားတတ်အောင် ပဲ သင်ပေးတာ ဆိုတော့ သူတို့က ကျွန်တော်ကို ကြောက်တယ် ဆိုတာထက် ချစ်တယ်ဆို ရင် ပိုမှန်ပါတယ်။
သူတို့က လေးစားတယ် ဆိုတာကို နားမှ မလည်တော့ ချစ်ပဲ ချစ်တတ်တာပေါ့ဗျာ။
ပြီးတော့ သူတို့ ဘာမေးမေး ကျွန်တော် ဂရုတစိုက် သေသေချာချာ ပြန်ဖြေပေးပါတယ်။
တစ်ခါတစ်ခါ တော့ သူတို့မေးတာတွေက ကပ်သီးကပ်သပ် နိုင်လွန်းတယ်ဗျ ။
တစ်ခါတစ်ခါ ပညာစမ်းတဲ့ မေးခွန်းလေး တွေ မေးတတ်သေး။
ကျွန်တော် က မသိချင်ယောင် ဆောင်ပြီး မသိဘူးကွ လို့ ပြောလိုက်လို့ကတော့ မိန့်မိန့်ကြီးပြုံးပြီး ကျွန်တော်ကို တွယ်တော့တာပါပဲ။
'' ဟားဟား ဆရာကလည်း ဒါလေးတောင် မသိဘူး '' တဲ့လေ။
သူတို့ မေးခွန်းလေးတွေကို ကျွန်တော် မဖြေနိုင်တဲ့ အခါ မဖြေနိုင်ဘူးလို့ ရိုးရိုးသားသား ဝန်ခံလေ့ရှိတာကြောင့် သူတို့ မေးလိုက်လို့ ကျွန်တော် မဖြေနိုင်ရင် သူတို့ တော်တော် ပျော်ကြတယ်လေ။
ဒီအရသာကိုတော့ တော်တော်လည်း ကြိုက်ကြပုံလည်းရတယ်ဗျာ။
ကျွန်တော်ရှေ့မှာ သူတို့ မပြောရဲတာ မရှိပေမဲ့ ကျွန်တော်က '' တော်တော့ကွာ ဒါ ကိုကြီး မကြိုက်ဘူးနော် '' ပြောလိုက်ရင် သူတို့ ဆက်မပြောကြတော့ပါဘူး။
ဒီနေ့တော့ ကျောင်းသားလေးတစ်ယောက် က အားရပါးရ လာပြောတယ်။
သူ့ သူငယ်ချင်းနဲ့ ရန်ဖြစ်တဲ့ ကောင်ကို နောက်ကနေ စောင့်ကန်လိုက်တာ အဲဒီကောင် မသိဘူး ဆိုတဲ့ အကြောင်းကို ပြောပြတာ။
အဲဒါ ကျွန်တော်ကလည်း ကြီးသူတို့ ထုံးစံအတိုင်း အဲဒါ သတ္တိ ရှိတာ မဟုတ်ကြောင်း၊ တကယ်ဆို မတရား လုပ်လျှင် ဆရာမကို သာ တိုင်ပြော သင့်ကြောင်း ဆုံးမ မိတာပေါ့။
အဲဒီတော့ သကောင့်သားက ဘာပြောတယ် ထင်တုန်း။
ဆရာမကို သွားတိုင်တာ ငကြောက်တွေပဲ သွားတိုင်တာ မဟုတ်ဘူးလားတဲ့။
ရုတ်တရက် ဒီကောင်ပြောလိုက်တော့ ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ဘူး။
ဟုတ်တယ်လေ ကျွန်တော်တို့ ငယ်ငယ် ကလည်း ဒီလို ကိုယ်ထူကိုယ်ထ ဥပဒေ ကြမ်းနဲ့ ပဲ နေခဲ့ရတာမလား။
ကလေး ကိုကျတော့မှ ဆရာကြီး စတိုင်အပြည့်နဲ့ ဟိုလိုလုပ် ဒီလိုလုပ် သွားပြောမိတာကိုး။
အဲဒါနဲ့ ကျွန်တော်လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောလိုက်တယ်။
ဆရာမကို သွားတိုင်တာ ငကြောက် မဟုတ်ပါဘူးကွ စည်းကမ်းရှိတဲ့သူပါ သတ္တိ ရှိတဲ့လူကွ ဆရာမကို မတိုင်တဲ့ သူကမှ မတိုင်ရဲတဲ့ ငကြောက် အစစ်တွေလို့ ပြောခဲ့ရတယ်။
သူကတော့ နားလည် မလည်တော့ မသိပါဘူး။
ဒါပေသိ ကျေနပ်သွားပုံတော့ရတယ်။
အဲဒီကောင် ထွက်သွားတော့မှ ပဲ ကျွန်တော် သက်ပြင်းချ နိုင်တော့တယ်။ 😥
ကဲ ကျွန်တော် မပြောလား ကလေး စာသင်ရတာ မလွယ်ပါဘူးလို့။ 😩

အတတ်ပညာနှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ပညာကို ခိုးသူတို့ မယူနိုင်။ ဤလောက၌ အတတ်ပညာသည် အဆွေခင်ပွန်းမည်၏။ တမလွန် ဘဝ၌ လည်း ချမ်းသာကို ဆောင်တတ်၏။

( လောကနီတိ )

There is nothing equal to learning. Thieves cannot steal learning. Learning is a friend and mate in this world. It carries happiness to the next life.

(LAWKANITI)

ref: လောကနီတိ ( တက်တိုး )


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ကျောင်းဆရာဆိုတာ ခုခေတ်ကာလမှာတော့
ရှားပါးရတနာ တန်းဝင်နေပါပြီ

ကျောင်းဆရာ ရယ်လို့တော့ မဟုတ်ပါဘူးဗျာ guide သဘောလောက်ပါ ပဲ 👍
thx နော် bro

သမီးလဲသင်ချင်ပါတယ်

ရတယ်လေ လစာ btc 1000

တားကိုလည်း သင်​​ပေးပါဆှာ😁

ကြိမ်လုံး ကြီးကြီး ယူခဲ့ပါ လခ ကို btc နဲ့ရှင်းရပါ့မယ် 😜

BEနဲ့ ရဘူးလား😁

ဆရာ အောင်သင်းရဲ့ ကံ့ကူလက်လှည့်ကို ဖတ်ကြည့်သင့်ပါတယ

ဟုတ် ဘဒိုကြီးက ပြောမှတော့ ဖတ်မယ်ဗျ 👍

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59538.61
ETH 2658.79
USDT 1.00
SBD 2.45