အိုင်ဖုန်းလိုလူ

in #my6 years ago (edited)

image-0-02-06-2bc17f010e31bee5abe63f6a33c4783e92bf68dbb4d87d4f747164fce900fcb3-V.jpg

လွန်ခဲ့သော(၇)နှစ်လောက်က ယခုလိုအဆင့်မြင့်တယ်လီဖုန်း

တွေ မပေါ်ခင်တုန်းက ပေါ့..အိုင်ဖုန်းတို့လို အက်ပယ်လ်တို့လိုဟန်း
ဆက်လိုမျိုးတွေကို မဝယ်နိုင်ခဲ့ဘူး..သူများတွေကိုင်တာမြင်ခဲ့ရင်
တောင် အထင်ကြီးအားကျစိတ်နဲ့ ကြည့်ပြီးသွားရည်ယိုခဲ့ရတယ်..
ကိုင်ချင်လိုက်တာကလည်း "ထွန့်ထွန့်ကိုလူး"လို့ အိပ်မက်ယောင်တဲ့အထိအောင် ရူးသွပ်ခဲ့ရဖူးတယ်.. မှန်ပြင်ဖုန်းတွေ မကိုင်နိုင်ခင်
တုန်းကတော့ ဖုန်းပြောလို့ ရ ပြီးရော ဆိုပြီး ရသေ့စိတ်ဖြေသဘောမျိုးနဲ့ ကီးပက် ခလုပ်ဖုန်းလေးတွေဝယ်ကိုင်ခဲ့ရတယ်.. အဲဒီနောက်မှာ
တော့ မှန်ပြင်ပွတ်လို့ရတဲ့ ဟာဝေးတို့၊ မီနုတ်တို့၊ဗွီဘိုတို့၊ဆမ်ဆောင်းတို့ဆိုပြီး အဆင့်ဆင့်ပြောင်းလဲဝယ် ကိုင်ခဲ့ရတယ် ပေါ့..အမျိုးမျိုးသောဖုန်းတွေဝယ်ကိုင်ခဲ့စဉ်တုန်းကလည်း အိမ်ကမိန်းမက ဒီလောက်
တန်ဖိုးကြီးတဲ့ ဟန်းဆက်ဖုန်းလေးတွေကိုတစ်လုံးပြီး တစ်လုံးဝယ်ရမလားဆိုပြီးဝယ်တဲ့အခါတိုင်း နှမျောလို့ထင်ပါရဲ့..ထန်းခေါက်
တောင်း ကြွက်ကိုက်သလို "တဂျစ်ဂျစ်နဲ့"
နားငြီးခံခဲ့ရတယ်..မိန်းမနားငြီးတဲ့ကြားထဲကပဲ. မကိုင်နိုင်သေးတဲ့ရွှေကိုယ်တော်အိုင်ဖုန်းလေးကို နေ့တိုင်း အိပ်မက် မက်နေတုန်းပါပဲဗျ..
မှတ်မှတ်ရရ မနှစ် စက်တင်ဘာလတုန်းကပေါ့.. တိုက်တိုက်ဆိုင်ဆိုင် ဖုန်းနဲ့စီးပွါးရေးလုပ်ရတဲ့ငွေကြေးစနစ်ပေါ်ပေါက်လာတယ်. အဲဒီ
လုပ်ငန်းကို မိန်းမနဲ့ကျုပ် သဘောတူရှယ်ယာဝင်ပြီးအလုပ်လုပ်ခဲ့ကြတာပေါ့..ဒီတခါကျုပ်ရဲ့ဂွင်ဝင်လာပြီ..တစ်ည ကျုပ်က " မိန်းမရေ
အခုကိုင်နေတဲ့ ဗွီဘိုဖုန်းက ယောက်ျားတို့အခုလုပ်နေလုပ်နေတဲ့
လုပ်ငန်းနဲ့ သိပ်အဆင်မပြေဘူး.ဖုန်းမကောင်းရင် ဒီဖုန်းနဲ့ဖွင့်ထားတဲ့
ငွေကြေးအကောင့်ပျက်သွားနိုင်တယ်.အကောင့်ပျက်သွားရင်
ယောက်ျားတို့ထည့်ထားတဲ့ရှယ်ယာတွေလည်းဆုံးရှုံးသွားနိုင်တယ်" ဘာညာ"ဆိုပြီး မိန်းမကိုအပီချုပ်ကိုင်ပြောလိုက်တော့ မိန်းမက ကျုပ်ကိုမျက်လုံးပြူးကြည့်ပြီး ကျုပ်လိုချင်တဲ့ရွှေကိုယ်တော်အိုင်ဖုန်းဆိုတာကို ဝယ်ပေါ့. ထည့်ထားတဲ့ရှယ်ယာကလည်းများတော့ ဆုံးရှုံးမှာလည်းကြောက်ရှာသကိုးဗျ..
အဲဒါနဲ့ သူ့ခင်ဗျာ ကျုပ်လိုချင်တဲ့အိုင်ဖုန်းဆစ်အက်စ်ပလက်ကို သူတို့ပညာရေးဌာနငွေစုငွေချေးအသင်းက အတိုးနဲ့ချေးပြီးတော့
ဝယ်ပေးရှာသဗျာ..ဒီအကြောင်းကို ပို့စ်တင်လိုက်တာများသူသိခဲ့ရင် ကျုပ်ရဲ့ဗိုက်ပြင်းကြောအပြတ်ပဲဗျို့..အိုင်ဖုန်းရတဲ့နေကများဆိုရင်မြင်စမ်းစေချင်တယ်. ကျုပ်ကိုယ်တိုင် မက်ခဲ့အိပ်မက်ကလေးအကောင်
ပေါ်ခဲ့တာရယ်.ကိုယ်လိုချင်တဲ့ဖုန်းရခဲ့တာရယ်ကြောင့် အိပ်လို့မရ
အောင်ကိုပျော်ခဲ့ရတယ်ပေါ့ခင်ဗျာ..
တပါတ်လောက်ကြာတော့ ကိုရွှေအိုင်ဖုန်းကဇာတိပြလာတယ်ဗျ.. "ငါ့လောက်တန်းဖိုးကြီးတာ..အရည်းချင်ရှိတာ ဒီကမ္ဘာပ်ါမှာ မရှိ
သေးဘူးဆိုတဲ့အထှာနဲ့.မာနကကြီးသွားသဗျ.. သူမာနကြီးတာလည်းမပြောနဲ့ ကျုပ်တောင် သူ့ကိုမှီပြီးတော့ ဘဝင်ကခပ်မြင့်မြင့်ချင်ရယ်.. "ငါ့လို အိုင်ဖုန်းမျိုးဘယ်သူကိုင်နိုင်ပြီတုန်း..
ဘယ်ဖုန်းနဲ့မှလာပြီးမယှဉ်နဲ့"ဆိုတဲ့အတ္တနဲ့ပေါ့ဗျာ..
အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်ယောက်က ကျုပ်အိုင်ဖုန်းထဲက ဆော့ဝဲလ်.သီးချင်း/ဗွီဒီယို.ဓာတ်ပုံတို့ကိုကူးယူပါစေတဲ့..
ကျုပ်ကလည်း ယူပေါ့ဆိုပြီး သူ့ဇက်ပြာနဲ့ဂျွိုင်းလိုက်တယ်.. ဘယ်လို
မှဂျွိုင်းလို့မရ..ကူးလို့မရတာနဲ့.. ဆိုင်ကိုပြန်ပြောကြည့်တော့ ဆိုင်
ကပြန်ပြောတယ်..အိုင်ဖုန်းအချင်းချင်းမှကူးလို့ရတယ် ..အခြားဖုန်းဆိုရင် ကူးလို့မရဘူး..ဆော်ဝဲလိုချင် အက်ပဲလ်ထဲကနေ ဝယ်ရတာ
တဲ့.ဟား..မှား ပါပြီဗျာ..ဒါကြောင့် အိုင်ဖုန်းကမာနကြီးတယ်. ဘယ်သူနဲ့မှအဆက်အဆံမလုပ်ဘူးလို့ ပြောကြတာ ဒါကြောင့်ကိုး.
အင်း..ဒီအတိုင်းသာဆိုရင် ကျုပ်လည်း သူကြောင့်အထီးကျန်ဆန်ပြီး မိတ်ပျက်ရတော့မယ်ထင်တယ်ဗျာ..
လူ့လောကြီးထဲမှာ စီးပွါးရေးပဲလုပ်လုပ်.လူမှုရေးပဲလုပ်လုပ်
မိတ်ဆွေရှိမှ ပြည့်စုံမယ်မဟုတ်ပါလား.. အိုင်ဖုန်းလိုပုံစံမျိုးဆက်ဆံ
ကြဦးမယ်ဆိုရင်တော့မိတ်ပျက်တတ်တယ်ဆိုတာသတိထားသင့်တာပေါ့နော်..
ကဲ..မိတ်ဆွေတို့လည်း အိုင်ဖုန်းလိုလူ မဖြစ်
ကြပါစေနဲ့ဗျာ...

      အပ္ပမာဒေနသမ္ပာဒေထ
     အဂ္ဂမောင်(ရေကြည်တော်)

image-0-02-06-16c920059bc55afd0861c303b94f2fe51718a8ccd63536eb77f1f7d40c92dce8-V.jpg

image-0-02-06-7c9ec8e98f571feb3a6ae21e1ee2c3b3393cd35d729cb2b49e084c638e6e21a3-V.jpg

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64544.47
ETH 3417.27
USDT 1.00
SBD 2.48