ရင်နာစွာဖြင့်
crypto ဈေးတွေထိုးကျပြီး လူကလည်းမနက်အိပ်ရာနိုးတာနဲ့ ခေါင်းက ကိုက်နေတော့ နေရတာမကြည်သာ။
ပ၇ိုမိုတွေကိုလည်းတင်တရက် မတင်တရက်ဖြစ်နေတာ နည်းနည်းကြာလာပြီ။
ဟိုတုန်းက တစ်ရက်ကို ၃ပိုစ်လောက်တော့ facebook မှာ စာတွေအမြဲရေးဖြစ်နေတာ။ ခေါင်းကလည်း ရေးစရာတွေအရမ်းထွက်။
နောက်ပိုင်း စီးပွားရေးကို အားစိုက်လုပ်ပြီးနောက်ပိုင်း တွေးအားကျသွားပြီး တော်ယုံစာမရေးဖြစ်တော့တာ။
ဒီနေ့ ပ၇ိုမိုရက်ဆိုတော့ စာတော့့ရေးဦးမယ်လို့တွေးမိပြီး အစပြန်ရှာတာလည်း အဆင်မပြေ။ အရင်လို facebok က ပိုစ်အဟောင်းတွေပြန်တင်ချင်ပေမဲ့ ချိတာနဲ့ ကလင်နာကိုကြောက်ပြီး မတင်ရဲတော့။ တစ်နေကုန် စိတ်ညစ်နေရတဲ့အကြောင်းကိုသတိရပြီး အဲ့အကြောင်းပဲရေးရတော့မယ်ဆိုတွေးလိုက်မိတယ်။
ကျွန်တော် crypto လောကကိုစ၀င်ကထဲက သက်တမ်းတလျှောက်မှာ ဒီနေ့ ကျတဲ့ဈေးက တော်တော်လေးကိုဆိုးဝါးလွန်းပါတယ်။
မနှစ်က ကိုယ့်လက်ထဲ သိန်း ၂၀၀ ဖိုး crypto ၀ယ်ထားတဲ့သူဟာ ခုချိန်မှာ သိန်း ၃၀ လောက်ပဲလက်ထဲကျန်တယ်လို့ပြောရလောက်အောင်ကိုဈေးနှုန်းကျခဲ့ပါတယ်။ btc ဆို 18500 မှာကထဲက စ၀ယ်ခဲ့ဖူးတယ်။ ခုဆို ဈေးက 7000 အောက်။
eth ဆို 1250 ကနေ၀ယ်ထားတာ ခု 220 နားထိကပ်သွားတယ်ဆိုတော့ လူလည်း သွပ်ချောင်ချောင်ဖြစ်ချင်လာသလိုပဲ။
ဘ၀ ဆိုတာ မှန်းထားသလိုလည်းဖြစ်ချင်မှ ဖြစ်ပေမပေါ့။
ဖြစ်မလာရင်တော့ အရာရာ လည်စင်းမခံဘဲ ခါးစည်းခံရင်း ဘ၀ ကိုရင်ဆိုင်သွားဖို့တော့ လိုပါလိမ့်မယ်။
ဘ၀ မှာ အခက်အခဲတွေ အများကြီးကြုံဆုံဖြတ်သန်းခဲ့ဖူးပေမဲ့ သူများအကြွေးရှိတဲ့အချိန်မှာ ဖြစ်တဲ့အခက်အခဲနဲ့ အကြွေးကင်းနေချိန်ဖြစ်တဲ့ အခက်အခဲဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု အတော်လေးကွာခြားပါတယ်။
အကြွေးကင်းနေချိန်မှာ ဘ၀ ကိုအစက ပြန်စရရင်တောင် အားအင်တွေအားမန်တွေရှိနိုင်ပေမဲ့ အကြွေး ရှိနေတဲ့အခါ အတော်လေး စိတ်အားငယ်ရတယ်။ အားပေးသူအနည်းငယ်ရှိပေမဲ့ လူစ်ယောက်ဟာ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုအထိပဲကူညီနိုင်တာများပါတယ်။ အပြည့်အ၀ ကူညီဖို့ဆိုတာ တော်တော့်ကိုမလွယ်ကူတာပါ။ အဲ့လိုအချိန်မျိုးကျရင် မိမိကိုယ်သာလျှင် အဓိက ဖြစ်သွားပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်တင်းပြီး ဘ၀ ကို အံခဲကာ ဖြတ်သန်းရတော့တာပါပဲ။ အဲ့လိုအချိန်မှာ အလိုအပ်ဆုံးက သီးခံခြင်း နဲ့ စိတ်ထားတတ်ခြင်းကသာလျှင် စိတ်ကို ပူလောင်မှု အနည်းငယ်သက်သာစေနိုင်ပါတယ်။ ကျန်တဲ့ ဘယ်လို ထွက်ပေါက်မဆို ပိုပြီး ဖိစီးမှုတွေသာတိးပွားစေမယ်လို့ ယူဆမိပါတော့တယ်။
(ရေးနေကျစာမျိုးမဟုတ်လို့ အဆင်မပြေဖြစ်ရင်လည်း သီးခံသာဖတ်ပေးကြပါတော့။ ဒီအပတ် ပ၇ိုမိုပါချင်လွန်းလို့ပါ )
MSU 056
၁၈၅၀၀ ဈေးနဲ့သာ အကုန်ဝယ်မိလို့ကတော့ ရူးလောက်ပါပေတယ်။
ဟုတ်ပါ့ဗျာ
Congratulations @komoekyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
😳😳
ရေးသာ ရေးပါ ကျနော်တို့က upvote ပေးဖို့ ready ပါပဲ
ဒီလူတွေပဲ အားကိုးနေရတာပါဗျာ :D
စာရေးတာစိတ်ထွက်ပေါက် တစ်ခုဘဲရေးသာရေးပါ
done
Congratulations @komoekyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
right
@komoekyaw, thank you for supporting @steemitboard as a witness.
Click on the badge to view your Board of Honor.
Once again, thanks for your support!
Do not miss the last post from @steemitboard:
ဘာတွေဖြစ်ဖြစ် ဖိုက်တင်းပါ💪