သူငယ်ချင်းကောင်း

in #msu6 years ago

image
၁။ တစ်ယောက်အကြောင်းတစ်ယောက်သိနေရပါ့မယ်။ ဆိုလိုတာကတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့အတွက် တစ်ယောက်ရဲ့အကြောင်း(ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစိဖြစ်)ကို တစ်ယောက်က သိရှိထားရမယ်။ ဒီလိုသိရှိထားတာနဲ့ ကိုယ်ရဲ့ သူငယ်ချင်းအခက်အခဲ တစ်စုံတစ်ရာ ရင်ဆိုင်ရတဲ့အခါမှာ အကြံဥာဏ်တွေကို အကောင်းမွန်ဆုံး မဟုတ်တောင်မှ အနီးစပ်ဆုံးပေးနိုင်ပါလိမ့်မယ်။ ဒီလိုဖြစ် ဖို့အတွက် သူငယ်ချင်းတွေဆိုတာက တစ်ယောက်အကြောင်းကို တစ်ယောက်က အတွင်းကျကျသိနေဖို့လိုပါတယ်။ ဒီလိုသိဖို့ဆိုတာကလဲ သူငယ်ချင်းတွေကသူ့အကြောင်းကိုယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ရပါမယ်။
၂။သူသာတယ် ကိုယ်နာတယ်ဆိုပြီး မတွက်ရဘူး။ ဒုတိယအချက်ကတော့ရှင်းပါတယ်။ ဘာလဲဆိုတော့ သူငယ်ချင်းတွေ ဆိုတဲ့အထဲမှာ သာလိုပေါင်းတဲ့သူငယ်ချင်းနဲ့ ခင်လို့ပေါင်းတဲ့သူငယ်ချင်းဆိုပြီး တွေ့ရတယ်။ အဲ....ဒီအချက်မှာကတော့ သာလို့ပေါင်းတဲ့'သာပေါင်း' သူငယ်ချင်းမဟုတ်ဘဲ ချစ်လို့ခင်လို့ပေါင်းတဲ့ ငယ်ပေါင်းသူငယ်ချင်း ပြီးတော့ အဲဒီငယ်ပေါင်းသူငယ်ချင်း(သူငယ်ချင်းကောင်း)တွေဟာ တစ်ယောက်နဲ့တစ်ယောက် သူသာတယ်။ ကိုယ်နာတယ် ဆိုတာ မတွက်ဘဲ သူငယ်ချင်းရင်ဆိုင်နေရတဲ့ အခက်အခဲကို ကိုယ့်အခက်အခဲလို သဘောထားပြီး သူနဲ့ထပ်တူ မျှဝေခံစားပေးတတ်တယ်။ ဒီလိုခံစားချက်ဖြေရှင်းတတ်တာကြောင့် သူငယ်ချင်းကောင်းဆိုတာက ဟိုးငယ်စဉ်ကတည်းက အခုချိန်ထိပေါင်းသင်းဆက်ဆံနိုင်တာဖြစ်တယ်။၃။ နှစ်ကိုယ်တစ်စိတ်မဟုတ်တောင်မှ အနည်းဆုံးတော့ စိတ်တူကိုယ်တူ ရှိနေရမယ်။ဆိုလိုတဲ့သဘောက သူငယ်ချင်းတွေဆိုတာ မိသားစုမဟုတ်တဲ့အတွက် အဖုအထစ်ကလေးတော့ရှိတတ်ပါတယ်။ ဒါကလဲ လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ သဘောထားကြောင့်ပါ။ မိသားစု ညီအကိုမောင်နှမတွေတောင်မှ အခန့်မသင့်ရင် ဖြစ်တတ်သေးတာပဲ မဟုတ်လား။ ဒီတော့ သွေးမတော်သားမစပ်ကြတဲ့ သူငယ်ချင်းတွေမှာ အခန့်မသင့်ရင် ဖြစ်ပေါ်လာတဲ့ အခက်အခဲအဖုအထစ်တွေကို နားလည်းမှုတွေ သည်းခံမှုတွေ ခွင့်လွှတ်မှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ကြမယ်။ ခင်ကြမယ်ဆိုရင် ဒါဟာလဲ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် နှစ်ရှည်လများ ရပ်တည်နိုင်တဲ့အချက်တစ်ချက်ပါပဲ။
MSU-007

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63281.14
ETH 2674.11
USDT 1.00
SBD 2.79