ကြီးငယ်မဟူအတူတူ ညီတူစာဖတ်စို့

in #msu7 years ago

image
စာဖတ်ခဲခြင်းကြောင့် ဘဝတွင်တွေ့ကြုံရသည့် အခက်အခဲများ စိတ်ဖီစီးမှုများကို ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့သည်။ စာအုပ်ထဲတွင် မိမိမဖြတ်သန်းရသည့်ဘဝများမှ ဘဝအတွေ့အကြုံနှင့် သင်ခန်းစာတို့ကိုရရှိခဲ့သည်။ မိမိမရောက်ဖူးသည့်ဒေသ မိမိမသိသည့်အကြောင်းအရာတို့ကို သိရှိခဲ့သည်။ ဗဟုသုတ ရရှိခဲ့သည်။ ကျွန်တော်အတွက်ကတော့မူစာအုပ်စာပေသည် ဘဝ၏နေထိုင်မှု တွေးခေါ်မှု တစ်ဝက်ကို ပြုစုပျိုးထောင်ပေးသည်ဟု ဆိုရလောက်သည်။
ယခင်အချိန်များကို ပြန်တွေးမိသည့်အခါ ယနေ့အချိန်အခါအတွက် ဝမ်းနည်းမိရသည်။ ကျွန်တော်နေထိုင်ရာမြို့လေးတွင် စာအုပ်အငှားဆိုင်မရှိ စာအုပ်အရောင်းဆိုင်မရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိသော်လည်း ရုံးအဖြစ်သာ သတ်မှတ်သိရှိကြပြီး ဖတ်ရှု့ငှားရမ်းသူနည်းပါးလှသည်။ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းတက်ချိန်အခါက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို နေ့စဉ်ရောက်သည်။ အသင်းဝင်ကတ်ပြုလုပ်၍ နေ့လယ်ထမင်းစား ကျောင်းဆင်းချိန်တွင် စာအုပ်ငှား စာအုပ်အပ်ပြုလုပ်ဖြစ်ခဲ့သည်။ လက်ရှိအခြေအနေတွင် မြို့ပေါ်၌ စာပေရေချမ်းစဉ်တစ်ခုကို အသင်းအဖွဲ့တစ်ခုက ဦးဆောင်၍ စတင်ပြန်လည်းပျိုးထောင်နေသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာပီတိဖြစ်ရပြန်သည်။ မိမိတတ်စမ်းသရွေ့ကူညီရသည်။ စာအုပ်စာတမ်းများလှူဖြစ်ခဲ့သည်။ စာဖတ်အားမြှင့်တင်ရေးအတွက် ပြန်လည်ဦးမော့လာနိုင်အောင် ကြိုးစားနေကြရသည်။
ကျွန်တော်တို့တိုက်တွန်းသောစကားတစ်ခုရှိပါသည်။ 'စာအုပ်စာပေ လူ့မိတ်ဆွေ အလိမ္မာစာမှာရှိသည်။ အသိပညာဖွံဖြိုးဖို့ လူငယ်စာဖတ်စို့' စသည့် စသည့်ဆောင်ပုဒ်များ ဆိုရိုးစကားများဖြင့် တိုက်တွန်းခဲ့ကြသည်။ လူငယ်များစာဖတ်ကြပါဟု နှိုးဆော်ခဲ့ကြသည်။ သို့သော် ခေတ်ရေအလျဉ်ကြောတွင် စာဖတ်အားမြင့်လာရန် စာအုပ်ဆိုင်များပြန်လည်ဖြစ်ထွန်းလာရန် ရေဆန်ကိုကျားကန်တတ်နေရသည်။
MSU-007

Sort:  

upvotebank ကို ပြန်ဖြုတ်ဖို့အတွက် သူ့ရဲ့ ပိုစ့်တစ်ခုခုမှာ leave ဆိုတဲ့ comment ရေးပြီး ခဏစောင့်ကြည့်ပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကို သူပြောမှာဖြစ်ပါတယယ်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.035
BTC 111033.61
ETH 4341.35
SBD 0.84