နေ့မြတ်အထူးမှာ မိဘကျေးဇူးဆပ်ဖူးစေချင်

in #msu6 years ago

image
လောကီလူသားများအနေဖြင့် မိခင်မေတ္တာသည် ဆပ်၍မကုန်နိုင်ချေ။ မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် မယ်တော်နတ်သားအား တရားဦးဟော၍ ကျေးဇူးဆပ်တော်မူခဲ့သည်။ ကျွန်တော်တို့ လူသားများအနေဖြင့် ပထမဦးဆုံးသောချွေးနှဲစာကို မိခင်အားကန်တော့ခြင်းပြုဖူးသူမှာ များပြားမည်ပင်မဟုတ်။ သိတတ်စအရွယ်တွင် မိခင်မှ ခြေဆုပ်လက်နယ်ပြုမှုခိုင်းလျှင်ပင် ငြူစူမှုပြုသူအများအပြားရှိနေပါလိမ့်မည်။ ကျေးဇူးကြီးမားလှသော မိခင်မေတ္တာကို လျစ်လျူရှုမှုမှာ ပို၍များပြားလာသည်ဟုပင်ဆိုချင်ပါသည်။ ကျေးဇူးဆပ်ပြုစု ရန်ပင်မဆိုထားနှင့်။ ညအိပ်ယာဝင်ကန်တော့သည့် အလေ့အထပင် ပျောက်ကွယ်လုဖြစ်နေခဲ့ချေပြီ။
ဖခင်သည်လည်း မမြင်ရသည့်သားသမီးအပေါ်တွင်မေတ္တာထား၍ ချစ်ဇနီးအပေါ်တွင် ပေးဆပ်ယုယကြသည်မှာလည်း နေ့စဉ်ဖြစ်သည်။ သားကလေးမွေးခဲ့လျှင် သမီးကလေးမွေးခဲ့လျှင်ဟုသော အတွေးရဟတ်လည်ကာ မမောပန်းနိုင်ဘဲ စီးပွားရှာဖွေကြရ၏။ ပါးစပ်ပေါက်ကလေးတစ်ခုတိုးလာတော့မည်ဟု နှုတ်ကနေဖွဖွရေရွတ်လျက် မမောနိုင်မပန်းနိုင်ရှာအောင် ကြိုးစားရှာဖွေကြရသည်။ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်မှ လူအဖြစ်နှင့်ထွက်လာသည့်အခါ မှတ် ခြင် ယင် မသမ်းရအောင် ဂရုစိုက်ကြသည်မှာလည်း မိဘနှစ်ပါးပင်ဖြစ်၏။လောကမှာကျင်လည်ကြသည့်အခါ မပင်ပန်းရအောင် ပညာဟူ မျှပေးဝေကြတာလည်း မိဘများဖြစ်သည်။ မိမိမစားရလျှင် နေပါစေ။ သားသမီးတို့ဝမ်းဝရန်အရေး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးသည်လည်း မိဘများဖြစ်၏။ ဘယ်လောက်ပင်ပန်းပါစေ သားသမီးရုပ်ရည်မြင်ရပြီဆိုသည်နှင့် အမောပြေ၍ အေးမြကြရသည်မှာ မိဘများပင်ဖြစ်သည်။
MSU-007

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82