ပြန်လည် တမ်းတ ငယ်ဘဝ - ၂

in #msu6 years ago

(၁)
https://steemit.com/msu/@aggamun/yapnlny-tmt-ngybaw-1-045f8f7858a51

(၂)

ကျွန်တော်တို့ လမ်းထိပ်တွင် ဗီဒီယို ရုံ ရှိ၏။
ထိုခေတ် ထိုအခါက ဗီဒီယိုပြစားသော ရုံများ ရပ်ကွက်တိုင်းလိုလို ရှိတတ်သည်။
မနက်ပိုင်း သွားရင်း လာရင်းဖြင့် ယနေ့ပြသမည့် ဗီဒီယိုကားများ၊ နိုင်ငံခြား ရုပ်ရှင်များ အကြောင်း၊ ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ဆောင်များ ၏ အမည်များကို စိတ်ဝင်စားဖွယ် ဖြစ်စေရန် ရောင်စုံမြေဖြူလေးများ သုံး၍ ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုရသည်မှာ အရသာ တစ်မျိုးရှိလှ၏။
ဗီဒီယိုရုံက တစ်နေ့ နှစ်ကြိမ်ပြလေ့ရှိသည်။
နေ့လည် တစ်ကြိမ်၊ ညတစ်ကြိမ် ဖြစ်သည်။
နေ့လည်ဘက် မကြည့်လိုက်ရသူများ ညဘက်တွေ ပြန်လည် ကြည့်ရှုခံစားနိုင်ကြ စေရန် ဖြစ်နိုင်သည်။
အများအားဖြင့်တော့ ညဘက်တွေသာ လူပြည့်လေ့ရှိသည်။ လူတွေကလည်း ညဘက်သာ အားလပ်ချိန်ရှိကြတာကိုး။
စနေ တနင်္ဂနွေ များဆိုရင်တော့ ကလေးတွေ အတွက် အထူးစပယ်ရှယ် မနက်ပိုင်းတွေပါ ပြသည်။ ပါဝါရိမ်းဂျား၊ ဝူခုန်း၊ စူပါမန်း၊ တခြားစိတ်ဝင်စားဖွယ် ကလေးကြိုက် ကာတွန်း ကားကောင်းလေးများ ကိုလည်း အပတ်တိုင်း မထပ်စေဘဲ ပြသတတ်၏။
ထိုဇာတ်ကားလေး ကြည့်ရင်းဖြင့် ကျောင်းများက မသင်ကြားပေးနိုင်သော အတွေးများကို ဖြန့်ကျက် နေခဲ့ကြရ၏။
သူရဲကောင်းများကို လေးစားတတ်သော စိတ်ဓာတ် အားနည်းသူ တတ်စွမ်းသည့်ဘက်မှ ကူညီရမည် ဟူသော စိတ်ဓာတ် မျိုးစေ့လေး ကို စိုက်ပျိုးခဲ့ကြသည်။
ကျွန်တော်တို့ ကလေးများ၏ နေ့စဉ် အချိန်ဇယားတွင်လည်း ယနေ့ညတော့ ဗီဒီယိုကြည့်ရန် ဆိုသည်က ပါတတ်၏။
ဗီဒီယို ကြည့်ရမည့်နေ့များတွင် တစ်နေ့လုံး ဘာလုပ်လုပ် ဖင်ပေါ့နေ၏။
ဒီနေ့ကားမကောင်းဘူး မကြည့်ရဘူး ဟု လူကြီးများ ဆုံးဖြတ်သည်ဆိုလျှင် ဖြင့် တစ်နေကုန် ဘာကို ဒေါသထွက်နေမှန်း မသိ အလုပ်လုပ်တိုင်း အလွဲလွဲ အချော်ချော်။
အပန်းဖြေစရာ ကောင်းကောင်းမရှိတဲ့ သည်အချိန်လေးတွေ မှာ ညစဉ် ညတိုင်း တစ်ယောက်ကို ငါးဆယ်၊ တစ်ရာ ကောက်ယူ၍ ပြသသော ဗီဒီယို ရုံလေးများသည် မိသားစုလေးများ အတွက် တစ်စုံတစ်ခုသော အတိုင်းအတာ အထိ ပါဝင်အသုံးတော်ခံ ဖြေဖျော် ပေးခဲ့ကြသည် မဟုတ်ပါလား။
အခုတော့ မရှိတော့ပြီ။ ရှိစရာ မလိုတော့၍လား မရှိအပ်တော့ လို့လား ရပ်တည်ရန် ခက်ခဲကြ၍လား ပြောင်းလဲနေသော သဘာဝ ဖြစ်စဉ်ကြောင့်လား အသစ်ဖြစ်ပေါ်လာတာလား အဟောင်း ပျက်စီးသွားတာလား ဘယ်သူမှ တိတိကျကျ ဝေဖန် ဆန်းစစ် မနေကြ။
အသစ် အသစ် တွေနောက် လိုက်နေကြရင်း အဟောင်းတွေရဲ့ ကောင်းကွက်ကို ရှာမကြည့်နိုင်ကြပေ။
ရုပ်ဝတ္ထု ပစ္စည်းများ အားကောင်းလာလေလေ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ အားပျော့ လာလေလေ။
တစ်ခါတစ်ရံ လောကမှာ ဘာက အရေးကြီးဆုံးလည်း တွေးတောမိသည်။
ခေါင်းသာပူသွားသည်။ တိတိကျကျ အဖြေမရ။
လူသားတို့၏ အသိဉာဏ် သည် အကန့်အသတ် ရှိသည်ဟု မြတ်စွာဘုရား ဟောကြားခဲ့ဖူး၏။
ထို အကန့်အသတ် ထဲမှာမှ ကျွန်ုပ်၏ အသိဉာဏ်က ပို၍ သေးငယ်လှပုံရ၏။
ဒါမှ မဟုတ် လုံးဝ မရှိ၍လား မပြောတတ်။
သေချာတာက တော့ ထိုနေရာလေးမှာ မိသားစု အိုအေစစ်လေး ရှိခဲ့ဖူးသည်။
ထိုနေရာ လေးမှာ မျှဝေခြင်းတွေ ရှိဖူးသည်။
ထိုနေရာလေးမှာ သင်ကြားခြင်းတွေ ရှိဖူးသည်။
ဤသည်ပင် ကျွန်တော်တို့ ငယ်ဘဝ အပိုင်းအစများ ဟုဆိုလျှင်


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ပြန်မရနိုင်တဲ့​​တမ်းတစရာငယ်​ဘဝ​လေး​တွေပါ

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-23T13:32:03
Account Level: 0
Total XP: 13.00/100.00
Total Photos: 2
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62907.89
ETH 3379.73
USDT 1.00
SBD 2.50