ပြန်လည် တမ်းတ ငယ်ဘဝ (၁)

in #msu6 years ago

Steemit တွင် စာရေးရမည် ဆိုသောအခါ ကျွန်တော် ခေါင်းကိုက်ရချေပြီ ။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် အသက်ရလာသည်နှင့် အမျှ စာရှည်ရှည် တွေကို ဖတ်ရ၊ရေးရသည်မှာ ပျင်းလာပေ၏။
စာတစ်လုံးထဲကို အတွေးနယ်ချဲ့ရသည်ကို ကြိုက်နှစ်သက်လှသော ကျွန်တော့အဖို့ စာပိုဒ်တစ်ပိုဒ် ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ရသည်မှာ စိတ်မရှည်။
ငယ်ငယ်တုန်းကဖြင့် စာစီစာကုံးရေးခိုင်းလျှင် အထက်တန်းရောက်သည်အထိ သုံးမျက်နှာ ပြည့်အောင်မရေးနိုင်။
ဗဟုသုတ မရှိ၍၊ အကြောင်းအရာ မရှိ၍ မဟုတ်။
ကျွန်တော် ဖတ်ထားသော စာအုပ် သုံးအုပ်စာ ဗဟုသုတသည် ကျွန်တော်ပြန်ရေးသောအခါ စာသုံးကြောင်းထက်ပို၍ မဖွဲ့တတ်သောကြောင့် ဖြစ်သည်။ဒါတောင် စာစီစာကုံး ကောင်းကောင်းလေးများ၏ အရေးအသားကို မှတ်သားထားပြီး အလျဉ်းသင့်သလို ပြန်ပြန်ရေးခဲ့၍ ဖြစ်လေ၏။
စာဖတ်ရသည်ကို တော့ အင်မတန် ကြိုက်သော်လည်း စာရှည်လျှင် စိတ်မရှည်တော့။
ငယ်ငယ်က မှတ်မိသေးသည်။
မဂ္ဂဇင်းတွေ ဖတ်လျှင် တစ်မျက်နှာ ကာတွန်းမှ စ ဖတ်သည်။ ထို့နောက် တစ်မျက်နှာ ဝတ္ထုတို။
အတိုဆုံးတွေ ဖတ်ပြီးတော့မှ အရှည်ဆုံး တွေကို မြည်းစမ်းကြည့်သည်။
ငယ်ငယ်တုန်းကတော့ ယခုလို TV မရှိ။ ကက်ဆက်မရှိ။
ဖျော်ဖြေရေးဆန်သော ဇိမ်ခံ လျှပ်စစ်ပစ္စည်းများ အိမ်တိုင်းတွင် မရှိသော အချိန်ဖြစ်ပါသည်။
သို့သော် ဒီနေ့ငှား၊ မနက်ဖြန်ပြန်ပို့ စနစ်ဖြင့် စာအုပ်အငှားဆိုင် လေးများသည် ရပ်ကွက် တစ်ခုလည်း အနည်းဆုံး တစ်ဆိုင်တော့ ရှိတတ်၏။
အချို့သော ရပ်ကွက်များတွင် သုံးဆိုင်မှ လေးဆိုင်အထိ ရှိသည်။
ကျွန်တော်တို့ ကစားလို့ မရသောအချိန်၊ မိဘများမှ လတ်လတ်ထအောင်ဆော့တဲ့ကောင်တွေ တော်လောက်ပြီနော်လို့
ကြိမ်းခံထိသော အချိန်၊ ရာသီဥတုက ကစားရန် မသင့်တော်သောအချိန်များတွင် သတိရမိတာကတော့ ထိုစာအုပ်ဆိုင်လေးများမှ ငှားထားသော ကာတွန်းစာအုပ်များဖတ်ရန် ဖြစ်သည်။ မငှားရသေးလျှင်လည်း သွားရောက် ငှားယူရန် သတိရကြ၏။
ကလေးဆိုတော့လည်း လုပ်စရာက အများသား လေ။ စားပြီး ကစားရန်နှင့် ကစားပြီး စားရန် ဆိုတော့ နည်းနည်းတော့ ကသီတာပေါ့။
ထိုသို့ ကသီလှသည့် ကြားထဲမှ နားလျှင် ကာတွန်းဖတ်ချင်သေးသည် မဟုတ်ပါလား။
စာအုပ်အငှားဆိုင်လေးများသည် ကျွန်တော်တို့ အတွက် သုခရိပ်မြုံ နိဗ္ဗာန်ဘုံပါ။ ကျွန်တော်တို့ရဲ့ beach ။ အိုအေစစ်။
နွေရာသီ အရိပ်ရသော ခြေတံရှည် အိမ်အောက်တွင် နေ့လည်စာ ထမင်းစားပြီး၍ ထမင်းလုံးစီရင်း စာအုပ်ဖတ်ရတဲ့ အရသာဟာ
ကျွန်တော်တို့ ငယ်ဘဝ ရဲ့ အိပ်မက် အပိုင်းအစ များဟု ဆိုလျှင်


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022


image
#myanmar
#msu

Sort:  

မိုးရွာတဲ့အချိန်​စာဖတ်​ရတဲ့feel( 10 marks)

ရင်ဘတ်ချင်း နီးတယ် ဆိုပါတော့ :-)

အ​ရေးအသား​ကောင်းပါတယ်​ဗျ

ရှဲရှဲ bro

Fighting bro
Good Luck

ok thx ,you too

မြန်​မာ့စာ​ပေပညာရှင်​တစ်​​ယောက်​​ပြောသလိုဆို မင်းတုန်းမင်းရဲ့ အတ္ထုပ္ပတ္တိကို​ရေးတာထက်​ ဖ​ယောင်းတိုင်​တစ်​တိုင်​အ​ကြောင်းဖတ်​​ကောင်း​အောင်​​ရေးရတာ ပိုခက်​တယ်​ ဆိုသလို​ပေါ့

ကိုယ်တွေ့ပါပဲဗျာ ကိုယ်တွေ့ပါပဲ :)

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63476.83
ETH 3413.43
USDT 1.00
SBD 2.50