တောင်းပန်ပါတယ် သူငယ်ချင်း (@aggamun)

in #msu7 years ago

image

ကျွန်တော် ဒီ post ကို ရေးတာ အကြောင်းရှိပါတယ်။ အကြောင်းကို တော့ မကြာခင် သိရတော့မှာ ဖြစ်သည့် အတွက် ကျွန်တော် မပြောသေးပါဘူး။ မနက်ဖြန်လောက် ဆို သဘော ပေါက်နားလည် လာမှာပါ။


ကျွန်တော် လူယုတ်မာ တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါ လေးတန်း လောက်တုန်းကပါ။ ကျောင်းကတော့ ကျွန်တော့ အိမ်ရှေ့မှာပါ။ ကျောင်းကို မြင်တိုင်း မြင်တိုင်း အဲဒီ ကိစ္စကို ကျွန်တော် မေ့မရခဲ့ပါဘူး။

ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်တို့ ကျောင်းက လေးတန်း အခန်းရဲ့ အနောက်ဘက် ကပ်ရပ်မှာ မြေကွက်လပ် တစ်ခု ရှိပါတယ်။ မိုးရာသီဆို ဗွက်ထကာ ညစ်ပတ်နေပေမယ့် နွေရာသီ ဆိုရင်တော့ မြေပြန့်ပြန့်လေး တစ်ခု ဖြစ်သွားပါတယ်။ ကစားလို့ အလွန် ကောင်းသလို ညနေပိုင်းဆို နေရောင်ကို ကျောင်းခန်းလေးက ကွယ်ထားလို့ အရိပ်လည်းရ ပါတယ်။ မိုးရာသီ သန်ချင်တိုင်း သန် နေခဲ့တဲ့ မြက်ခြောက် တွေက နွေရာသီ ဆို ကောက်ရိုးပင် တွေဖြစ်ပြီး ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ မွေ့ယာပါပဲ။ လူးလို့ လှိမ့်လို့ ကောင်းမှကောင်း။

စာမေးပွဲ နီးလာတဲ့ အခါ ဖြစ်စေ၊ သင်ခန်းစာတွေ ကြေညက်ခြင်း ရှိ မရှိ သိချင်လို့ ဖြစ်စေ ဆရာမက စာကျက်ပြီး တစ်ခါတည်း တန်း မေးလေ့ရှိပါတယ်။ အထူးသဖြင့် ပထဝီ သမိုင်း သိပ္ပံ ပေါ့ဗျာ။ တစ်ယောက်ချင်း ဆီကို မေးတာပါ။ အတန်းထဲမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်းက သုံးဆယ် လေးဆယ် ဆိုတော့ ဆရာမ တစ်ယောက်ထဲက ဘယ် တစ်ယောက်ချင်းစီ အကုန်း မေးနိုင်ပါ့မလဲ။ နည်းစနစ် သုံးရတာပေါ့။

အရင်ဆုံး ဆရာမဆီ စာအကုန် ပြန်ပြီး သူတွေထဲက ဆရာမ ယုံကြည်လို့ရတဲ့ သူကို နောက်ကျ စာအံမယ့် ကျောင်းသား ကျောင်းသူ တွေအတွက် ဆရာမ ကိုယ်စား စာစစ် ပေးရတဲ့ စနစ်ပေါ့ဗျာ။ အဲဒီ အချိန်တုန်းကတော့ ဆရာမ ယုံကြည်တဲ့ သူ စာရင်းမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ပြီးတော့ ကျွန်တော်က ဆရာမ အချစ်တော်တွေထဲက တစ်ယောက်လေ။

image

အဲဒီနေ့ကတော့ ထူးထူးခြာခြား ဆရာမက အချိန် အနည်းငယ် ကန့်သတ် လိုက်ပြီး သတ်မှတ် အချိန် အတွင်း စာအံလို့ မပြီးဘဲ ကျန်တဲ့သူ တစ်ယောက် သုံးချက် အတီးခံရမယ်လို့ ကြိုတင် ပြောထားပြီးသားပါ။ စာအံတဲ့ နေရာကိုလည်း ကျယ်ကျယ် ဝန်းဝန်း ဖြစ်အောင် ဆိုပြီး ကျွန်တော် စောနက ပြောတဲ့ မြေကွက်လပ်မှာ တစ်ခန်းလုံး စာအံပွဲ လုပ်ပါတယ်။ ကျွန်တော်ကတော့ အချိန်မီ စာအံပြီးလို့ စာစစ်တဲ့ တာဝန်ပါ ယူထားပါတယ်။ အချိန် ပြည့်ခါနီး လာလေလေ စာစစ်ဖို့ လူ နည်းလာလေလေပါပဲ။

စာစစ်ဖို့ တစ်ယောက်စာ(ငါး မိနစ်ခန့်) သာ ကျန်တော့တဲ့ အချိန်မှာ ကျွန်တော် တာဝန်ယူထားတဲ့ ကျောင်းသူ သုံးဦး ကျန်နေပါတယ်။ ကျွန်တော်နဲ့ သိပ်တော့ မရင်းနှီး တဲ့ သူငယ်ချင်းတွေပါ။ သူတို့ သုံးယောက် စလုံး စာ ရပြီ စာအံတော့မယ်လို့ ပြောပါတယ်။ တစ်ယောက်ထဲ စစ်လိုက်ရင် ကျန်တဲ့ နှစ်ယောက် အတီးခံရတော့မှာပါ။ ကျွန်တော် ရွေးရခက်လို့ အကုန်လုံး အတူတူ ဆို ခိုင်းလိုက်ပြီး ကျွန်တော် သေသေချာချာ စစ်ပေးလိုက်ပါတယ်။ အိုကေပါတယ်။

ဒါပေမယ့် ဆရာမဆီ ဘယ်လို သတင်း ပေါက်သွားလဲ မသိ၊ သုံးယောက်လုံး တပြိုက်နက် စာအံတာ ဆရာမသိ သွားပါတယ်။ ဆရာမက ရုတ်တရက် ဒေါသ ထွက်သွားပြီး ကျွန်တော့ကိုပါ ခေါ်ဆူပါတယ်။ ဆရာမက ဒါ ဘယ်သူလုပ်တာလဲ လို့မေးပါတယ်။ ဟို သုံးယောက်က တော်ရှာပါတယ် အမှန်အတိုင်း ပြောချလိုက်ပါတယ်။ ကျွန်တော် လုပ်တာတဲ့။

ကျွန်တော် တော်တော် လန့်သွားပါတယ်။ ဆရာမ ဒေါသ ထွက်တာကို မတွေ့ဘူး တော့ တော်တော်လေး လန့်ပါတယ်။ ဆရာမ က တစ်ယောက်ကို သုံးချက် ဆိုတော့ အရိုက်ခံရမှာလည်း ကြောက်သွားပါတယ်။ ကျောင်းသား ကျောင်းသူ အားလုံးရှေ့မှာ အမေးခံရတော့ ထူပူနေပါပြီ။ အဲဒီမှာ ကျွန်တော် လူယုတ်မာ ဖြစ်တော့တာပါပဲ။

ကျွန်တော် သူတို့ သုံးယောက်ကို ညွှန်ပြပြီး သူတို့တွေက အတင်း စာအံမယ် ပြောလို့ စာစစ် ရတာပါလို့ ဆရာမကို ပူပူထူထူနဲ့ ပြောပြလိုက်ပါတယ်။ (တကယ်တော့ လိမ်တာပါပဲ) အမှန်က ကျွန်တော့ ဘာသာ ဆုံးဖြတ်လိုက်တာပါ။ ဒီတော့ ဘယ်ပြော ကောင်းမလဲဗျာ ဟိုသုံးယောက် တစ်ယောက် တစ်ယောက်သုံးချက်စီ အတီး ခံရတော့ တာပေါ့ဗျာ။ ကျွန်တော်က ဆရာမ အချစ်တော် ဆိုတော့ ကျွန်တော် ပြောတာ ပိုယုံပါတယ်။ သူတို့ ကတော့ ဆရာမရှိနေတော့ နှစ် တစ်လက်မ နဲ့ ပူဇော် ပ သ ချင်နေရှာတဲ့ မျက်ဝန်း ကလေးတွေနဲ့ ကျွန်တော့ကို ငေးကြည့်ရုံပဲ ရှိတာပေါ့။

တကယ်တော့ ဒါဟာ ကျွန်တော် တာဝန်ယူထားတဲ့ ကိစ္စကို ကိုယ့်တာဝန် ကိုယ်မယူဘဲ အမှားလိုက်ခဲ့မိတာ ဖြစ်ပါတယ်။ တောက်မယ့် မီးခဲ တရဲရဲ ဆိုသလို ကျွန်တော်ဟာ ငယ်ငယ်လေးတည်းက လူယုတ်မာ တစ်ယောက် ဖြစ်ခဲ့ဖူး ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေက မှတ်မိပါ့မလား မသိပေမယ့် ကျွန်တော်ကတော့ မေ့လို့မရပါဘူး။


### အခွင့်အရေး ရရင် ငါ့ ဘက်က တောင်းပန်ဖို့ အသင့်ပါ သူငယ်ချင်းရေ။


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ဘယ်ချိန်ချိန် ဘယ်နေရာမှာ ပြန်တွေ့တွေ့ တောင်းပန်လိုက်ပါ။တောင်းပန်တယ်ဆိုတာ နောက်ကျတာမရှိပါဘူး

Posted using Partiko Android

👍 👍

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ငယ်ဘဝတုန်းကတော့ ဒီလိုပဲပေါ့။ကလေးဆိုတော့ ရင်မဆိုင်ရဲပဲ ကြောက်တာကိုး။နောက်မှ ငါဒီလိုလုပ်ခဲ့ရင်ကောင်းမယ်ဆိုပြီး နောင်တတွေရမိတတ်တယ်။

Posted using Partiko Android

ဟုတ် ကျွန်တော် လည်း အခု အဲသလို ဖြစ်နေမိတယ် ဗျာ။

Posted using Partiko Android

Coin Marketplace

STEEM 0.08
TRX 0.28
JST 0.035
BTC 106712.14
ETH 3622.52
USDT 1.00
SBD 0.51