Redmi6 Pro

in #mi6 years ago

Xiaomi အနေနဲ့ မကြာသေးခင် အချိန်က Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Mi 8၊ Mi 8 Explorer Edition၊ Midrange စမတ်ဖုန်း ဖြစ်တဲ့ Mi 8 SE စတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့သလို ပြီးခဲ့တဲ့ အပတ်တုန်းက လည်း Budget စမတ်ဖုန်းတွေ ဖြစ်တဲ့ Redmi 6၊ Redmi 6A စတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။IMG_20180622_060501.jpg

ဒါ့အပြင် Redmi 6 Pro စမတ်ဖုန်းကိုလည်း ဇွန်လ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ Xiaomi အနေနဲ့ ကြေငြာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ Redmi 6 Pro ကို တရားဝင် မိတ်မဆက်ခင် ၄ ရက်အလိုမှာ Redmi 6 Pro ရဲ့ ဒီဇိုင်းပိုင်း နဲ့ ပတ်သတ်တဲ့ ပုံရိပ်တွေ ကို Xiaomi အနေနဲ့ တရားဝင် ချပြပေးခဲ့ပါတယ်။

လက်ရှိ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရ Redmi 6 Pro စမတ်ဖုန်းမှာ Mi 8၊ Mi 8 EE၊ Mi 8 SE တို့မှာလို Notch ပါဝင်တဲ့ ဒီဇိုင်း ကို မြင်တွေ့ရမှာ ဖြစ်ပြီး Rose Gold၊ Sand Glod၊ Lake Blue၊ Black၊ Flame Red စတဲ့ အရောင် ၅ မျိုး အနေနဲ့ ထုတ်လုပ် ရောင်းချ သွားမှာ ဖြစ်ပါတယ်။IMG_20180622_060451.jpg

ထုံးစံအတိုင်း ဖုန်းရဲ့ အရှေ့ဘက်ခြမ်း Notch မှာ Selfie ကင်မရာ နဲ့ အတူ Earpiece ကို မြင်တွေ့ရမှာ ဖြစ်ပြီး ကျောဘက်ခြမ်းမှာ တော့ Flash ပါဝင်တဲ့ Dual Camera Setup နဲ့ အတူ Fingerprint Sensor ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Redmi 6 Pro ရဲ့ အောက်ဘက်ခြမ်း မှာ microUSB 2.0 Port ကို စပီကာ နှစ်ခုကြားမှာ မြင်တွေ့ရမှာ ဖြစ်ပြီး 3.5mm Audio Jack ကိုတော့ ဖုန်းရဲ့ အပေါ်ဘက်ခြမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Volume Button နဲ့ Power Key ကို ဖုန်းရဲ့ ညာဘက်ခြမ်း အစွန်နားမှာ မြင်တွေ့ရမှာ ဖြစ်ပြီး microSD Card ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim Slot ကိုတော့ ဖုန်းရဲ့ ဘယ်ဘက်ခြမ်း အစွန်နားမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ Redmi 6 Pro ရဲ့ ဒီဇိုင်းပိုင်းကိုသာ တရားဝင် ချပြသွားခဲ့တာ ဖြစ်ပြီး Specifications နဲ့ ပတ်သတ်လို့တော့ ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန် ကြေငြာသွားမှာ ဖြစ်ပါတယ်။ Specifications နဲ့ ပတ်သတ်ပြီး ထွက်ရှိနေတဲ့ ကောလာဟလတွေ အရ Redmi 6 Pro မှာ Display ပိုင်း အတွက် ၅.၈၄ လက်မ အရွယ်အစားရှိ FHD+ Resolution Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Aspect Ratio 19:9 ဖြစ်တာကြောင့် ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း အလွန် ကျဉ်းမြောင်းတဲ့ ဘောင်လေးတွေကိုသာ Redmi 6 Pro မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေမှာ MideaTek Chipset ကို အသုံးပြုခဲ့ပေမယ့် Redmi 6 Pro စမတ်ဖုန်းမှာတော့ Qualcomm ရဲ့ Snapdragon 625 SoC ကို အသုံးပြုလာနိုင်ပါတယ်။

Redmi 6 Pro ကို RAM 2/ ROM 16၊ RAM 3/ ROM 32၊ RAM 4/ ROM 64 စတဲ့ ဗားရှင်း သုံးမျိုး အနေနဲ့ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 4000 mAh ဘက်ထရီ ကို အသုံးပြုသွားမှာ ဖြစ်တာကြောင့် ဘက်ထရီ အသုံးမခံမှာကို စိတ်ပူနေစရာ လိုအပ်မှာ မဟုတ်တော့ပါဘူး။

Back ကင်မရာ အတွက် 12MP + 5MP Dual Camera Setup ကို အသုံးပြုလာနိုင်ပြီး Selfie ကင်မရာ အတွက်ကိုတော့ 5MP ကင်မရာ ကို အသုံးပြုလာနိုင်ပါတယ်။ Redmi 6 Pro မှာ Android 8.1 Oreo အသုံးပြုထားမှာ ဖြစ်ပြီး မိတ်ဆက်ပြီး မကြာခင် အချိန်အတွင်းမှာ MIUI 10 Update ရရှိနိုင်မှာ ဖြစ်ပါတယ်။ Redmi 6 ကို ၉၂ ဒေါ်လာ၊ Redmi 6A ကို ၁၂၃ ဒေါ်လာ ဝန်းကျင်နဲ့ ရောင်းချသွားမှာ ဖြစ်တာကြောင့် Redmi 6 Pro ကိုလည်း ကန်ဒေါ်လာ ၁၅၄ ဒေါ်လာ ဝန်းကျင် နဲ့ ရောင်းချသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် Redmi 6 Pro စမတ်ဖုန်း နဲ့ အတူ Xiaomi ရဲ့ စတုတၳမြောက် မျိုးဆက်သစ် Xiaomi Mi Pad 4 ကိုလည်း ဇွန်လ ၂၅ ရက်နေ့ မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Xiaomi Mi Pad 4 မှာ ၇.၉ လက်မ အရွယ်အစားရှိ Full HD LCD Display ကို အသုံးပြုလာနိုင်ပြီး 18:9 Aspect Ratio နဲ့ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
source

Coin Marketplace

STEEM 0.21
TRX 0.19
JST 0.033
BTC 88143.70
ETH 3251.58
USDT 1.00
SBD 3.00