ငါ့ရင်​ကိုဘဲ ငို​စေခဲ့တယ်

in #love7 years ago

losjie.jpgတွေ့ခွင့်ရတိုင်း ဝေးမှာကြောက်လို့ စကားနာထိုးတာ
သံသယကြောင့်မဟုတ်ဘဲ…..
ဆုံးရှုံးခြင်းဒဏ် ငါမခံနိုင်လို့
ဗြောင်းဆန်နေတဲ့ စိုးရိမ်မှုတွေနဲ့ နင်မကြားချင်တဲ့စကားတွေ ငါပြောမိခဲ့တာပါ……။

ဘေးလူကို ကြည်ဖြူထားတာ
မချစ်လို့မှ မဟုတ်ဘဲ
သူနဲ့အတူ နင်ပျော်ရွှင်ရတိုင်း
နင့်ကြည်နှုးခြင်း ငါ့ကို ကူးစက်မိလို့ ……..အဲဒီ့ပီတိကို ငါလိုလားလို့ပါ……။

တခြားလူအတွက် နားလည်ပေးရတာ
ခံစားချက်မရှိလို့မှ မဟုတ်ဘဲ
မပြတ်သားနိုင်လို့ တွေဝေနေတဲ့ ငါ့ချစ်သူ နင်နဲ့ မဝေးချင်လို့
ရင်ခွင်က ငါ့မာနကို ငါချိုးနှိမ်ထားတာပါ……။

ကိုယ့်ချစ်သူကို တစ်ပါးသူနဲ့
ငါ……ဘယ်လို ရင်ဆိုင်နိုင်မလဲ…….
လက်ချင်းယှဉ်တွဲ……ငါ့ကြောင့်မကွဲအောင်
ဒဏ်ရာတွေနဲ့ ငါကျိတ်ပြုံးရင်း…….ငါ့ရင်ကိုပဲ ငိုစေခဲ့တာပါ……

Sort:  

I have followed you
please follow me
lets help each other

Congratulations @biebay2018! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 56836.82
ETH 2341.45
USDT 1.00
SBD 2.41