မူဆယ်​မြို့

in #life6 years ago

မူဆယ်တွင် နှစ်ပတ်ကြာရပ်နားထားသော ငွေလွှဲလုပ်ငန်းများ ပြန်လည်စတင်ချိန် ယွမ်ငွေတန်ဖိုးတက်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ငွေလွှဲလုပ်ငန်းအ များစု ဇွန်လ ၂၅ ရက်တွင် လုပ်ငန်းပြန်လည်စတင်သဖြင့် တရုတ်ယွမ်ငွေတန်ဖိုးမြင့်တက်လာကြောင်း မူဆယ်မြို့ရှိ ကုန်သည်များက ပြောသည်။ မူဆယ်မြို့ရှိ ငွေလွှဲလုပ်ငန်း အများစုလုပ်ငန်းရပ်နားသည့် ဇွန် လ ၁၂ ရက်တွင် ယွမ်ငွေတန်ဖိုး သည် တစ်ယွမ်လျှင် ၂၀၄ ကျပ်ခန့်သာရှိပြီး ဇွန်လ ၂၅ ရက်တွင် တစ်ယွမ်လျှင် ၂၀၉ ကျပ်သို့ မြင့် တက်လာသည်။ တရုတ်နိုင်ငံတွင် မြန်မာကုန် သည်များ ဘဏ်ငွေစာရင်းများ အပိတ်ခံရပြီးနောက် မူဆယ်နယ် စပ်ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအများစု လုပ်ငန်းများခေတ္တရပ်နားခဲ့သည်။ ‘‘တရုတ် ငွေလွှဲသမားတွေ အလုပ်မလုပ်တော့ ဆန်ပို့သူတွေ လည်း အခက်အခဲဖြစ်နေတယ်။ ပြန်ဖွင့်ပြီဆိုတော့ အဆင်ပြေတာ ပေါ့’’ဟု ဘုရင့်နောင် ဆန်ကုန် စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်း ဦးက ပြောသည်။ ငွေလွှဲလုပ်ငန်းများ ပြန်လည် စတင်နိုင်ခြင်းကြောင့် မူဆယ်ကုန် သွယ်ရေးဇုန်မှ ဆန်အိတ်ရေ ၄၀,၀၀၀ ၊ သကြားအိတ်ရေ ၃၀,၀၀၀ ခန့် တရုတ်နိုင်ငံသို့ ရောင်းချနိုင်ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံသို့ ဆန်ရောင်း ချရာတွင် ပြည်တွင်း၌ ဆန်ဈေး မြင့်တက်နေခြင်းကြောင့် ဆန်တစ်အိတ်ဈေးနှုန်း သုံးယွမ်ခန့်ဈေး တက်လာသည်။ မူဆယ်မြို့တွင် ရက် ၉၀ နွေဆန်ရှယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၄၂ ယွမ်မှ ၁၄၅ ယွမ်ဈေးတက်သည်။ မြန်မာနိုင်ငံမှ ကုန်သည်များ သည် နှစ်နိုင်ငံကုန်သွယ်ရေးလုပ် ငန်းများအဆင်ပြေစေရန် တရုတ် နိုင်ငံရှိ ဘဏ်များတွင် ငွေစာရင်း များဖွင့်လှစ်ထားသည်။ ထို့အပြင် တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းတင်ပို့သူများနှင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းလိုသူများအတွက် ကြားခံဝန်ဆောင်မှုပေးနေသည့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက တရုတ်ဘဏ်များတွင် ငွေစာရင်းများဖွင့်လှစ်ထားသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်း တွင် ရွှေလီမြို့ရှိ တရုတ်ဘဏ်များ က မြန်မာငွေစာရင်းများ ပိတ်ခဲ့ချိန်တွင် ကုန်သည်များငွေစာရင်းနှင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ်ငွေစာရင်းအများစုပါဝင်ခဲ့သည်။ ထိုကဲ့သို့ ငွေစာရင်းများ အပိတ်ခံရမှုကြောင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအများစု ဇွန်လ ၁၂ ရက်တွင် လုပ်ငန်းများရပ်နားခဲ့သည်။ လုပ်ငန်းများရပ်နားချိန်တွင် နှစ်နိုင်ငံကုန်သွယ်ရေး အခက်အခဲဖြစ်လာသောကြောင့် တရုတ်ကုန် သည်များက တရုတ် အစိုးရကို တောင်းဆိုသဖြင့် ယူနန်ပြည်နယ် ရွှေလီမြို့ရှိ မြန်မာကုန်သည်များ အား ငွေစာရင်းဖွင့်လှစ်ခွင့်ပြုထား သည့် တရုတ်လယ်ယာစိုက်ပျိုး ရေးဘဏ်၊ တရုတ်စက်မှုနှင့် ကူး သန်းရောင်းဝယ်ရေးဘဏ်တို့က မြန်မာကုန်သည်များ၏ ငွေစာရင်းများပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်ဗဟိုဘဏ်က စိစစ်နေသည်။
image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by goldshwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43