idol ကြီးတွေ (@aggamun)

in #kryptonia5 years ago

အငယ်ဆုံး ညီနှစ်ကောင် ဒီနေ့ အိမ်မှာ လာကစား ကြတယ်ဗျ။ သူတို့ နှစ်ယောက်က အသက်ချင်းကလည်း သိပ်မကွာ၊ ငယ်ကလည်း ငယ်သေးတော့ တစ်ယောက်နဲ့ တစ်ယောက် အနိုင်မခံ အရှုံးမပေး ပေါ့ဗျာ။ သူတို့က အနာဂတ် မျောက်လောင်းတွေ ပီပီ တစ်ယောက် လည်ပင်း တစ်ယောက် ဖက်ပြီး အော်နေတာ အောင်လအန်ဆိုင်း ကွ ဆိုပြီးလေ။ ပြီးတော့ ပြောသေးတယ်။ လက်ပုတ် လိုက်တော့ လက်ပုတ်လိုက်တော့။ တစ်ယောက်ကို တစ်ယောက် အရှုံးပေး ခိုင်းနေတာ။ နားကို ငြီးနေတာပါပဲဗျာ။

သူတို့ နှစ်ယောက်ကစားတာ ကြည့်ရင်း ကျွန်တော် အတွေး ထဲ စကားလုံး တစ်ချို့ ဝင်ရောက် လာသည်။ ' idol ' ဆိုသည့် စကားလုံး ဖြစ်သည်။ English to English dictionary မှာ ရှာကြည့်တော့ ' a person or thing that is loved and admired very much. ' တဲ့။ အင်မတန် မြတ်နိုး လေးစား အားကျရတဲ့ သူ သို့မဟုတ် အရာ လို့ ပြောရင် သင့်တော်မယ် ထင်ပါတယ်။ သူတို့ အရွယ် မှာ သူတို့ လေးစား အားကျတဲ့သူ ရှိတာ အမှား မဟုတ်ပေမယ့် လေးစား အားကျတဲ့သူ မှန်ကန်ဖို့ ကတော့ အရမ်း လိုအပ်မယ်လို့ တွေးလိုက်မိပါတယ်။

ကလေးတွေ ဆိုတော့ဗျာ နီးစပ်ရာတွေသာ idol အဖြစ် ယူလိုက်ကြရတာ များပါတယ်။ idol ယူတာ မှားခဲ့ရင် တော့ ဒီကလေး အနာဂတ်ဟာ လှပ နိုင်တော့မှာ မဟုတ်ပါဘူး။ အဓိက တာဝန်ရှိသူက မိဘ လို့ပဲ ပြောရမယ် ထင်ပါတယ်။ ပတ်ဝန်းကျင်က ကျွန်တော်တို့လို သူတို့ရဲ့ စီနီယာကြီး တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။ ကိုယ်က တော့ ဘာရယ် မဟုတ်ပါဘူး လုပ်လိုက်တဲ့ အပြောအဆို အပြုအမူလေး တစ်ချက်က သူတို့ ဘဝ အတွက် ခလုတ် ကန်သင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကျွန်တော် သူတို့ရှေ့မှာ ပို သတိထား နေထိုင်ရပါတယ်။ ကျွန်တော့ ရဲ့ မိဘ ရှေ့မှာသာ အဲဒီလို နေခဲ့ရင်တောင် ကျွန်တော် သားလိမ္မာ ဖြစ်နေလောက်ပြီ ထင်ပါတယ်။

ပြီးတော့ အဲဒီလို စီနီယာတွေ ထိန်းထိန်း သိမ်းသိမ်း နေထိုင်ခြင်းသည်ပင် ဂျူနီယာ များရဲ့ ဂါရဝ တရား ထားသင့်တဲ့ အချက်ပဲ လို့ ကျွန်တော် ယူဆပါတယ်။ ဒီလို မှမဟုတ်ရင် စောစော မွေးလာလို့ ရိုသေ လေးစား ရမည် ဟူသော အချက်က ကျွန်တော့ အတွက် သဘော မတွေ့ စရာ ဖြစ်သည်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိပေး ထိန်းသိမ်း နေခဲ့ခြင်း ဖြစ်သည်။

တစ်ဆက်တည်း တွေးမိတာက ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့ idol တွေ ပေါ့ဗျာ။ ကျွန်တော်က 90's born ပါ။ ငယ်ငယ်က ကျွန်တော့ရဲ့ idol က သိတဲ့ အတိုင်း စစ်ဗိုလ်ကြီးပေါ့။ ငယ်ငယ် တုန်းကတော့ တိုက်လိုက်ရတဲ့ သူပုန်တွေပေါ့ဗျာ။ စိတ်ကူး အိပ်မက် ထဲမှာလေ။ ထိုခေတ် ထိုအခါက ကလေး တော်တော်များများရဲ့ အိပ်မက်များ လည်း ဖြစ်ကြပါတယ်။ မိတ်ဆွေတို့ကရော ဘယ် born လည်းဗျ။ idol ကရော?


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

Using share2steem.io : http:// https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-17-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=100
Sort:  

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 250 as payout for your posts. Your next target is to reach a total payout of 500

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The Steem blockchain survived its first virus plague!

You can upvote this notification to help all Steem users. Learn how here!

ဘာဖြစ်လို့ downvote ပေးတာလဲ ဆိုတာ မေးကြည့်ပါလား ဘရို

ဟုတ် ကျနော်လည်း မေးကြည့်နေတာပါပဲ ခုထိ တော့ မသိသေး

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54414.30
ETH 2295.54
USDT 1.00
SBD 2.30