မိတ်ဆက်

in #introduceyourself8 years ago (edited)

မင်္ဂလာပါ။
အွန်လိုင်းစသုံးတာက 2012။ ဟိုဖိုရမ်ဝင် ဒီဖိုရမ်ဝင် နဲ့ gtalk လေး chat လိုက် ကျူလိုက်ပေါ့။
နောက်တော့ မလေးရှား ရောက်စ။ အင်တာနက်လိုင်းကောင်းတော့ အွန်လိုင်းသုံးချိန်ပိုများ။ ငယ်ချိန်ဆိုတော့ ကလိတာကများတော့ ဟိုရောက်ဒီရောက်။ ဖိုရမ်တကာပတ်။ အဲ့လိုနဲ့ မြန်မာကိုပြန်ရောက်လာ။ ဖိုရမ်တွေ ခေတ်ပျောက်ပြီး facebook က ခေတ်စားနေကာစ။
အဲ့လိုနဲ့ Kyaw Thu Ra ဆိုတဲ့အကောင့်နဲ့စသုံးဖြစ်တယ်။ နောက် လော့ကျတော့ မိုးသိမ်းဆိုတာနဲ့ အသစ်ဖွင့်သုံး။ နောက် မိုးသိမ်းကနေ မိုးကျော်ဖြစ်။ အဲ့ကနေ ID တင်ပြီးတော့ မိုးကျော်ကနေ Kyaw Thura ဖြစ်သွားလေသတည်းပေါ့။
အလုပ်တွေကတော့ ဟိုရောက်လိုက်ဒီရောက်လိုက်။ စိတ်ကူးပေါက်ရာလျှောက်လုပ်နေတာပါပဲ။ အဲ့ထဲက တချို့ လူသိများတဲ့ အလုပ်လေးတွေကတော့ facebook မှာ မြန်မာစာတမ်းထိုး ဖိုင်လေးတွေစတင်ဖြစ်တယ်။ နောက်တော့ https://www.mmsubtitles.com လေး လုပ်ဖြစ်။
mmsubtitles cover.jpg
အဓိက အွန်လိုင်းမှာ လူသိများတာက mmsubtitles ကြောင့်ပါ။ နောက်တော့ mmsub မှာ စာဖိုင်သက်သက်တင်ပေးနေရင်းကနေ အချို့အတွက် စာတမ်းအသေပါ ထည့်ပြီးတင်ဖြစ်သွားတယ်။ .com က ပျက်သွားလို့ www.mmsubtitles.co ဖြစ်သွားတာ ခုထိပါပဲ။အဲ့လိုနဲ့ 2012 မှာ မင်္ဂလာဆောင်။ 2014 မှာ သမီးလေးတစ်ယောက်ရ။
Capture.PNG

အလုပ်တွေကတော့စုံနေတာပါပဲ။ 2009 နှစ်ကုန်မှာ မြန်မာကိုပြန်ရောက်။ 2010 လောက်ကထဲက နိုင်ငံခြားဇာတ်ကားတွေ ဘာသာပြန်တဲ့ team လေး စထောင်ပြီး လုပ်ခဲ့တာ။
2016 လောက်မှာ crypto တွေ ခေတ်စားလာတော့ အိပ်ချိန်းလုပ်ရင်း crypto လောကထဲ ရောက်လာ။ လုပ်နေရင်း mining အကြောင်းလေ့လာပြီးတော့ ကိုယ်တိုင် စမ်းတူးကြည့်တယ်။ နောက်တော့ အဆင်ပြေလာပြီး သူများတွေကိုပါ စက်တွေရောင်းပေးခဲ့တယ်။2017 နှစ်ကုန်ပိုင်းမှာ အိပ်ချိန်း အလုပ်ရပ်ပြီး mining ဘက်ကို အာရုံအပြည့်စိုက်ထားတော့တယ်။
2016 လောက်မှာ https://khitmarket.com ဆိုပြီးတော့ digital File marketplace လေးလုပ်ပြီး ကိုယ်တိုင်လည်းရောင်းချင်တာတွေရောင်း သူများတွေလည်းလာရောင်းနိုင်အောင်လုပ်ပေးထားသေးတယ်။ အဲ့တာလေးကလည်းခုထိတော့လိမ်ဖည်လိမ်ဖည်ပေါ့။
Khitmarket Page Cover.jpg
အသစ်တွေလည်း လုပ်ထားတာတွေရှိတယ်။မကြာခင်တော့ publish လုပ်နိုင်တော့မယ်။
ဒီလိုနဲ့ facebook မှာတော့ ဟိုတွေးဒီတွေးအူကြောင်ကြောင်လေးတွေရေးလိုက် ။ ဆရာကြီးလုပ်လိုက် ။မသိတာတွေမေးဖို့တပည့်လုပ်လိုက်နဲ့ ခုတော့ ဆရာဒီပ သွေးဆောင်ဖျာရောင်း မှုနဲ့ ဒီ steemit အသိုင်းအ၀ိုင်းထဲရောက်ခဲ့ရတာပါပဲ :)

Kyaw Thu Ra
Khit Online General Service
Khit Marketplace

MSU N0 056

Sort:  


Welcome to Steemit @komoekyaw!

I wish you much success and hope you find Steemit to be as rewarding and informative as I have.

Here are some links you might find useful.
Your stats on SteemNow
Your stats on SteemWorld
Your stats on SteemD
How to use Minnow Booster
How does Steemit actually work?

Introbot is hosted and managed with donations from @byColeman to help make your journey on Steemit be truly rewarding. Your feedback is always welcome so that we may improve this welcome message.
Oh yea, I have upvoted you and followed you. Many blessings from @introbot & @bycoleman

Welcome to Steemit.
ဆာသမားတွေတောင် ရောက်လာပါရော့လား

ဆရာတွေ ခေါ်တော့လည်းလာရတာပေါ့ :)

30688195_442396722853716_3392771258985742336_n.jpg

You receive 100% Vote From @wailinn. Because Your Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Mining ကို စိတ်ဝင်စားတယ်ဗျာ
သင်ယူလေ့လာပါရစေဗျ

ဟုတ်။ လွန်ခဲ့တဲ့လပိုင်းတွေက အတော်လေး ကျပ်တည်းသွားတယ်။ ခုတော့အခြေနေတွေပြန်ကောင်းလာပါပြီ။ mining လုပ်မယ်ဆို လုပ်နိုင်တဲ့ဈေးပြန်ဖြစ်လာပြီပေါ့

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

fighting bro
mining ကို စိတ်ဝင်စားတယ်ဗျာ လုပ်ဖြစ်ခဲ့ရင် ကူညီပေးပါဦး
@aggamun

စိတ်ချဗျာ။ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်

fighting bro
mining ကို စိတ်ဝင်စားတယ်ဗျာ လုပ်ဖြစ်ခဲ့ရင် ကူညီပေးပါဦး
@aggamun

ဆရာသမားဆီက ပညာတွေ ယူရအုံးမယ်

သင်​ချင်​တယ်​​ဗျာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.101
BTC 62489.76
ETH 1781.01
USDT 1.00
SBD 0.38