အမြင်ကျယ်ကြပါစေလို့

in #esteemapp6 years ago

image

အမြင်ကျယ်ကြပါစေလို့

မြန်မာနိုင်ငံက... လူတချို့ဆို...
Waiter Waitress
ဆိုတာနဲ့ မြန်မာပြည်က အထည်ကြီးပျက်တို့
အနံကြီးကွင်းကျယ်တချို့က

နေပါကွာစားပွဲထိုးက စားပွဲထိုးပဲ လို့ပြောကြတယ်...
သာမန်စားပွဲထိုးတွေနဲ့ ရောကြည့် ရောမြင်လိုက်တယ်
အထင်သေးတဲ့အမြင်နဲ့ကြည့်တယ်.....

International ပြည်ပကိုထွက်ကြည့်လိုက်ရင်
Proကျ တဲ့ ဒီ Waiter Waitress တွေဟာ ဝင်ငွေကောင်းပြီး
ဘဝရဲ့ တက်လှမ်းအတွက် ဒီအလုပ်ကို လှေကားထစ်တခုလိုအသုံးပြုကြတယ်

ကျွန်တော် သြစီရောက်တော့
သူတို့နိုင်ငံသားတွေအရမ်းအလုပ်လုပ်ကြတယ်
ကျောင်းမုန့်ဖိုးကိုယ်သုံးဖို့ကိုယ်ရှာကြတယ်

ကိုယ်တွေနိုင်ငံကိုလာရင် ဖောရိန်းမို့အထင်ကြီးဓာတ်ပုံတွဲရိုက်ကြတယ်
သူတို့ သူတို့နိုင်ငံမှာ အောက်ခြေကစပြီးအောက်သက်ကြေတယ်
ကောလိပ်ကျောင်းသားတွေလေးတွေဆို
စားပွဲထိုးကြတယ် အချိန်ပိုင်းအလုပ်လုပ်တယ်

မိနိးကလေးတွေကြတော့ တချို့က....
အိမ်နီးချင်း တွေအတွက် ကလေးထိန်းပေးကြတယ်.....

ခဗျားတို့ အထင်သေးကြတဲ့ ရူံ့ချကြတဲ့
အဲ့စားပွဲထိုးဆိုတာကြီးက
ဘဝတခုကို ထိုးတက်ဖို့ အတွက်
ခဗျားတို့လေးစားအားကြရတဲ့လူတွေ လုပ်ခဲ့ဖူးကြတယ်။

ဒါဟာရှက်စရာမဟုတ်ဘူး.....

ကျွန်တော် လည်းတချိန်ကရှက်ခဲ့ဖူးတယ်....
ဒါပေမယ့် အချိနိကြာလာတော့နားလည်လာခဲ့တယ်

image

ခု.... Mudra Calling ရိုက်တဲ့
ကိုဇဏ်ခီတို့လင်မယား
သူတို့ပြောသွားတယ်
ကျွန်တော်တို့ အမေရိကားမှာကျောင်းတက်တော့
ကျောင်းစရိတ် မလောက်တဲ့အတွက်.....
မခရစ်စတီနား က Waitress လာလျှောက်တယ်တဲ့

ဒါဟာ
ရှက်စရာလည်းမဟုတ်ဘူး....
ဒီနေရာကြီးမှာ ပဲ ဘယ်သူကမှရပ်မနေဘူး
ဘဝရဲ့ အချိုးကွေ့တခုမှာ.... ဒီနေရာကို အားပြုခဲ့ကြရတယ်

တချို့ကြပြန်တော့ ဒီအလုပ်ကိုဝါသနာပါတဲ့သူတွေကြ
ဒီအလုပ်မှာပဲ Proဖြစ်တဲ့ထိလုပ်ကြတယ်

ကမ္ဘာပေါ်က ဝင်ငွေအရမ်းကောင်းတဲ့
ချမ်းသာ နေကြတဲ့
F&B ဆရာကြီးတွေ သူတို့ဘယ်ကနေလာခဲ့တယ်လို့ထင်လဲ။

ဘယ်အလုပ်မဆို Pro ကြအောင်လုပ်ပါ
Pro ဆန်ရင် ကိုယ့်အလုပ်ကိုလေးစာရင်
အဲ့လူက တိုးတက်ရင်းတိုးတက်မှာပါ.......

တပါးသူကို
အမြင်သေးသေးနဲ့ ခဏတာကြည့်တယ်
တချိန်အဲ့လူက ကိုယ့်ထက်သာသွားနိုင်တယ်.......

ဒါကြောင့် ဘယ်သူ့ကိုမှလွယ်လွယ်အထင်မသေးမိပါစေနဲ့
Macauက ဟိုတယ်ထဲသွားကြည့်ပါ
ခဗျား ရှေ့ကို ဝိုင်ခွက်လာချပေးတဲ့
စားပွဲထိုးဟာ ခဗျားထက်ဝင် ငွေ ကောင်းနေတက်တယ်တဲ့။

ကျွန်တော်ပေးချင်တဲ့ အတွေးက
မည်သူ ကိုမဆို လွယ်လွယ်နဲ့အထင်မသေးလိုက်ပါနဲ့
စားပွဲထိုးကျောင်းစာရိတ်ရှာရင်း
လုပ်ငန်းရှင်ဖြစ်သွားတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ
ရိုက်သတ်လို့မကုန်ဘူး.....

စားပွဲထိုးပဲလုပ်ကြပါတော့လို့ တိုက်တွန်းတာတော့မဟုတ်ဘူးနော်
တော်ကြ Tip ရတယ် ဝင်ငွေကောင်းတယ်ဆိုပြီး
ကျွန်တော်ဆိုလိုတာက
ဘယ်အလုပ်မဆို သမာအာဇီဝကျရင်
ရိုးသားရင် လေးစားစရာ ကောင်းတယ်လို့ပြောချင်တာပါ

အလုပ်ဟူသမျှဂုဏ်ရှိစွပါ

ကျွန်တော်တို့မြန်မာလူမျိုးတွေအရင်ပြင်ရမှာက
စိတ်နေစိတ်ထားတွေကို ပါပဲ

စာများများဖတ်ကြပြီး အမြင်ကျယ်ကြပါစေလို့

photo : facebook

image

Sort:  

Congratulations @luyoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57868.91
ETH 2362.75
USDT 1.00
SBD 2.36