တွေ့သမျှကူးချ.၈.

in #esteem6 years ago

အပိုင်း.၂.၁.
ရန်...အရေးကြီးလို့  လင်းလင်းက သူ့ ဆီ ခဏလာ ခဲ့ပါဦးတဲ့´´ ကျောင်းကောင်စီ တွဲဖက်အတွင်းရေးမှုး ယဉ်ယဉ်ဦး က လာပြောသဖြင့် ရန် ဗျာများသွားသည်..စင်ပေါ်မှာ က လက်စပြဇတ်က မပြီးသေး..ကိုးတန်း`ဘီ´မှ စိုးညွန့် တို့  တင်သော ဟာသပြဇတ် တိုလေးက ပရိတ်သတ်များနှင့် တဝါးဝါး ပွဲကျနေလေသည်... ကိုးတန်းမှာ ရန်က ကျောင်းကောင်စီ အတွင်းရေးမှုးဖြစ် လေသည်မို့  ယခု အာစရိယပူဇော်ပွဲနှင့် တွဲလုပ်သော ကျောင်းကပွဲတစ်ခုလုံး လိုလို ရန့် ခေါင်းပေါ်ပုံကျနေ သည်... စိုးညွန့် တို့  ပြဇတ်တိုပီးလျှင် ရန်တို့  ကိုးတန်း`အေ´ မှ အကပဒေသာ အစီအစဉ်..ထို အစီအစဉ်မှာ လင်းလင်း အပါအဝင် ကျောင်းသူ သုံးယောက် သီချင်းတစ်ပုဒ် ဖြင့် ကမည် ဖြစ်သည်..ထိုအုပ်စုကလည်း ခုချိန်ထိ စင်နောက် သို့ ရောက်မလာသေးသဖြင့် ရန် စိတ်ပူစပြုနေပီဖြစ်သည့် အချိန်... အမှန်က ကိုယ့်အတန်းကိုယ် ရန် ဦးစီး စီစဉ်ပေးဖို့ ပင်.. သို့ သော် ရန့် တာဝန်က တစ်တန်းတည်း တင်မကပဲ တစ် ကျောင်းလုံးနှင့် ဆိုင်နေသဖြင့် အတန်းထဲက အစီအစဉ် ကို ဖိုးကိုတို့  သောင်းထိုက် တို့ နှင့်လွှဲထားရသည်... ယဉ်ယဉ်ဦး စကားကြောင့်စိတ်ထဲ ပူသွားသည် လင်းလင်း နှင့် ဖိုးကို တို့ များ တခုခုပြသနာဖြစ်နေလို့ လားလေ... သည်မှာကလည်း ပြဇတ်စီစဉ်သူ စိုးညွန့် ကိုယ်တိုင်ဝင်က နေသဖြင့် စင်ဘေးကနေ အစီအစဉ် ကြေငြာသူအဖြစ် ရော..တောက်တိုမယ်ရ လှမ်းခိုင်းတာ လုပ်ပေးသူအနေ နှင့်ပါ စိတ်ပူပူဖြင့် လှုပ်ရှားနေရသည်... သိုသော်လည်း မရွှေလင်းလင်း ခေါ်သည်ကို မသွားလျှင် လည်းမဖြစ်..ဘာပြသနာမှန်းမသိပဲ ပစ်ထားလိုက်လျှင် သည်ပုဂ္ဂိုလ်မလေးက စိတ်ကောက်ပီး မကဘဲ နေချင်နေ လိမ့်မည်..ဒါမှမဟုတ် လျှင်လည်း ဖိုးကိုတို့ နဲ့ရန်ဖြစ်ပီး နပန်းလုံးချင်လုံးနေလိမ့်မည်... သို့ အတွက် သတင်းလာပို့ သူ ယဉ်ယဉ်ဦးဘက်လှည့်ပီး..ဘာကိစ္စတဲ့လဲ ယဉ်ယဉ်ဦး´´
ယဉ်ယဉ်ဦးက ပြုံးစစလုပ်ရင်း...
ဘယ်သိမလဲဟ..နင့်လင်းလင်းက နင့်ခေါ်တာ.. နင်နဲ့တွေ့ချင်လို့ နေမှာပေါ့´´ဟာ...အရေးထဲ နင်ကလဲ မဟုတ်ကဟုတ်က´´
ရန် ယဉ်ယဉ်ဦး စကားကြောင့် အနေရခက်စွာနှင့် ပြော
လိုက်၏...
အချင်းချင်းဓာတ်သိတွေလို ဖြစ်နေကြသည်မို့  လင်းလင်း
နှင့်ရန်တို့  အများထက်ပို ရင်းနှီးမှုကို အကြောင်းပြုပီး ရန်
တို့ နှစ်ယောက်ကို ဟိုကစ ဒီကစ လုပ်နေကြပေပြီ...
ယဉ်ယဉ်ဦးက ရယ်၍...
အရေးထဲ လုပ်မနေနဲ့ ဖိုးရန်...ကျန်တာတွေထက် ပိုအရေးကြီးတယ်...သွား လိုက်ဦး...တော်ကြာ အခစား နောက်ကျနေလို့  နင့်ကို အမျက်တော်ရှ နေဦးမယ်´´ နောက်တာ စတာ ခဏထား..လောလောဆယ်ကသူပြော သလို ဖြစ်နေသည်မို့  ရန် ဆက်အတွန့် မတက်တော့ပဲ...ကဲ...ဒါဖြင့် ဒီနားကနေ အခြေအနေ ကြည့်နေဦး
နော် ယဉ်ယဉ်ဦး..ဟိုကောင်တွေ အခြေအနေကြည့်နေ..
သူတို့ လိုတာရှိရင် ဒီကနေ လှမ်းလုပ်ပေး..နင်မလုပ်တတ်
တာရှိရင် အောက်က တီးဝိုင်းထဲမှာ ကျော်ဌေး ရှိတယ် သူ့ 
ကို လှမ်းပြော´´
``အေးအေး...´´
ယဉ်ယဉ်ဦးကို မှာစရာရှိတာ မှာပီးသည်နှင့် ရန် အောက်
ထပ်ဆီသို့ သွက်သွက်ပြေးသည်...
အောက်ထပ်အခန်းသည် နောက်အစီအစဉ်များ အတွက်
ကြိုတင်ပြင်ဆင်နေကြသော အဝတ်လဲ အလှပြင်ခန်းဖြစ်
၏။

Sort:  

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

This post has received a 1.56 % upvote from @drotto thanks to: @zayarminkhant.

This post has received a 1.41% upvote from thanks to: @zayarminkhant.
For more information, click here!!!!

Try the new Minnowhelper Bots for more information here

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61143.97
ETH 3363.47
USDT 1.00
SBD 2.51