ကြိုးစားကာ လျှောက်လှမ်းလို့

in #esteem5 years ago (edited)

ဒီနေ့သည် ကျွန်တော်အတွက် မအားဘူး မနားဘူး အလုပ်များနေတယ် စသည့်စသည့် အက်ကြောင်းထပ်နေအောင် စာရေးပို့စ်တင်ပြတိုင်း အကြောင်းပြချက်ထုတ်ခဲ့သလို လုပ်နေသောအလုပ်များထဲ၌ နှစ်ရက်သာ အနားယူခဲ့သောအလုပ်သည် ဒီနေ့၌ ပြန်လည်လုပ်ဆောင်ခဲ့လေပြီ။
ထိုအလုပ်သည်က ယခင် ယခင်က တစ်ကြောင်းစ နှစ်ကြောင်းစလောက်သာတင်ပြခဲ့သော ဈေးရောင်းသောအလုပ်ပင်ဖြစ်၏။
ဈေးမထွက်သာနှစ်ရက်ဆိုပေမယ့်လည်း အပိုဝင်ငွေရရှိအောင် ကျန်ရှိနေသေးသောအလုပ်များကိုတော့ အနားမယူခဲ့ အားတဲ့အချိန်အိပ်၏။
အိပ်ပျက်ခဲ့ရသော နေ့ရက်ပေါင်းများစွာတွင် နှစ်ရက်လောက် အနားယူကာ ညကိုခက်စောစောအိပ်ရာဝင်ကာ နှဖူးပေါ်လက်တင်ပြီး မျက်လုံးတစ်စုံမှိတ်လိုက်သည်နှင့် မနက်မိုးလင်းသွားခဲ့ရ၏။
ငါအိပ်ပျော်အောင် အိပ်ရေးဝအောင် အိပ်လိုက်ပါရဲ့လာဆိုပြီး အရူးစိတ်အတွေးသည် သံသယဖြစ်ခဲ့မလောက်" အော်" မြန်ဆန်လွန်းလှတဲ့အချိန်တွေပါလားနော် စိတ်ကထင်ခဲ့လေသည်။
executive-with-a-light-bulb-surrounded-by-icons_1232-162.jpg
ကျွန်တော်လုပ်နေသောအလုပ်သည် နေ့ရောညပါ ကိုယ်ပိုင်ဈေးရောင်းသောအလုပ်တစ်ခုထဲမဟုတ် ငွေသာရလျှင် သမာအာဇီဝ ကောင်းရောင်းကောင်းဝယ်အလုပ်မှန်သမျှလုပ်၏။
အဆိပ့်ပြင်းလွန်းလှသောမြွေမဟုတ် လူတွေကိုယစ်မှုးအောင် ဖမ်းစားနိုင်သောငွေကိုသာပြလိုက် တာဝန်သည်ကျေပွန်ပြီးသားဖြစ်၏။
ငွေရလျှင်ပြီးရော ကြိုက်တာခိုင်း ဒါပေမယ့် လူမှာလူညွှန့်ဆိုတာရှိသလို ဈေးစကားအရ ဈေးညွှန့်ကိုတော့အချိုးမခံ ထပ်တူကျသောတန်ကြေးရမှ လုပ်လေ့ရှိ၏။
အသက်ရှင်သန်နေသည့်အချိန်တိုင်းကို ငွေဖြစ်အောင်ဖန်တီးချင်ခဲ့သူ ကိုယ်လိုချင်တာကို မရရအောင် မရမချင်း တစိုက်မတ်မတ်နှင့် ရအောင်ယူတက်လေသောအကျင့် စိတ်ညစ်တယ် စိတ်ပျက်တယ် စိတ်လေတယ် စိတ်ဓါတ်ကျတယ် ပင်ပန်းလိုက်တာ အိပ်ပျက်မခံနိုင်ဘူး စသည့် မြန်မာစကားလုံးများသည် ကျွန်တော်နဲ့လုံးဝမသက်ဆိုင် တစ်ခုခုကိုလိုချင်ရင်တော့ တစ်ခုခုကိုတော့ ပေးဆပ်ရမှာပေါ့ တစ်ခုခုပေးဆပ်ပြီးတိုင်းလည်း တစ်ခုခုကိုရအောင် ရောက်အောင် လက်ဝယ်ပိုင်ဆိုင်နိုင်အောင် တစ်ထစ်ချင်း မှန်မှန်လျှောက်လှမ်းရင်းဖြင့်………………
author:@thura
photo:credit google images

Sort:  

အိပ်ရေးပျက်တာကတော့ ငယ်တုန်းမသိသာဘူး တစ်ချိန်မှာ စုခံရတာဘဲ

ငယ်တုန်းပိုက်ဆံရှာပြီးအသက်ကြီးလာရင်ထိုင်စားမယ်ဗျာ

ရေးထားတာ ကောင်းတယ် ဘရို

အီး စ တင်း ကို အ သုံး ပြု ၍ စာ ရေး သား သည့် အ တွက် ကျေး ဇူး အထူး တင် ရှိ ပါ သည်။

အကြောင်း အကျိုးဆီလျှော်အောင် အချိန်လိုအပ်သော်လည်း
အဆင်ပြေအောင် အလျင်သင့်သလိုလေး ရေးချတင်ပြနေလျက်ပါအစ်ကိုကြီး

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

တစ်ရက်တစ်ပုဒ်တင်ပြနိုင်အောင်ကြိုးစားလုပ်ဆောင်သွားပါ့မယ်ခင်ဗျာ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05