တကယ်ဆိုရင် အချိန်ပဲလိုတယ်

in #esteem6 years ago

image
အဆိုတော် မချမ်းချမ်းသီဆိုထားတာကတော့ တကယ်ဆိုရင်အချစ်ပဲလိုတယ်တဲ့။
ကျွန်တော်အတွက်ကတော့ အချိန်ဆိုတာကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဖမ်းဆုပ်နိုင်လာမယ်ဆိုရင် အရာရာအတွက် ပြီးပြည့်စုံသလိုပါပဲ။
အချိန်ဆိုတာ လူကိုမစောင့် အချိန်ရဲ့နောက်ကို လူသားတိုင်းပြေးလိုက်နေကြရတယ်။
ဒါပေမယ့် လူသားအားလုံးအတွက် ညီမျှသော သမာတိချိန်ခွင်ပေါ်မှာ တပြေညီ မျက်နှာမလိုက်ပဲ အသုံးပြုခွင့် ပေးထားပါတယ်။
image
အချိန်မရဘူး အချိန်မရှိဘူး အချိန်ရဲ့နောက်ကို ပြေးလိုက်လို့မမှီနိုင်ဘူးဆိုတာကလည်း အချိန်ကို ကောင်းမွန်ပိုင်နိုင်စွာဖြင့် အသုံးမပြုတက်လို့ထင်မိပါတယ်။
စိတ်ခန္ဒာနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ငွေကြေးဆိုတဲ့ ဓနဉ္စာပဲဖြစ်ဖြစ် ဆင်းရဲတယ်ချမ်းသာတယ်ဆိုသော ကွဲပြားခြားနားချက်တွေဟာ အချိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးမချတက်လို့ထင်ပါတယ်။
ဒီရေအတက်အကျဟာ မြန်ဆန်လွန်သလို အချိန်ဆိုတဲ့အရာကလည်း နောက်ပြန်လှည့်လို့မရ ရှေ့သို့သာ မသိမသာ တရွေ့ရွေ့နဲ့ 'အော်' မြန်ဆန်လွန်လှပါလာဟု လူတွေနေ့စဉ်ပြောဆိုနေကြပါလိမ့်မယ်။
အလုပ်မရှိသောသူ အလုပ်မလုပ်သောသူ အလုပ်လုပ်စရာမလိုသောသူ ပျင်းပြီးဖျင်းနေသောသူ စောင့်ဆိုင်းနေရသောသူတွေအတွက် အချိန်ကလည်း ကြာလွန်းလိုက်တာကွာဟု ပြောကြပါသောလည်း ကျွန်တော်လို စက္ကန့်မလပ် အချိန်ကိုငွေဖြစ်အောင် ဖန်တီးနေသောသူ ဖန်တီးချင်သောလူတစ်ယောက်အဖို့ကတော့ စမတ်ကျကျနဲ့ မိမိ၏စာရေးစားပွဲပေါ်မှာ စိတ်ကူးယဉ်အတွေးလှိုင်းများလွင့်ပြီး စာရေးပို့စ်တင်နိုင်သောအချိန်ကိုတောင် မရနိုင် ရအောင်ဖန်တီးနိုင်ခြင်းမရှိသေးပါဘူး။
image
ဘယ်လိုပဲလှည့်ပတ်ပြီး ပြောနေပါစေ မရဘူး မရှိဘူးဆိုတာတွေသည် မိမိချမှတ်လိုက်သော အချိန်ဆိုသောဇယားကွက် အချိန်ဇယား လွဲမှားနေသေးသောကြောင့် ဖြစ်ပေဦးမည်။
တိကျမှန်ကန်သော အချိန်ဇယားကို ကျွမ်းကျင်စွာဖြင့် ရေးဆွဲပြီး ကိစ္စအဝဝကို လုက်ကိုင်ဆောင်ရွက်တက်အောင်တော့ ကြံစလုပ်ကိုင်နေရင့်ဖြင့်……………………
author:@thura
photo:credit google images

Sort:  

အချိန်ကပဲ ဘဝတွေ ဘယ်လို ဖြစ်လာမယ်ဆိုတာကို သတ်မှတ်တာပါ။

ကျွန်တော်ကိုယ်တိုင်သာသတ်မှတ်ခွင့်သာရှိခဲ့မယ်ဆိုရင်တော့……………

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ခွန်အားများစွာရရှိလာခဲ့ပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63578.99
ETH 2611.82
USDT 1.00
SBD 2.85