M Y A N M A R( " ဟေ့ " )

in #esteem5 years ago (edited)

ဒီနေ့စိတ်ကူးထဲတိုး၍ဝင်ရောက်လာတဲ့အတွေးတစ်ခု အခြားအကြောင်းအရာထွေထွေထူးထူးတော့မဟုတ်ပါဘူး။ကောက်ရိုးခြောက်ကို ဓါတ်ဆီလောင်းချပေးစရာမလို မီးပွားလေးတစ်ချက်ချမိတာနဲ့ မီးဟုန်းဟုန်းတောက်လောင်တက်သော မြန်မာများရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျုပ်ကစာရေးဆရာတစ်ယောက်တော့မဟုတ်ဘူးဗျာ ဒါပေမယ့်လည်း စတီးမစ်မှာ တွေးတယ် ဆွေးတယ် လွမ်းတယ် အူကြောင်ကြောင်နိုင်လွန်းလှတဲ့ စာအရေးအသားတွေနဲ့ စကားလုံးတွေအပ်ကြောင်းထပ်နေလောက်မတက် ရေးခဲ့သော စာရေးဆရာမဟုတ် စာရေးရင်းလိမ်ဖယ်လိမ်ဖယ်လေးနဲ့ လက်ရှိမြင်တွေ့နေရသောမြန်မာများရဲ့နောက်ကနေလိုက်ပါနေတဲ့သူတစ်ယောက်ပါ။

ပေါက်တက်ကရတွေကို အစဉ်အမြဲရေးခဲ့လို့လာတော့မသိ ပေါက်တက်ကရအရေးသားများက ကျုပ်အတွက်အကျင့်ပါသွားခဲ့ပြီ။ဒီလိုမှမရေးရင်လည်း နာက်ကလိုက်ဖို့ရန်အတွက်ခက်နေပြီလေ။ပေါက်ပန်းလေးဆယ်အကြောင်းတွေထဲက ရုန်းမထွက် ဝဲဂရက်မှာ တဝဲလည်လည် အများတကာလို အသစ်အဆန်းတွေကို ကြိုက်မိပါရဲ့ ကျုပ်ဥာဏ်တစ်ထွာလောက်က လိုက်လို့မမှီ ပေါက်ပန်းလေးဆယ်အကြောင်း ပေါက်တက်ကရ အက်ကြောင်းထပ်မတက် ရေးနေမိ၏။

စွန့်ဦးဆရာ ကောက်ရိုးပုံထဲ မီးပွားလေးချ စမိရာမှ မီးဟုန်းဟုန်းတောက်တက်သော မြန်မာများသည် သူ့ထက်ငါအရင် ရှေ့သို့ရောက်အောင် ကြိုးစားခဲ့တာ မအိပ်မနေ အသက်ရှည်၏ ဆိုသောစကားအတိုင်း တစ်ပုဒ်နှစ်ပုဒ် ရေတွက်လို့မက ရာဂဏန်းကို ကျော်လွန်လို့သာ ထောင်ဂဏန်းကိုစံချိန်တင်နိုင်ခဲ့၏။
ဒါမှငါတို့ ငါတို့မြန်မာ M Y A N M A R " ဟေ့ "ဟု စာလုံးကြီးဖြင့် ဂုဏ်ထူးဆောင်လို့ ကြွေးကြော်သံများ ကြက်သီး ကြက်မွှေး မွှေးညှင်းများပင်ထခဲ့သည်မှာ ပဲ့သင်ထပ်၏။ထိုအချိန်က စတင်းဈေးသည် မိုးမြင့်ထက်ကို တက်လှမ်းခဲ့တာ တက်တက်လို့တောင် မြည်နေခဲ့တာ မြန်မာများရဲ့ နှုတ်ဖျားစ၌ နေ့ရောညပါ အိပ်ပျော်ချိန်မှအစပြု၍ အခါမလပ် ရူးခဲ့ကြ၏။

ယခုတော့လည်း ဟိုအချိန်ကလိုမဟုတ် သူစိမ်းကားကြီး M Y A N M A R များဟာ ဘယ်ရောက်လို့ ဘယ်ပေါက် ဘယ်ကြားကိုရောက် ဘယ်ဂျောင်ကိုကပ် ဘယ်ကြားညတ် ယုန်တစ်ကောင်လိုမြန်လွန်ခဲ့ကြ ယခုချိန်၌ လိပ်တစ်ကောင် သွားနည်းအတိုင်းတောင်မဟုတ်တော့ ပဲ့ကြည့်တစ်ကောင်လောက်ပင်မမြန် ဒီရုပ် ဒီတစ်ပုဒ် ဒီနေရာကနေမရွေ့ နောက်တစ်ပုဒ်အတွက် အင်တာနက်အဝိုင်းလယ်နေသလို စောင့်ကြည့်ရ၏။
မဆီမဆိုင်ပေမယ့်Nextcolony gameရဲ့လင့်ကိုထည့်ပေးလိုက်တယ်။gameကစားချင်ကြသူတွေအလွယ်တကူဝင်ရောက်ကစားနိုင်တာပေါ့လေ။
link:https://nextcolony.io
author:@thura
photo:my

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မျှော်သူမှတော့အရိပ်တကြည့်ကြည့်နဲ့ပါပဲ

မြန်မာ မြန်မာ မိရမ်မာ မိရမ်မာ

အ"ဟေ့" သူပြောမှသတိထားမိတယ်ပ
ကျုပ်တရားစွဲခဲ့ရတော့မလို့ တော်သေးပ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98