ကောင်းသောရလဒ်

in #esteem5 years ago

i2shikmiij.jpg
တစ်လ တစ်လနဲ့ပြောင်းလဲလာခဲ့တာ နေဝင်လိုက် နေထွက်လိုက် မိုးချုပ်လိုက်နဲ့ အချိန်ရဲ့စီမံမှုတွေနောက်ကို အပြေးအလွှားလိုက်လာရင်း နှင်းတွေတဖွဲဖွဲကျနေသော ဆောင်းဟေမာန်ကိုကုန်လုနီးလို့ နွေရာသီ၏ လေပြေက တိုက်ခက်ရောင်သန်းလာလေရဲ့။အေးလွန်းလှသော ဒီဆောင်းကာလ၌ လေပြေလေးကမသိမသာတိုက်ခတ်လေတော့ လူတကာ ကောင်းပေ့ဆိုသော အိပ်စက်နေသောအချိန်၌ နေ့စဉ်မပျက် အိပ်ရေးဝသည်ဖြစ်စေ အိပ်ရေးမဝသည်ဖြစ်စေ အိပ်ရာမှလူလှိမ့်ထခဲ့ရသည်မှာလည်း အလေ့အကျင့်တစ်ခုလိုဖြစ်ခဲ့ပါပြီ။ဈေးသည်ဘဝ အိပ်ရေးဝဝအိပ်နိုင်ရေး ဒီတစ်သက် အတော်လေးကို ကြိုးစားရပေဦးမည်။ဈေးသည်ဘဝ အိပ်ကောင်းခြင်းမအိပ်နိုင် စားကောင်းခြင်းမစားနိုင် လူလည်းအရိုးပဲရှိတော့တယ် ပြောရမလောက်ပင် ကြက်အိပ်ကြက်နေဘဝဆိုတာ ဈေးရောင်းစားနေကြသူတွေကို ရည်ညွှန်းပြီး သုံးဆွဲခေါ်ဝေါ်ကြလေသလား။အိပ်ရေးပျက်တော့ ပါးစပ်မှ တဝါးဝါးသန်းနေခဲ့ရသော အကြီမ်းနှုန်းသည် တစ်ရက်ကို ဘယ်နှစ်ကြီမ်းမှန်မသိ လူမသိအောင် တိတ်တခိုးလေးနဲ့ပေါ့။အတွေးသမားပီပီ စိတ်ကူးတွေကို ရွက်လွင့်ပြီး နေလာခဲ့သမျှ ဈေးသည်ဘဝကို ပြောင်းလဲလုပ်ကိုင်သည့်အချိန်မှစ၍ စိတ်ကူးယဉ်မှုဆိုတာ ကိုယ်နဲ့မသက်ဆိုင်တော့သလို စိတ်ကူးထဲဝင်လာသမျှ ချက်ခြင်းထလုပ်နေရ၏။တွေဝေချိန်မရ ငေးမှိုင်ချိန်ဆိုတာ ဝေလာဝေး ဒိုင်းဆိုပြီး မောင်းခလုပ်ကို လက်ညိုးလေးကွေးလိုက်တာနဲ့ ပစ်မှတ်ကိုထိရောက်အောင် ပစ်နေရသည့်ဘဝ အော် ဒါပေမယ့်လည်း ဟိုအရင်တချိန်က တစ်ခုခုကိုစဉ်းစားမိလိုက်တိုင်း တွေဝေခြင်း ငေးငိုင်ခြင်း တုန့်ဆိုင်း တုန့်ဆိုင်းနဲ့ ဝို့းတိုဝါးတာ ယောင်လည်လည်းဖြစ်တက်သောစိတ်တို့သည် ဈေးသည်ဘဝသို့ကူးပြောင်းလဲလိုက်သောအချိန်မှစတင်၍ ချက်ခြင်းဆိုသည့်စကားလုံးကို အချိန်တိုင်းသုံးသုံးဆွဲလာခဲ့မိလေသည်။(လျှင်မြန်ရမယ် တိကျရမယ် မှန်ကန်ရမယ် ဒါမှပစ်မှတ်ကိုတိကျမှန်ကန်ခြင်းတွေနဲ့ ထိရောက်လျှင်မြန်စွာရောက်မှာဆိုတော့ ဒီဘဝလေး၌ ဒီအလေ့အကျင့်လေးကိုရလာခြင်းသည် ကျွန်တော်အတွက် ကောင်းသည်ထက်ကို ကောင်းလာဖို့ရန်သာရှိပေတော့မည်။)
စာမရေးဖြစ်တာ သုံးလေးရက်ရှိပြီဆိုတော့ အလေ့အကျင့်လေးမပျောက်ပျက်ရလေအောင် အိပ်ငိုက်တဝက် စာရေးရင်ဖွင့်ချင်သည့်စိတ်ကတဝက်နဲ့ တောင်မရောက်မြောက်မရောက် ကိုယ်ရေးသောစာကိုယ်သာနားလည်သည့် အရေးအသားလေးနဲ့ အဆင်ပြေသလိုသာဒီနေ့အတွက်တင်ပြလိုက်ပါကြောင်း………………။
author:@thura
photo:credit google images.

Sort:  

ရေးတာတွေေ ကာင်းလာတယ်

ကောင်းအောင်တော့ကြိုးစားလျက်ပဲဗျို့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

စိတ်ထဲရှိတာတွေကိုတော့အတက်နိုင်ဆုံးတင်ပြနေတာပါပဲ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60938.63
ETH 2918.31
USDT 1.00
SBD 3.67