ဒီခန္ဒာ ဒီစိတ် ဒီမျက်လုံးတစ်စုံအကြောင်း

in #esteem5 years ago

image
ပို့စ်မတင်ဖြစ်ခဲ့တာ တစ်ရက်ပြီးတစ်ရက်နဲ့ နေ့ရက်တွေကပြောင်းလဲသွားခဲ့တယ်။
စာရေးချိန်မရခဲ့တာတော့မဟုတ်ပါဘူး။
လူတစ်ယောက်၏ခန္ဒာကိုယ်၌ နူးညံဆုံးသောအစိတ်အပိုင်းဖြစ်သည့် မျက်လုံးအိမ်ကို ဖုံးအုပ်ထားနိုင်သော မျက်ခွံနှစ်ဖက်က နေ့ရက်လရှည်ကြာစွာ ဒီမျက်လုံးတစ်စုံကို အနားမပေးပဲ လောဘစိတ်ကိုရှေ့တန်းတင်ပြီး မိမိ၏လက်ထဲသို့ ဝင်ရောက်လာနိုင်သော ငွေကြေးများအား အမိအရဖမ်းဆုပ်နေပါသဖြင့် စာရေးပြီး ပို့စ်တင်ပြချိန်ရပါလျက်နဲ့ ဘာကြောင့်မရေးရသလဲဆိုသော် ထိုအားလပ်သောအချိန်၌ နေ့စဉ် ဒီဝမ်းသုံးထွာအရေး အနားယူရင်း လက်လှမ်းမှီနိုင်သလောက်သာအလုပ်ကိုလုပ်ကိုင်ရင်း ကျန်ရှိသောအချိန်များ၌ စဉ်းစားတွေးခေါ်ရသော ဒီဦးနှောက် မြင်မြင်သမျှအရာရာကို မလွတ်တမ်းကြည့်ရှူနေရသည့် ဒီမျက်လုံးတစ်စုံ ချွေးနဲ့ရင်းပြီး ပင်ပန်းကြီးစွာလုပ်ကိုင်နေရခြင်းမဟုတ်ပါသော်လည်း နှစ်ဆယ့်လေးနာရီမှာ ကြက်ဆိုသည့်သတ္တဝါများလို ခေတ္တလောက်သာမှိတ်ခဲ့ရသောဒီမျက်လုံးတစ်စုံ မမှိတ်ပဲပေတေပြီး ခံနိုင်ရည်စွမ်းကို အားကိုးကာမြန်ဆန်တိကျသေခြာအောင် ချိန်တွက်ခဲ့ရသော စဉ်စားတွေးခေါ်နေရသည့် ဒီဦးနှောက်တို့ကြောင့် ဒီခန္ဒာသည် ချွေးများသွေးများထွက်အောင်လုပ်ကိုင်နေရသောအလုပ်ထက် များစွာပင်ပင်ခဲ့ရ၏။
ပင်ပန်းသလောက် လုပ်ခဲ့သလိုလေးတော့ မိမိအတွက်အကျိုးဖြစ်ထွန်းခဲ့လေပြီ။

ကျွန်တော်လျှောက်လှမ်းကာ ဖောက်ထွင်းနေပါသော ရည်ရွယ်ရာ ဦးတည်ချက်ပန်းတိုင်သည် အချိန်တိုတိုလေးအတွင်းတော့ ရောက်အောင်သွားချင်လို့တော့မရနိုင်ပေ။
အမြင့်ဆုံးကိုတက်လှမ်းချင်ပါက လှေခါးထစ်ကိုကျော်တက်ချင်လို့မရ တစ်ထစ်ခြင်း ပိုင်နိုင်စွာတက်လှမ်းမှသာ ခြေချော်ကျသောအန္တရာယ်မှကင်းလွတ်နိုင်ပေလိမ့်မည်။
အတက်သည်နှေးသောလောကသဘာဝနိယာမပင် အဆင်းသည် မြန်ဆန်သည့် မျက်စိတမှိတ်လှည့်တပျက်အတွင်း၌သာ မြန်မြန်ရောက်ချင်ရင်တော့ ပြေးတက်လို့တော့မရောက်နိုင် မနှေးမှန်မှန်လေးလျှောက်လှမ်းပြီးသွားပါက ပြေးပြီးတက်တာထက်ပင် ပန်းတိုင်သည်ကိုယ့်အတွက်သေချာပေမည်။ထို့ကြောင့်နေ့ရက်များစွာပင်ပန်းကြီးစွာအရာရာကိုမလွတ်တမ်းဖမ်းဆုပ်ခဲ့ပါသောကျွန်တော် နောက်ထက်နေ့ရက်များစွာရှင်သန်ကြီးထွားနိုင်ရေးအတွက် စာမရေးဖြစ်သောနေ့ရက်များ၌ ဒီခန္ဒာနဲ့ဒီစိတ် ဒီမျက်လုံးတစ်စုံကို အနားယူခဲ့ခြင်းဖြစ်ပါကြောင်းလိုရင်းတိုရှင်းတင်ပြရင်းဖြင့်…………………
author:@thura
photo:credit google images

Sort:  

နားနားပြိးရေးပေါ့ကွာ အားတဲ့အခါရေး

စာရေးတာနားတဲ့ရက်တွေကများနေတယ်ဗျ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကြိုးစားကာရေးသားလျက်ပါခင်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94