အိမ်မက်က လန့်နိုးခြင်း

in #esteem7 years ago

သူရှေ့မှာ ခြေစုံရပ်ပြီး ရီဝေစွာ ကြည့်မိလေသော် သူကလဲ ရီဝေစွာ ပြန်ကြည့်လေသည် ။ မာန်ပါပါ တောက်ခတ်လေသော အခါ သူကလဲ မာန်ပါပါ ပြန်၍ တောက်ခတ် ပြန်သည် ။ ဒေါသက ထွက်လာပြီ ဒေါသထွက်ပုံနှင့် သူ့ကိုကြည့်လေရာ သူကလဲ ဒေါသထွက်ပုံနှင့်ပင် ပြန်ကြည့် လေသည် ။ ဒါနဲ့ စူးစမ်းစွာနဲ့ သူ့ကို ကြည့်ပြန်ရာ သူကလဲ စူးစမ်းစွာ ပြန်ကြည့်လေသည် ။ ဒါနဲ့ နှုတ်ခမ်းကို မဲရွဲ့ပြလိုက်လေရာ သူကလဲ ပြန်ပြီး မဲ့ရွဲ့ ပြလေသည် ။

tkc7b0h3or.jpg

source

လူက စိတ်တိုလာတော့ အံကြိတ်ပြလိုက်ရာ သူက တစ်ဖန် ပြန်၍ အံကြိတ်ပြလေသည် ။ စိတ်သက်သာသလို ဖြစ်အောင် ရီပြလိုက်ရာ သူကလဲ ပြန်ပြီး ရီပြပြန်လေသည် ။ ထပ်ပြီးတော့ ခေါင်းရမ်းပြလေရာ သူကလဲ ပြန်ပြီး ခေါင်းရမ်းပြလေသည် ။ ကိုယ်လုပ်သလို လိုက်လုပ်နေတော့ ကြာတော့ လူကငိုချင်လာသည် ။ မျက်လုံးအိမ်မှ မျက်ရည်စက်လေးများ ကျလာသောအခါ သူ့ရဲ့ မျက်လုံးအိမ်မှ မျက်ရည်စက်လေးများလဲ ကျလာပြန်လေသည် ။ ဒါနဲ့ မထူးပါဘူးဆိုဘူး ထိုင်ချလိုက်လေရာ သူကလဲ လိုက်ထိုင်လေသည် ။ မကျေနပ်၍ ပြန်ပြီး မတ်တပ်ရပ်လိုက်သော အခါ သူကပါ ပြန်ပြီး မတ်တပ် ရပ်လေသည်။ ဒါနဲ့ နောက်ဆုံး ဘေးမှာ ရှိတဲ့ အလှပန်းအိုးနဲ့ ပေါက်လိုက်သော အခါ သူကလဲ အလှပန်းအိုးနဲ့ ပြန်အပေါက် အစိတ်စိတ် အမွာမွာ ကွဲပြီး ပျောက်ကွယ်သွား သော အခါတွင်မှ အိမ်မက်က လန့်နိုးလေသည် ။ သြော် ရုံးသွာချိန်တောင် နောက်ကျတော့မယ် ။

Author @naythan

Game play link👇

https://nextcolony.io

https://steemmonsters.com?ref=naythan

https://drugwars.io/i/naythan

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61240.63
ETH 1620.29
USDT 1.00
SBD 0.42