ငါလား

in #esteem6 years ago

image
Credit:photo
💟ငါလား~~~
အတ္တကြီးတာ မဟုတ်ဘူး
ပစ်ထားခံရတာများလို့
တစ်ယောက်ထဲ ရပ်တည်နေတာ~~~

💟ငါလား~~~
ဒေါသကြီးတာ မဟုတ်ဘူး
သည်းခံရတာတွေများလို့
အရှိန်ပြင်းပြင်း ပေါက်ကွဲလာတာ~~~

💟ငါလား~~~
စေတနာမဲ့တာ မဟုတ်ဘူး
မေတ္တာတွေ ရောင်ပြန်မဟပ်လို့
တန်းဖိုးမထားတော့တာ~~~

💟ငါလား~~~
မလွမ်းတော့တာ မဟုတ်ဘူး
ကိုယ့်အပေါ် သံယောဇဉ်မရှိလို့
မတမ်းတတော့တာ~~~

💟ငါလား~~~
ခံစားချက်မရှိတာ မဟုတ်ဘူး
ဒဏ်ရာတွေ များလွန်းလို့
နှလုံးသားထဲက ထုတ်ပစ်ခဲ့တာ~~~

💟ငါလား~~~
နားလည်မှု့ မရှိတာ မဟုတ်ဘူး
ခွင့်လွှတ်မှုနဲ့ မတန်တော့လို့
ဥပေက္ခာ ပြုလိုက်တာ~~~

💟ငါလား~~~
သစ္စာမရှိတာ မဟုတ်ဘူး
ယုံကြည်မှုတွေ ရိုက်ချိုးခံရလို့
လှည့်မကြည့်တော့တာ~~~

💟ငါလား~~~
အထီးကျန်နေတာ မဟုတ်ဘူး
ရင့်ကျက်သွားလို့
တစ်ယောက်တည်း နေတာ~~~

💟ငါလား~~~
စိတ်ခိုင်နေတာ မဟုတ်ဘူး
နာကျင်မှု့တွေများလို့
မျက်ရည်တွေ ရပ်တန့်သွားတာ~~~

💟ငါလား~~~
လောဘကြီးတာ မဟုတ်ဘူး
ဘဝသစ် တည်ဆောက်မလို့
အချိန်တွေ လုနေရတာ~~~

💟ငါလား~~~
အစွန်းရောက်တာ မဟုတ်ဘူး
အမှားမရှိအောင်လို့
လမ်းမှန်တွေကို ရွေးချယ်နေတာ~~~

💟ငါလား~~~
ကိုယ့်ရဲ့စိတ်ကို ပြုပြင်မွမ်းမံရင်း အချိန်တွေကြာလာတော့
နောက်ဆုံး တည်ငြိမ်လာတယ်~~~

🍀🍀အညာမြေကိုရင်🍀🍀

Sort:  

Congratulations @myanmargirl! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94