ဘဝရဲ့​အောင်​မြင်​ခြင်းဆိုတာ ​ငွေ

in #esteem6 years ago

image
ပိုက်​ဆံမရှိလို့ဖယ်​ကျဉ်​ခံထားရတာလား?
ဂရုစိုက်​လို့!
ဘဝမှာကိုယ်​ကျင့်​တရား​ကောင်းဖို့က
အ​ရေးကြီးဆုံး​လေ။

ပိုက်​ဆံမရှိလို့မျက်​နှာငယ်​​နေတာလား?
အ​ရေးလုပ်​လို့!
ဘဝမှာရိုးသားမူ့ရှိဖို့ကအ​ရေးကြီးဆုံး​လေ

ပိုက်ဆံမရှိလို့သိမ်​ငယ်​​နေတာလား?
ခံစား​နေလို့!
ဘဝမှာစစ်​မှန်​တဲ့​မေတ္တာတရားရှိဖို့က
အ​ရေးကြီးဆုံး​လေ

လောကမှာလူ​တွေဟာ
ပိုက်​ဆံ? ပိုက်​ဆံ? ပိုက်​ဆံ? နဲ့
ပိုက်​ဆံမရှိရင်​ဘာဆိုဘာမှဖြစ်​မလာသလို
ပိုက်​ဆံမရှိရင်​ဘဝပဲပျက်​​တော့မလိုနဲ့
ပိုက်​ဆံဆိုတာကိုသည်းကြီးမည်းကြီး
ရှာ​နေကြတယ်​။

ပိုက်​ဆံရှိရင်​မိန်းမ​တွေဝယ်​လို့ရချင်​ရမယ်​။
ပိုက်​ဆံရှိရင်​အ​ပေါင်းအသင်း​တွေဝယ်​လို့ရချင်​ရမယ်​...
ပိုက်​ဆံရှိရင်​စိန်​​ရွှေ​ငွေတိုက်​တာ
အ​ဆောက်​အအုံ​တွေဝယ်​လို့ရချင်​ရမယ်​။
ပိုက်​ဆံမရှိရင်​ရာထူးဂုဏ်​နဲ့​ကျော်​ကြားမှူ​တွေ
ဝယ်​လို့ရချင်​ရ​ပေမယ့်
image
စစ်​မှန်​တဲ့​မေတ္တာနဲ့ကိုယ်​ကျင့်​တရားကို​တော့
ပိုက်​ဆံနဲ့ဝယ်​လို့မရဘူး​နော်​။

ပိုက်​ဆံဆိုတာဘဝရဲ့တစ်​စိတ်​တစ်​ပိုင်းမှာ
အ​ရေးပါ​ပေမယ့်​.....
စစ်မှန်တဲ့​​​​မေတ္တာနဲ့ကိုယ်​ကျင့်​တရားကတော့
ဘဝရဲ့အ​ရေးကြီးဆုံးအပိုင်းမှာပါဝင်​ပါတယ်​။

ဒါ​ကြောင့်
ပိုက်​ဆံကိုလိုချင်​စိတ်​​တော့ရှိပါ။
လောဘ​တော့မဖြစ်​မိပါ​စေနဲ့။

ကျွန်​​မ ​ကောက်​​ကြောင်း​တွေကို ကြည့်​ပြီး
ချစ်​တယ်​ဆိုတဲ့ စကားကို လွယ်​လွယ်​မ​ပြောပါနဲ့ ကျွန်​မ ​နောက်​​ကြောင်း​တွေကို နားလည်​၊သိရှိ၊ လက်​ခံနိုင်​မှ ဝင်​လာခဲ့ပါ။

ဘဝ ဆိုတာ စိတ်​ကူးယဉ်​ ​ကောင်းတဲ့
အိပ်​မက်​တစ်​ခုမဟုတ်​ဘူး
လက်​တွဲခြင်းဆိုတဲ့ ​နေရာမှာ
ခိုင်​မြဲတဲ့ နားလည်​မှု ​နွေး​ထွေးတဲ့ကြင်​နာမှု​တွေနဲ့ ခိုင်​မာတဲ့ ယုံကြည်​မှု​တွေကို ​မျှော်​လင့်​ထားတယ်​။
image
နူတ်​ခမ်းဆိုတာ လိုသလို​ပြောဆိုလို့ရ​ပေမယ့်
ရင်​ဘတ်​​ထဲက ခံစားချက်​​တွေက ကိုယ့်​ကိုယ်​ကို ညာလိုမရဘူး​။

ကျွန်​မရဲ့ အလှတရား​တွေထက်​ ကျွန်​မရဲ့
ဖြတ်​သန်းမှုကို ​လေ့လာပါ
လူတစ်​​ယောက်​ကို သံ​ယောဇဉ်​ ဖြစ်​ရတာလွယ်​တယ်​ ဖြစ်​တည်​ပြီးသား သံ​ယောဇဉ်​ ကိုဖြတ်​ရတာခက်​တယ်​။

စိတ်​ကစားရုံ လိုချင်​ရုံ​လောက်​နဲ့ တက်​မလာနဲ့
ကျွန်​မက ​လောကဓံလှည်​ကွက်​ကြားမှာ
အကွက်​​ရွေ့ခံရတဲ့ သမင်​ပျိုမို့ ကျားတိုင်း​တော့
ကြောက်​တတ်​တယ်​။

ဘဝ တစ်​ခုတည်​​ဆောက်​ဖို့ နှလုံးသားနှစ်​ခုရင်းနိုင်​ပြီလား ပိုင်​ဆိုင်​မှု​တွေထားခဲ့လိုက်​ ဘဝအ​ကြောင်း​သေချာ နာကျည်း ဖူး​သူ​တွေက
ရွှေ ​ငွေ ဓနထက်​၊ နားလည်​​ပေးမှု ယုံကြည်​​ပေးမှု ​နွေး​ထွေးကြင်​နာယုယမှုပဲလိုအပ်​တယ်​။
image
ထမင်းရည်​ အတူယက်​မယ်​ မ​ပြောနဲ့
ကျွန်​မ ထမင်းစားတတ်​တယ်​၊
ဒါ​ပေမယ့်​ ထမင်းတစ်​လုပ်​ကို ရှင်​မဖန်​တီးနိုင်​ရင်​မနိုင်​ရင်​ ရှင်​နဲ့ကျွန်​မ သိက္ခာရှိရှိ ကြိုးစားရဲတယ်​။

အချစ်​ စစ်​သွားရင်​ ပိုင်​ဆိုင်​မှုဘာမှမလိုဘူး
လက်​မှတ်​နှစ်​ချက်​ကလည်း အချစ်​စစ်​မဟုတ်​ဘူး အချစ်​ဆိုတာ ကျွန်​မရင်​ထဲ၊ရှင့်​ရင်​ထဲ ရှိတဲ့အရာပါ။

လူတကာ မြင်​​အောင်​ လက်​​တွေတွဲပြ​နေစရာမလိုဘူး ခိုင်​မာတဲ့ သစ္စာကို ရင်​မှာပျိုးထားရင်​ ရပြီ တချို​ပြောကြတယ်​....ကိုယ့်​ ဘဝထဲ သူမလာရဲရင်​ သူ့ဘဝထဲ ကိုယ်​ဝင်​ရဲရမယ်​တဲ့။

ဘယ်​သူဘဝထဲမှ မဝင်​ဘူး ရှင်​သာ
ယောင်္ကျား​ကောင်းတစ်​​ယောက်​ ကိုယ့်​ကိုယ်​ကို
ယုံကြည်​တယ်​ဆို... ဘဝ တစ်​ခု နှစ်ဦးတူတည်​​ဆောက်​မယ်​။

ကျွန်​မ ​နောက်​​ကြောင်းထက်​ ​ကောက်​​ကြောင်း​တွေက မလှဘူး။အလှတရားဆိုတာ ရင်​မှာရှိတာ မြင်​တဲ့သူ .....နဲ့......ကျွန်​မ ​မျှော်​လင့်​သူ
တစ်​​ယောက်​တည်းသာဆိုရင်​ လက်​သာဖြန့်​ထားလိုက်​ ​ကြွေဆင်း​ပေးဖို့ အသင့်​ရှိ​နေမယ်​။

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52