ရွေးချယ်ပေါင်းသင်းရမယ်
ဘဝမှာ လူအမျိုးမျိုး တွေ့ရဆုံရကြုံရပါတယ် သူငယ်ချင်းတွေလည်း အမျီုးမျိုးတွေ့ရပါသေးတယ် လူတိုင်းကတော့ ရာနှုန်းပြည့် ကောင်းမွန်နေမှာ မဟုတ်သလို မိမိစိတ်တိုင်းကျလည်းဖြစ်နေမယ်မဟုတ်ပါဘူး ဒါပေမယ့် လူတွေမှာ ကောင်းကွက်လေးတွေလည်း ရှိနေပါသေးတယ် ကြည့်မြင်သုံးသပ်ကြည့်ကြပါဦးစို့ ဒေါသအားကောင်းတဲ့ မိတ်ဆွေရဲ့ စရိုက်လက္ခဏာတွေကတော့ ဒီအတိုင်းဖြစ်ပါတယ်
ဒေါသအားကြီးတဲ့အတွက် လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူဖြစ်ပါတယ် ဒါပေမယ့်ပင်ကိုစိတ်ရင်းကောင်းလေးရှိရင် သတိနဲ့ပေါင်းသင်းအပ်ပါတယ် အဲ့ဒီလူမျိုးက သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကရှိနေပါတယ် ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရနိုင်ပါတယ်သတိတော့ထားရပါမယ် စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်သော ခလေးဆန်တဲ့အပြုအမူလည်းရှိပါတယ် ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်လွှတ်မယ် မထင်ပါနဲ့ပြီးပြီးရော လူစားမဟုတ်ပါ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ်ဆိုတာတွေ့ရပါမယ် အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားမယ့်သူပါ လုပ်ရဲကိုင်ရဲရှိလို့ပါဘဲ သူ့ကိုလမ်းပြပေးပါ သူဟာလူဆိုးစာရင်းထဲတော့မပါဝင်ပါဘူး လူဖြောင့်စိတ်တိုဆိုတဲ့ မြန်မာစကားပုံအတိုင်း သူဟာ အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက် ဖြစ်နေပါတယ် ပေါင်းသင်းလို့ မလွယ် ပေမယ့် သတိထားပြီးပေါင်းသင်း ရင်တော့ မိတ်ဆွေတစ်ဦး တိုးလာမှာပါ အဲ့ဒီလိုမိတ်ဆွေလည်း သင့်ဘဝမှာလိုအပ်ပါတယ်
@mm7
photo-google image
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq