မေမေsteemCreated with Sketch.

in #esteem6 years ago (edited)

မေမေ့ကို ပူဆာပြီး မိုးပျံပူဖောင်းလေးတစ်လုံး ကျနော်ဝယ်လာသည်

ကျနော်သိသမျှ အရာဝတ္ထုတော်တော် များများက လေပေါ်မပျံနိုင်ကြပါ
ဒီပူဖောင်းလေးကတော့ ပျံသန်းနိုင်သည်

ချည်ထားသောကြိုးလေးကို မြဲအောင်ကိုင်၍ မိုးပျံပူဖောင်းလေးကို မော့ကြည့်မိသည်

''ငါမင်းကို သိပ်အားကျတာပဲ ငါလည်း ပျံသန်းခွင့်ရချင်တယ်''

မိုးပျံပူဖောင်းလေးနားကို တိုးတိုးလေး ကပ်ပြီး ရေရွတ်မိသည်

''ခင်ဗျားက ကျနော့်ကို ပျံသန်းနိုင်တယ် များထင်နေတာလား''

မိုးပျံပူဖောင်းလေးက မေးခွန်းပြန်ထုတ်တော့ ကျနော် အံ့သြရပြန်သည်

''မင်းက ပျံနေတာမဟုတ်ဘူးလား'

''မဟုတ်ဘူး ကျနော်က အနိုင်ကျင့်ခံနေရတာ
တကယ်က ကျနော့်မှာ ပျံသန်းနိုင်စွမ်းမရှိဘူး
ကမ္ဘာမြေကြီးရဲ့ ရင်ခွင်ကနေ
စွန့်  ခွာဖို့ လည်း အစီစဉ်မရှိဘူး
ဒါပေမယ့်'

''ဒါပေမယ့် ဘာဖြစ်လဲ''

'ကမ္ဘာမြေကြီးရဲ့ အနီးဆုံးမှာ နေနိုင်ဖို့  ကျနော့်မှာအင်အားမရှိဘူးလေ
ကမ္ဘာမြေကြီးဟာ ဒြပ်ထုတိုင်းကို တူညီသော သံယောဇဉ်နဲ့  ရစ်ငင်ထားပါတယ်

ကျနော့်လို ဟီလီယမ်ကောင်ကလည်း ဒြပ်တွေထဲကတစ်ခုပဲ
ကျနော်လည်း ကမ္ဘာမြေကြီးရဲ့ အနီးဆုံးမှာနေချင်တယ်
ဒါပေမယ့် ''လေ''တွေက ကျနော့်ထက် ပိုသန်မာ ပိုသိပ်သည်းတဲ့အခါ ကျနော်ကို ကမ္ဘာမြေကြီးနားကနေ မောင်းထုတ်နေတာလေ
ကျနော့်ကို လေတွေက အနိုင်ကျင့်နေကြတာ

ကြားဖူးလား
ရေထက်ပေါ့တဲ့အရာတွေက ရေပေါ် ပေါ်တယ်
လေထက်ပေါ့တဲ့အရာတွေက
လေပေါ် ပေါ်တယ်လေ
အခုကျနော်က လေပေါ် ပေါ်နေတာပါ
ပျံနေတာမဟုတ်ဘူး''

''ငါ့အမြင်မှာတော့ မင်းက ပျံနေတာပဲ''

''ရေကူးနေတာနဲ့  ရေစီးမှာ မျောနေတာ တူလို့ လား''

''မတူဘူးလေ''

''အဲ့ဒါပြောတာပေါ့
ရေစီးမှာ မျောတယ်ဆိုတာ ရေရဲ့ လွှမ်းမိုးခြင်းကို ခံထားရတာ

ရေကူးတယ်ဆိုတာကမှ ရေကို ပြန်လွှမ်းမိုးနေတာ''

''ဒါဆို လေက မင်းထက် အားကောင်းတယ်ပေါ့''

''အင်အားချင်း ၇ဆ ကျော်လောက်ကွာတယ်''

''အခု မင်းဝမ်းနည်းနေလား''

''ကျနော့်ကို ကမ္ဘာမြေကြီးက ဆွဲခေါ်နေတယ်
ကျနော်ကလည်း သွားချင်နေတယ်
ဒါပေမယ့် ကမ္ဘာနဲ့  ကျနော့်ကြားမှာ
လေတွေခြားနေတယ်''

''ငါကတော့ကွာ မင်းလိုပေါ့ပေါ့ပါးပါးလေး ပျံသန်းချင်မိတယ်''

''ဟားဟား... ခင်ဗျားက တော်တော်ရယ်ရတဲ့ကောင်လေးပဲ
ဘုရားတောင် အမှီရှိမှ ပွင့်တယ်ဆိုတဲ့ စကားကို ခင်ဗျားကြားဖူးလား...

ဒီကမ္ဘာမြေကြီးရဲ့ ဟာခင်ဗျားတို့ ရဲ့ မှီတွယ်ရာပဲ
ဒီကမ္ဘာမြေကြီးက ဆွဲထားလို့ သာ ခင်ဗျားတို့  ရက်စက်ကြမ်းကြုတ်တဲ့ စကြဝဠာဟင်းလင်းပြင်ထဲကို လွင့်မသွားတာ

ပတ်ဝန်းကျင်ကို လေ့လာကြည့်စမ်း
လဆို ဆွဲအားနည်းလို့  ရေထုတွေ လေထုတွေကို ထိန်းမထားနိုင်ဘူး
no water, no vegetable,no meal
no air ,no life

ခင်ဗျားဘယ်လို ရှင်သန်မလဲ

ဒီကမ္ဘာကြီးကခင်ဗျားတို့ ရဲ့ မိခင်ကြီးပဲ
သူကိုယ်တိုင် နေရဲ့ လောင်းရိပ်အောက်က ရုန်းမထွက်နိုင်တာတောင်
နေရဲ့ ဘေးကင်းတဲ့ အကွာအဝေးတစ်ခုမှ ထားပေးတယ်...
တစ်ဖက်တည်းကိုပဲ ပူနေမှာစိုးလို့  သင့်တော်တဲ့လည်ပတ်မှုနဲ့  လည်ပေးနေတယ်
အတတ်နိုင်ဆုံး အပူအအေး သမမျှတအောင် ထားပေးတယ်

သူရဲ့နေကိုပတ်နှုံးကလည်း လုံးဝကိန်းသေ အလျှင်တစ်ခုနဲ့ လေ
ရုတ်တရက် မြန်သွားရင်ဖြစ်ဖြစ် နှေးသွားရင်ဖြစ်ဖြစ် ခင်ဗျားတို့  ဒုက္ခရောက်ပြီ
အီနားရှား နိယာမအရပေါ့

တစ်ချက်ချင်းစီတိုင်းဟာ ကျေးဇူးတင်စရာချည်းပဲ

ဒီဆွဲအားကြောင့် ခင်ဗျားတို့  ရှင်သန်ခွင့်ရနေတာတောင် ဒီဆွဲအားကို ခင်ဗျားက အပြစ်တင်ချင်နေသေးတယ်''

ခေါင်းထဲသို့ အတွေးများစွာ ရောက်ရှိလာသည်

ပထမဆုံး
လွဲမှားစွာအားကျမိသည့်စိတ်

ဒုတိယ
မေမေ့၏ အုပ်ထိန်းမှုကို မလွတ်လပ်ဘူး မြင်ခဲ့မိသည့် အမြင်ဆိုးတွေ

မေမေဟာ ကျနော့်ကို လိုအပ်တဲ့
အကွာဝေးမျိုးစုံနဲ့  စောင့်ရှောက်ခဲ့တယ်

ဗိုက်ထဲထည့်ထားဖူးတယ်
ရင်ခွင်ပိုက် ထိန်းကျောင်းခဲ့တယ်
အခုကျောင်းသားအရွယ်မှာလည်း
မချီပိုးတော့ပေမယ့် စားမှု ဝတ်မှု ပညာသင်မှုကိစ္စတိုင်းကို စောင့်ရှောက်နေမြဲ

သားမိုးပျံပူဖောင်းကို အားမကျတော့ဘူးမေမေ

မေမေ့ရင်ကို ခြေစုံကန်ပြီးလည်း ပျံထွက်မသွားတော့ဘူး
အရွယ်ရောက်လို့  တစ်အိုးတစ်အိမ် ထူထောင်ခဲ့ရင်တောင်
ဒါဟာ မေမေ့ရဲ့ မေတ္တာ စက်ကွင်းအတွင်းထဲမှာပဲမေမေ

မေမေ့ရဲ့ ဆွဲအားတွေဟာ သားကို လုံခြုံစေဖို့ ပါ
မိမဲ့ဖမဲ့ လေလွင့်နေရတဲ့ ကလေးတွေဟာ လွတ်လပ်နေတာမှ မဟုတ်တာ
သားဘယ်တော့မှ အိမ်ပြေးမလုပ်ဘူး
မေမေ့ မေတ္တာရိပ်ကို ခြုံလို့ 
သားဘဝ လုံ နေပါတယ်မေမေ

#Error(Sithu)
18/5/2018
ဒီထက်ပိုသော ဆက်စပ်တွေးခေါ်မှုများ ရကြမယ်
လို့  မျှော်လင့်ပါတယ်

    Truth

ငါသာ မိုးပျံပူဖောင်းလေးတစ်လုံးဆို ...
လွတ်လပ်စွာ ပျံသန်းလိုပါတယ်...
တိမ်တွေကိုထိုးခွဲ
ရဲရင့်မှုတွေ လွင့်လူး ပြန့် ကျဲမိခဲ့...

တကယ်ဆို ယုံကြည်ချက်တွေ
ရေလိုက်လွဲ ...
နိယာမက သွေးခွဲခဲ့တယ်...
ငါတကယ်သွားရမှာက
earth's centre ခေါ်
မြေကမ္ဘာရဲ့ အသည်းလွှာ
သွားနေရတာ...
မြေကမ္ဘာနဲ့ ဝေးရာ...
သြော်...ငါဆိုတာ
အနိုင်ကျင့်ခံ ဒြပ်ရှိတစ်ကောင်မျှသာ

ဧကရီ

(၁)
ကြယ်ကလေးရေ...
ဘယ်လောက်ပဲ ဝေးဝေး
ကိုယ်ငေးခွင့်ရှိရဲ့မဟုတ်လား
များစွာသောကြယ်တွေကြားမှာ
မင်းတစ်ယောက်ကိုပဲ
စွဲမြဲစွာ ငေးခဲ့မိတာပါ

အဲ့ဒိကြယ်လေးက
နှုတ်ခမ်းစူတတ်တယ်
မျက်စိလည်းမှိတ်ပြတတ်တယ်
စိတ်လည်း ကောက်တတ်တယ်လေ

ကြယ်ဟာ ကြယ်နဲ့ တူစွာ
မြင့်မြတ်သောနေရာမှာ စံတယ်
ကိုယ့်လိုကောင်နဲ့ 
ဘယ်တန်ပါ့မလဲ....

ကြယ်ဆိုတော့လည်း
တပါးသူတွေငေးကြဦးမယ်
သဝန်တိုမိတယ်ကွယ်

(၂)
ကောက်ရိုးကိုမစားပေမယ့်
ကောက်ရိုးပေါ် အိပ်တဲ့ခွေးဟာ
နွားတွေကို ဟောင်တယ်
ကိုယ်လည်းမနမ်း
တပါးသူလည်းမနမ်း
ဒီအတိုင်းလေး လန်းစေချင်တယ်
အို ချစ်ရပါသော ပန်းပွင့်ငယ်...

ရနံ့ သင်းသင်း
အဆင်းလှလှ
ဝင်းပပမျက်ဝန်းများဟာ
ရင်ခွင်ကို ပြိုလဲအောင်တွန်းနိုင်တယ်
အပြုံးက နုနု
ရယ်သံကချိုချို
မင်းအလှဟာ
အပိုအလိုမရှိဘူးကွယ်

ပြည့်စုံတယ်ဆိုတာထက်
မွန်မြတ်သွားတဲ့အခါ
မင်းရဲ့အလှတရားဟာ
ကျက်သရေရှိစွာ ခမ်းနားတယ်

(၃)
ကျောက်ခေတ်လူသားတွေက
မီးကို ချစ်ကြသလိုမျိုး
ကိုယ်မင်းကို ချစ်တယ်
ဒါမှမဟုတ်
ကိုယ်ဟာ ပိုးဖလံဆန်ချင်လည်း ဆန်မယ်
ဘာပဲဖြစ်ဖြစ်
''မီး''ကိုချစ်တယ်

image

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58004.44
ETH 2579.54
USDT 1.00
SBD 2.40