Today my cooking
ကြက်အချင်း ဆီပြန်ဟင်း
Hello , all steemit member.
ကျမ ရဲ့ ယနေ့ ယင်းလျာကတော့ ကြက်အချင်း ဆီပြန်ဟင်း ဖြစ်ပါသည်ရှင့်
ဒီနေ့ မိုးမရွာသော်လည်း မိုးလေးကအုံ့တုံ့တုံ့ နှင့် ဆိုတော့ နေလို့ကောင်းပါသည်
မနက်စောစော ဈေးအသွား ကြက်သည် မှ အမရေ ဒီနေ့ ကြက်အချင်းတိုင် လေးရှိတယ် စားရခဲမျှနော် ဝယ်ပါအုံး ဆိုသည့်အတွက်
ဈေးသည် ပြောသည့် ကြက်အချင်းဆိုသည်အား ကြည့်လိုက်ရာ
ကြက် အမြစ်အသဲ များအပြင် ကြက်ဥအိမ် ဥသိမ် လေးများပါ ပုံထားသည် ကိုတွေ့မြင်ရပါသည်
ဈေးသည်ပြောသည့် ကြက်အခိင်းဆိုသည်မှာ အပြင်သို့ ထွက်မလာသေးသည့် ကြက်ဥသိမ် လေးများကို ပြောခြင်း ဖြစ်သည်ဟု နားလည်ရပါတော့သည်
သို့သော်လည်း ဈေးသည်ပြောသလို ကြက်အချင်း သည် တစ်ခါတရံ မှသာ ရတတ်သဖြင့် ချက်ပျြပ်စားသောက်ရန် ဝယ်ယူခဲ့ပါတော့သည်
ထို့ကြောင့် ယနေ့အတွက် ကျမ၏ ဟင်းလျာကတော့ ကြက်အချင်းဆီပြန်ဟင်း ဖြစ်ပါသည်
ကြက်အချင်း ကို
အညစ်အကြေများဖယ်ထုတ်
ရေစင်အောင်ဆေး
ဆား နနွင်း အရသာမှုန့်တို့နှင့်နယ်
ဂျင်း ကြက်သွန်နီ/ ဖြူ ခရမ်းချဉ်သီးတို့ ကို ဆီတွင်လှီမ့်
ကြက်အချင်း များပါထည့် ပြီး ကျက်သည်အထိ ဆီပြန်ချက်
- ကြက်အချင်းတိုင် ဆီပြန်ချက်
- ငရုတ်သီးစိမ်း ငပိထောင်း
- ကင်ပွန်းရွက် ချဉ်ရည်
ကဲ စားလို့ ကောင်တယ် နော်
@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Thanks.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks , your supported . I am ever used esteem app.