The Deification Ceremony ( Part - 5)

in #esteem5 years ago

Hello , all steemit member .

စစ်ကိုင်းမြို့ ကသည်းမယ်တော်ကြီး အရိုအသေပြုပူဇော်ပွဲ ( အပိုင်း - ၅ )

ကသည်းမယ်တော်ကြီး အရိုအသေပြု ပူဇော်ပွဲ အခမ်းအနား သည် ယမန်နေ့က အောင်မြင်စွာ ပြီး သွားခဲ့ပြီ ဖြစ်ပါသည်

ဒီနေ့ရေးသားမှာကတော့

ကျမ ငယ်စဉ်က အဖိုး ပြောပြ၍ နားထောင်ခဲ့ရသော ကသည်းလူမျိုး ဆိုသည် နှင့် စွယ်စုံ ကျမ်းမှာ ဖတ်ထားမိသည့် ကသည်း လူမျိုး အကြောင်း ဖြစ်ပါသည်

ကသည်းလူမျို များ မြန်မာနိုင်ငံ သို့ ရောက်ရှိလာပုံ ကို စွယ်စုံကျမ်း တွင် ရေးသားထားသည်မှာ

0w0o7hp5dm.png

မြန်မာနိုင်ငံတွင်းသို့ ကသည်းလူမျိုးတို့ ရောက်ရှိလာပုံ သမိုင်းအကျဉ်းမှာ

ခရစ်နှစ် ၁၇၅၈ ခုနှစ် အလောင်းဘုရားလက်ထက်
ခရစ်နှစ် ၁၇၆၄ ခုနှစ် ကုန်းဘောင် ဆင်ဖြူရှင်မင်းတရားလက်ထက်
ခရစ်နှစ် ၁၈၁၉ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တို့တွင်

မြန်မာတို့က မဏိပူရ ကသည်းပြည်နယ် ကို တိုက်ခိုက်သိမ်းပိုက်ကြပြီးသည့်နောက် မဏိပူရ ကသည်းပြည်သူပြည်သားအများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခံကြပါသည်

ခေါ်ဆောင်လာသူတို့တွင် ပိုးထည်ရက်လုပ်ရာ၌ ဆန်းကြယ်လှပခက်ခဲသော အဆင်များကို ပေါ်အောင် ရက်လုပ် တတ်သည့် ရက်ကန်းပညာသည်များ

အာကာသသျှတ္တရကျမ်း၊ နက္ခတ်ပညာ ဗေဒင်ပညာ သဘင်ပညာ တို့တွင် ထူးချွန်ကြသော ပညာသည်များ နှင့်

မြင်းစီးအတတ်တွင် ကျွမ်းကျင်ကြသော မြင်းသည်တော်တို့ပါဝင် ကြပါသည်

ဤကဲ့သို့ ထက်မြက်လှသော လက်မှုပညာ၊ သုခုမပညာ စသည်တို့ဖြင့် မင်းမှု ထမ်းနိုင်ကြစေရန် အတွက် ကုန်းဘောင်ခေတ် ဘုရင်တို့သည်

ထိုမဏိပူရ ကသည်းလူမျိုးတို့အား နေပြည်တော်တစ်ဝိုက်ဖြစ်သည့် ယခု မန္တလေး ခရိုင်တွင် နေရာချထားခဲ့ခြင်း ဖြစ်ပါသည်

လောကီကျမ်း နက္ခတ်နှင့်ဗေဒပညာတို့တွင် ထူးချွန်ကြသော ကသည်း
ပညာရှင်တို့မှာ ဘုရင်ဧကရာဇ်တို့၏ အတိုင်ပင်ခံ မင်းဆရာများအဖြစ် အမှုထမ်းရသည့် အဆင့်သို့ပင် တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်

မဏိပူရ ကသည်းလူမျိုးအချို့တို့မှာ အမျိုးမြတ်သော ဗြာဟ္မဏအနွယ်ဝင်များ ဖြစ်ကြသည့်အတိုင်း

ဟိန္ဒူ ဘာသာဝင် ဗြာဟ္မဏများကဲ့သို့ အခြားအမျိုးအနွယ် အခြားဇာတ်ဝင်တို့က ပေးလှူပူဇော်ကြသည်တို့ကို ခံယူ စားသောက်ကြပါသည်

ဗြာဟ္မဏအနွယ်ဝင် မဟုတ်သော ကသည်းလူမျိုးတို့မှာမူ အထက်၌ဆို
ခဲ့သော လက်မှုပညာ၊ သုခုမပညာလုပ်ငန်းများအပြင် လယ်ယာလုပ်ကိုင်ခြင်း စသည်ဖြင့် အသက်မွေးဝမ်းကျောင်း ကြပါသည်

မဏိပူရ ကသည်းတို့မှာ မြင်းစီးအတတ်တွင် ကောင်းစွာ ကျွမ်းကျင်ကြသည့်အတိုင်း ကုန်းဘောင်ခေတ် မတိုင်မှီ မြန်မာ နိုင်ငံ ကစဉ့်ကလျား ဖြစ်နေချိန်များတွင် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ကာ ထိပါးတိုက်ခိုက်နိုင်ခဲ့ ကြသည်

သို့ထိပါး တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင်ခေတ်
တွင် အထက်၌ ဆိုခဲ့သည့်အတိုင်း မြန်မာတို့က သွားရောက် တိုက်ခိုက်ခြင်းသာ ဖြစ်ပါသည်

မြင်းသည်ကျော်တို့သာ ကစား နိုင်သော ဂူလီကစားနည်းမှာ မဏိပူရ ကသည်းပြည်မှ စ၍ ပေါ်ပေါက်ခဲ့သည်ဟု အချို့ပညာရှိတို့က ယူဆကြပါသည်

အလောင်းမင်းတရားကြီး လက်ထက်မှစ၍ ဖွဲ့စည်းလာခဲ့သော ကသည်းမြင်းတပ်မှာ သီပေါမင်းလက်ထက် ရောက်သည် တိုင်အောင် တည်ရှိခဲ့ပါသည်

သီပေါမင်းလက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာ့ တပ်မတော်ကြီး၏ စုကြီးအမှုထမ်းတွင် ပါဝင်သော မြင်းအမှုထမ်းတို့တွင် ကသည်းမြင်းတပ် အင်အားမှာ ထမ်းကို ၆၂၂ ဖြစ်၍ မြင်းတပ်၏ နောက်ထောက် အင်အားမှာ ၆၂၂ဝ ဖြစ်ကြောင်း သရှိရပါသည်

ထိုမှတစ်ပါး မြန်မာဘုရင်လက်ထက်တွင် ပြန်တမ်းဝန် အရာရှိအား ကသည်းလူမျိုးထဲမှ ကသည်းဝနှ် ဟူ၍ခန့်ထားခဲ့ပါသည်

ကသည်းလူမျိုးများ၏ ဝတ်စားဆင်ယင်ပုံမှာ အိန္ဒိယတိုင်းသားဟိန္ဒူ လူမျိးများးနှင့် ဆင်သော်လည်း မြန်မာနိုင်ငံတွင် အနေကြာပြီ ဖြစ်သည့်
အတွက် ကိုယ်အထက်ပိုင်းတွင် မြန်မာကဲ့သို့ဝတ်ဆင်၍ ကိုယ်အောက်ပိုင်းကိုတော့ ဒိုတီကိုခါးတောင်းကျိုက်၍ ဝတ်ကြပါသည်

k3fpbthwcz.png

အချို့သော ကသည်းလူမျိုများကတော့ မြန်မာတို့ကဲ့သို့ပင် ဝတ်
ဆင်ကြပါသည် ၄င်းတို့၏ မူရင်းဘာသာ စကားအပြင်
မြန်မာစကားကိုလည်း ပြောဆိုကြသည်

မြန်မာ တို့နှင့်အတူ ဆက်ဆံနေထိုင်ကြသော်လည်း ရပ်ကွက်ကျေးရွာ များတွင် မိမိတို့အစုနှင့် မိမိတို့သီးခြား နေထိုတတ်ကြပါသည်

မည်သို့ပင်ဆိုစေ ကသည်းမယ်တော်ကြီး ပူဇော်ပွဲ အခမ်းအနား ကို တွေ့မြင်ပြီးသည့်နောက်

အဖိုးပြောပြခဲ့သော မိမိတို့မှာ ကသည်းစပ်သည် ဟူသောစကား အပြင် ငယ်စဉ်ကနားထောင်ခဲ့ဘူးသော ကသည်းလူမျိုး များ အကြောင်းသာမက မြန်မာစွယ်စုံ ကျမ်းမှာပါရှိသော ကသည်းလူမျိုးများအကြောင်း လေ့လာ သိရှိပြီး နောက်

တွင်တော့ မိမိတို့မှာ မျိုးရိုးစဉ်ဆက် ဘုရင့်အမှုတော်ထမ်းရွက်ခဲ့သည့် မြစ်စွာဘုရားဟောကြားတော် မူသည့် တရားတော်ထဲ၌ ပါဝင်သော အမျိးမြတ်သည် ဟူသည့် ဗြဟ္မဏ မျိုးရိုးဝင် ကသည်းလူမျိး စပ်သည် ဟုပြောကြားခဲ့သည့် အဖိုး၏ စကားအပေါ် ကျေနပ် နှစ်သက် မိပါတော့သည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

Wow this is beautiful dear

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58027.38
ETH 2358.35
USDT 1.00
SBD 2.38