The Deification Ceremony
Hello , all steemit member .
စစ်ကိုင်းမြို့ ကသည်းမယ်တော်ကြီး အရိုအသေပြုပူဇော်ပွဲ
ယနေ့ ကျမတို့ စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် တွင် ကသည်းမယ်တော်ကြီး ၏ နတ်နန်းတည်ရှိပါသည်
ကသည်းမယ်တော်ကြီး ကို ကိုးကွယ်ပူဇော်သူများမှ ယနေ့ နံနက် ၉နာရီက စတင်ပြီး အရိုအသေပြုပူဇော်ပွဲ အခမ်းအနားကို ကျင်းပလျက်ရှိ နေပါသည်
ကသည်းမယ်တော်ကြီးနန်းရှိ ကသည်းမယ်တော်ကြီးအရိုအသေပေးပွဲတော်ကို ၂၀၀၉ ခုနှစ်က စတင်ကာ မိုးဇာရပ်ရှိ ကသည်းမယ်တော်ကြီး ၏ အနွယ်တော်များမှ ကျင်းပလာခဲ့ကြရာ
ယခုနှစ်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိုးတွေလည်း လာရောက် ပါဝင် ဆင်နွဲကြပါသည်
ကသည်းမယ်တော်ကြီး အရိုအသေပြုပူဇော်ပွဲကိုတော့ ယနေ့ မှ စပြီး ဇွန်လ ၁၅ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး
ပွဲတော်ရဲ့ ပထမနေ့ဖြစ်တဲ့ ယနေ့တွင် ချိုးရေတော်သုံးပွဲ အခမ်းအနားကို ရိုးရာဓလေ့ထုံးစံနဲ့ အညီ ကျင်းပခဲ့ပြီး
နောက်ရက်များတွင် နန်းရင်း တွင်ဆိုင်ရာ ကသည်းနတ်ကတော်များ အကအဖွဲ့တွေက အရိုအသေပေး ကန့်တော့ခြင်း များပြုလုပ်၍ ပွဲတော်ကို ကျင်းပသွားမှာဖြစ်သည် ဟု သိရှိရပါသည်

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Thanks
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks , your supported .I am ever used esteem app.