Mushroom Salad (Part-3 )
အင်ဥ သုပ် ( အပိုင်း-၃ )
Hello , all steemit member.
အင်ဥ ယခုရာသီသည် အင်ဥ ပေါ်ချိန်ဖြစ်သော ကြောင့် အင်ဥ များအား နည်းမျိုးစုံစွာ ပြုလုပ်စားသောက်ရင်း
အင်ဥ သုပ် ပြုလုပ်နည်းအား ရေးသားလိုက်ပါသည်
အင်ဥ ကို နည်းမျိုးစုံစွာ ပြုလုပ်စားသောက်ကြရာတွင် အင်ဥနှင့် အလိုက်ဖက်ဆုံးကတော့ ဝက်သား ဖြစ်ပါသည်
အင်ဥနှင့် ဝက်သား ကိုရောနှောချက်ပြုပ်ထားသော ဟင်းလျှာသည် အင်ဥ မကြိုက်သူများကို ပင်လျှင် လျှာလည်ခံတွင်းတွေ့စေသည့် ဟင်းတစ်ခွက် ဖြစ်ပါသည်
ဝက်သား မစားသူများကတော့ အင်ဥ ကို ကြက်သား ဆိတ်သား ပုဇွန်ခြောက် တို့နှင့် ရောနှော ၍ ချက်ပြုပ်စား သောက်ကြသလို
အင်ဥ ချည်းသက်သက် လည်း ချက်ပြုပ် ကြော်လှော် စားသောက်ကြပါသည်
တစ်ချို့ ကတော့ အင်ဥ ကို ကောက်ရိုးမှို ငွေနှင်းမှို တို့ကဲ့သို့ မှိုကန်ဇွန်း ပုံစံ အတိုင်း အင်ဥ နှင့် ကန်ဇွန်းရွက် ငရုတ်သီးစိမ်းလေး အုပ်ကာ စားသောက်ကြပါသည်
ကျမ ကတော့ ဒီရက်ပိုင်း အတွင်း
အင်ဥ ကြော်
အင်ဥ နှင့် ဝက်သား
အင်ဥ နှင့် ဆိတ်သား
အင်ဥ နှင့် ကြက်သား
အင်ဥ နှင့် ပုဇွန်ခြောက်
အင်ဥ နှင့် ကန်ဇွန်းရွက်
စသည်ဖြင့် နည်းမျိုး စုံစွာ စားသောက်ခဲ့ပြီးသည့် အတွက်
ဒီနေ့ တော့
အင်ဥ ကို အသုပ်သုပ်စားရင်း
အင်ဥ သုပ် ပြုလုပ်နည်းအား ရေးသား post တင်ပါသည်
အင်ဥသုပ်
ပါဝင်ပစ္စည်းများ
- အင်ဥ ၂၀ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ဆီ ၅ကျပ်သား
- ပုဇွန်ခြောက် အနည်းငယ်
- အနည်းငယ်
- ဆား အနည်းငယ်
- သံပုရာသီး ၁ လုံး
ပြုလုပ်နည်း
အရင်ဆုံး အင်ဥ အားရေစင်အောင် ဆေးကြော ရပါမည်
အင်ဥ အား ခဲသလဲစင်ကြယ်အောင် မြန်ဆန်အောင် ဆေးကြောနည်းကတော့
အင်ဥ များအား ဇကာကုံး တစ်ခုတွင်ထည့်၍ အင်ဥ ပလုံးလေးများ အား လက်ဖြင့် ဇကာတွင် ပွတ်တိုက်၍ အပေါ်မှ ရေဖြင့်လောင်းချ ဆေးကြောပါ
ထိုကဲ့သို့ ၃, ၄ ခါခန့် ပြုလုပ်ပါက အက်ဥ တွင် တွယ်ကပ်နေသော နွံ များ အညစ်အကြေး ခဲသလဲ များ ကင်းစင်ပါသည်
ထို့နောက် အင်ဥ များအား ရေအနည်းငယ်ထည့်၍ ပြုပ်ပါ
အင်ဥ နုပါက တစ်ပွက်ဆူ ပြုပ်ရုံဖြင့် နူးအိသွားပြီး
အင်ဥ ရင့်ပါက ရေမျာူများထည့်၍ နူးသည် အထိ ပြုပ်ရပါမည်
အင်ဥသုပ် ကတော့ အင်ဥ နုမှ စား၍ ကောင်းပါသည်
ဆီကျက်ချက်ထားပါ
ပုဇွန်ခြောက် ထောင်းထားပါ
ကြက်သွန်နီ ပါးပါးလှီးထားပါ
အင်ဥများရေခအ်း၍ နူးအိပါက အက်ဥ အလုံးလေးများအား ဒါးဖြင့် ထက်ခြမ်း ခြမ်းပြီး နယ်မည့် ပုဂံ တွင် ထည့်ပါ
ဆီကျက် ဆား ပုဇွန်ခြောက် ကြက်သွန်နီ အားလုံးပေါင်းထည့် ပြီး သမအောင်နယ်ပေးပါ
အချဉ် အစပ် ကြိုက်ပါက သံပုရာသီးညှစ် ငရုတ်သီး ထည့် ပါ
အပေါ့အငံ မြည်း၍ စားသုံးနိုင်ပြီ ပေါ့ ရှင်



Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks, your supported .I am ever used esteem app.
@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Thanks
စားချင်စရာ
Posted using Partiko Android
ကြွေးချင် တာ
အင်ဥသုပ်တော့ဘမစားဖူးဘူးအေ စားချင်တယ်အေ
နာလည်း ကြွေးချင်တာပါ အေ
ဒီမှာတော့ မိုစေ့ လို့ခေါ်တာပဲ နုရင်စားကောင်းတယ် နည်းနည်းရင့်ရင့် စားရတာ မာတက်တက်နဲ့ :-)😁😁
Posted using Partiko Android