Devotees ( Part- 2)

in #esteem5 years ago

နတ်ကိုးကွယ်သူများ အတွက်

Hello , all steemit member.

ရွှေကျွန်းပင် နတ်ပွဲသည် တစ်နှစ်တခါ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပသည့် နတ်ပွဲ ဖြစ်ပါသည်

ကျွန်း ၁၂ ရွာပိုင် နတ်ပွဲဖြစ်သည် ဟု ဆိုကြပါသည်

အနီအနား တဝိုက်တွင် ကျွန်းရွာ (၁၂)ရွာ ရှိ ပြီး ထို ကျွန်း (၁၂)ရွာက နေ ကိုယ်ကွယ်ပြီး အားထား ရတဲ့ အတွက် ကျွန်း (၁၂)ရွာ ပိုင်လို့ ရွှေကျွန်းပင်မောင်နှမ ကို ခေါ်ဝေါ် ခဲ့ကြပါသည်

ကျွန်း(၁၂)ရွာ က ပုဂ္ဂိုလ်တွေက နှစ်စဉ်နှစ်တိုင်း ပွဲတော်ကို လာရောက်၍ ကန့်တော့ကြ ဈေးဝယ်လာကြ ကြောင်း သိရှိရပါသည်

ထို့ အပြင် မင်းကွန်းဒေသကြီး သို့ ဘုရားဖူးလာရောက်သူများ မှလည်း နတ်ပွဲသို့ ဝင်ရောက်လေ့လာ ကြပါသည်

ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ ၏ ရာဇဝင်မှာ

ဧရာဝတီမြစ်အထက်ပိုင်း ရွှေလီမြစ်အင်းရွာ အနီးမြစ် အတွင်း မိုးမိတ်စော် ဘွားကြီး အနွယ်တော်ဝင်မောင်နှမနှစ်ဦးဖြစ်သည့် ရွှေကျွန်းပင် မောင်နှမမှာ ရေဆင်း ချိုးနေသည့် အချိန်တွင် ကျွန်းသစ်ပင်ကြီးပြိုလဲ၍ ၎င်း အပေါ်မှပိ၍ သေဆုံး ရာမှနတ်ဖြစ်သွား ခြင်း ဖြစ်ကြောင်း သိရှိရပါသည်

ကျွန်းပင်ကြီးမှာမြစ်အတွင်း မျောပါ လာရာတွင်နတ်မောင်နှမပါ အတူပါလာ ခဲ့ရာ မင်းကွန်းမိုးမိတ်ကုန်းမြေ စေတီတော်အနီး ဧရာဝတီ မြစ် ကမ်းတွင် ရပ်တန့်တင်ခဲ့ သဖြင့်နတ်ကွန်း ဆောက်လုပ်ထားရာမှ ကိုးကွယ်​ယုံကြည်​သူများလာသဖြင့် နတ်နန်း ဖြစ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်

ရွှေကျွန်းပင်မောင်နှမ ပွဲတော်သည် မင်းကွန်းဒေသ အထက်ပိုင်း ဧရာဝတီမြစ်ရေ ဝင်သည့် ကျွန်းပိုင်း ကျေးရွာ များမှ ယုံကြည်မှုအရ နှစ်စဉ်လာရောက်၍ ကန့်တော့ပွဲ ပေးခြင်း နတ်တက် နတ်ဆက် နတ်ကန္နားပေး သူများ အပြင် အနယ် နယ် အရပ်ရပ်မှ ကိုးကွယ်​ယုံကြည်​သူများ မှလာ​ရောက်ကြပါသည်

ရွှေကျွန်းပင် မောင်နှမ နတ်ပွဲတော်တွင် တောသုံး တောင်သူသုံး အိမ်သုံး လူသုံး ပစ္စည်းအရောင်းဆိုင်များ၊မြန်မာရိုးရာ စာသောက်ဖွယ် သရေစာ မုန့်အရောင်းဆိုင်များ၊ မြေထည် စဥ့်အိုး စဥ့်ထည်ပစ္စည်းအရောင်းဆိုင်များ မှ လာရောက် ခင်းကျင်းရောင်ချ လျက် ရှိပြီးဈေးရောင်း ဈေးဝယ်လာသူများဖြင့် စည်ကားလျက်ရှိနေပါတော့သည်

y6l4rbaqa2.png

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

အတော်စည်ကားမှာနော်အေ

သပြေပန်း နှင်းဆီ ပန်းလေးတေ ချိတ်ထားတဲ့ အိမ်ရှေ့ ဖြတ်သွားတဲ့ကားတေ ဆိုင်ကယ် တေ ကိုက နည်းဘူးရယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70