ကြောင်ချင်တိုင်းကြောင်

in #esteem6 years ago

image

ကြောင်ချင်တိုင်းကြောင်

ပေယျာလကန်ရွာမှာ စာသင်တာလေး ဗဟုသုတပေါ့

ဆရာမကသင်တယ်

“ကြောင်ကို ဘယ်လိုရေးရတယ်”

တပည့်တွေကလည်း လိုက်အော်တယ်

“ကလောင်တောင်တောင် ကြောင်”

“ခွေးကို ဘယ့်နှယ်ရေးပါ့မယ်”

“ခလေးတေးတေး ခွေး”

“လူကို ဘယ်လိုရေးပါ့မယ်”

ကျောင်းသားတစ်ယောက် ထမေးတယ်။ ဆရာမ “လူ” ဆိုတာကို သားတို့ကို မသင်ရသေးဘူးတဲ့

ဒီတော့ ဆရာမက သင်တယ်

“လဒူ တူတူ လူ”

“လိုက်ဆိုကြ”

ဆရာမက အော်လိုက်တော့ ကလေးတွေက

“လဒူဒူ တူတူ လူ”

သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ။ ပေယျာလကန်ကတော့

“ကလောင်တောင်တောင်ဆိုရင် ကြောင်” ပဲ

“ခလေးတေးတေးဆိုရင် ခွေးပဲ”

လျှာရှည်တဲ့ ကလေးတစ်ယောက်က ထမေးတာ

“ဆရာမ ဘာကြောင့် ကလောင်တောင်တောင်ကနေ ကြောင်ဖြစ်ရတာလဲ။ သား မြို့ကြီးကိုရောက်တုန်းက သဝေထိုး ကကြီး ရရစ် ရေးချ ငသတ် ကြောင်လို့ ပေါင်းတာ ကြားတယ်ခင်ဗျ။ မြို့က သားအစ်မကြီးကဆိုရင် စီအေတီကက် ကြောင်တဲ့ခင်ဗျာ။ ဘာဖြစ်လို့ ပေယျာလကန်မှာ ကလောင်တောင်တောင် ကြောင်ဖြစ်နေရ တာလဲ”

“ဟဲ့ … နလပိန်းတုံးတွေ မှတ်ထား … ပေယျာလကန်မှာ နင့်အဖေလက်ထက်ကလည်း ကလောင်တောင်တောင်၊ နင့်အဘိုး လက်ထက်ကလည်း ကလောင်တောင်တောင်၊ နင့် ဘေး ဘီ ဘင် လက်ထက်ကလည်း ကလောင်တောင်တောင်။ ငါလည်း ကလောင်တောင်တောင် ကြောင်နဲ့ ကျောင်းပြီး ဆရာမဖြစ်လာတာ။ လျှာရှည်တဲ့အကောင် … ခလေးတေးတေးလာခဲ့”

image

“ဒေါက်”

ဒေါက်ဆိုတာက လျှာရှည်တဲ့ကလေးကို ပေတံနဲ့ခေါင်းခေါက် ကလေးမှာ ဂေါက်တောက်တောက်ဖြစ်သွားပြီး ခေါင်းလေးကို ပွတ်ပြီးငို

ပေယျာလကန်မှာ စနစ်တွေ ခေတ်တွေပြောင်းတော့ “ကြောင်” ကို အမျိုးမျိုး ပြောင်းဆိုကြတယ်

“ကလောင်တောင်တောင် ကြောင်”

“ကြောင့်ရေးချ ကြောင်”

“ယပလက်ဇောက်ထိုးရေးချ ကြောင်”

“ကြောင့်ချင်လို့ ကြောင်”

အလို … ပေယျာလကန်ပညာရေးကြီးက မတည်ငြိမ် စာမေးပွဲဖြေရင် ဘာနဲ့ဘယ်လို ဖြေရမှန်းမသိ။ စာမေးပွဲ မဖြေခင်က

“ကြောင့်ရေးချကြောင်နဲ့ အမှန်ပေးရန်” တဲ့ အမိန့်ထွက်တယ်

စာမေးပွဲစစ်နေတာ မပြီးသေးဘူး

“ကြောင့်ချင်လို့ ကြောင်” ကိုသာ အမှတ်ပေးရန်တဲ့

စာမေးပွဲ အဖြေလွှာတွေစစ်ဖို့ပြင်တော့

“ကလောင်တောင်တောင် ကြောင် ကိုသာ အမှန်ပေးရန်” တဲ့ဖြစ်ပြန်ပြီ

ဆရာတွေလည်း ရူးကြောင်ကြောင် … အဲ ရူး ကလောင်တောင်တောင်။ တပည့်တွေလည်း ကြောင့်ချင်တိုင်း ကြောင်

အောင်စာရင်းကို စောင့်နေတဲ့ ပေယျာလကန်ရွာသားတွေက ကျောင်းရှေ့မှာ ဝိုင်းနေတယ်။

“ဆရာမ အောင်စာရင်း မထွက်သေးဘူးလား”

“နေဦး အထက်က နောက်ဆုံး အမိန့်ကို စောင့်နေတာ”

အထက်က နောက်ဆုံးအမိန့်ကို လားစီးပြီးတော့ ကင်းသမားကလာပို့တယ်။

“အထက်အမိန့် … အထက်အမိန့်”

ဆရာမက စာအိတ်ထဲက စာကိုဖွင့်ဖတ်

“သိစေရန်မှာ ကြောင်ဆိုသည်မှာ စိတ်ကူးဖြင့် ပုံဖော်ပြနိုင်သူများကိုသာ အအောင်ပေးရန်။ ထိုးဖောက် တီထွင် ဖန်တီးပြီး ကြောင်ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း ပြောဆို ဖော်ထုတ်ပြသနိုင်သူကိုသာ အအောင်ပေးရန်”

ဆရာမက စာရွက်လေးကိုကိုင်။ ထဘီကိုပြင်ဝတ်

“အို ဘာတဲ့ …

ခေါင်းကလေးလှုပ်ကာ

အမြီးလေး ပုတ်တဲ့

ကြောင်ကလေး … ကလောင်လေးကို

ဓားနဲ့ခုတ်ကာ ဟင်းချက်တုတ်တော့

ညောင် ညောင့် ညောင် ညောင် ညောင် … အို ဘာတဲ့”

ဆရာမက ကွေးနေအောင်က

ဘာမှန်းမသိ ညာမှန်းမသိ တစ်ရွာလုံးက ရွာသားတွေကလည်း ဝိုင်းက

“ကထား ဟေ့ … ကထား … ကနိုင်မှ စာမေးပွဲအောင်မယ်လို့ အထက်က အမိန့်လာတယ်နဲ့တူတယ်”

အောင်စာရင်းထုတ်တဲ့နေ့က ပေယျာလကန်မှာ ပျော်စရာကြီးဗျ။ ရွာသားတွေ တစ်ရွာလုံးကကြတာ။

တင်ညွန့်

photo : facebook

image

Sort:  

Nice content. Lot of hard work.

Please Stop

In your your last 100 comments you used 37 phrases considered to be spam. You've received 4 flags and you may see more on comments like these. These comments are the reason why your Steem Sincerity API classification scores are Spam: 62.10% and Bot: 8.60%

Please stop making comments like this and read the ways to avoid @pleasestop and earn the support of the community.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57868.91
ETH 2362.75
USDT 1.00
SBD 2.36