မရှိနိုင်တဲ့ ရောင့်ရဲခြင်း

in #esteem6 years ago

image
လူတွေရဲ့ လိုအင်ဆန္ဒတွေက ကုန်သွားတယ်ဆိုတာလည်း မရှိဘူး။ ရောင့်ရဲတင်းတိမ်သွားတယ်ဆိုတာလည်း မရှိပါဘူး။ လိုချင်တာတွေက တစ်ခုပြီး တစ်ခုဖြစ်လာနေတာပါ။ ကျွန်တော် ထင်မြင်မိတာ တစ်ခုရှိတယ်။ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက် တစ်ခုတည်းပါ။ ရောင့်ရဲတင်းတိမ်ခြင်းဆိုတာဟာ သက်ရှိလူသားတိုင်းမှာ မရှိနိုင်ဘူးလို့ ထင်တယ်။ သေတဲ့ထိ ဖြစ်ချင်တာတွေ ရှိနေအုံးမယ်လို့ ထင်တယ်။ ကျွန်တော့်ရဲ့ ထင်မြင်ချက်လေးကို အကျယ်ချဲ့တွေးကြည့်မယ်။

ပထမဆုံး ရောင့်ရဲခြင်းဆိုတာ ဘာလဲ မေးခွန်းထုတ်စရာရှိလာတယ်။ ရောင်းရဲခြင်းဆိုတာ လိုချင်တယ်၊ စားချင်တယ်၊ ဖြစ်ချင်တယ် အစရှိတယ် ချင်ခြင်းတွေ မရှိတော့တာကို ပြောတာပါ။ အင်္ဂလိပ်လိုတော့ want to,would like toတွေ မရှိတော့တာကို ဆိုလိုတာပါ။ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ ဘာကိုမှ မလိုချင်တော့တာ၊ ဘာကိုမှ မဖြစ်ချင်တော့တာကို ဆိုလိုတာပါ။ မိမိအတွက်၊ မိမိ မိသားစုအတွက် အစရှိတဲ့ အတွက်ပေါင်းများစွာကို အကြောင်းပြပြီး တင်းတိမ်ရောင့်ရဲမှုတွေ မဲ့နေကြတာ။ ကျွန်တော်လည်း ဒီလိုပဲပေါ့ ရတာတွေထက်ကို ပိုလိုချင်တာပေါ့။ Steemitမှာ အရင်က တစ်စတစ်စနဲ့ ရနေတာလေးအပြင် ထက်လို ပိုရချင်ခဲ့တာပါ။ အားလုံးလဲ ကျွန်တော့်လိုပဲ နေမှာပါ။

ရှင်ဘုရင်တို့မည်သည် ဥစ္စာမှာ ရောင်းရဲတင်းတိမ့်ခြင်း မရှိ၊ သူတော်ကောင်းတို့ မည်သည် မင်္ဂလာစကား၊ သူတော်ကောင်း ကျင့်ဝတ်တွေကို ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ရဟန်းတို့မည်သည် မြတ်ရွာဘုရားရဲ့ တရားတော်တွေကို ရောင့်ရဲတင်းတိမ်တယ် မရှိ။ နောက်ဆုံးအကုန် လူသားတို့မည်သည် အသက်ရှူခြင်းကို ရောင့်ရဲ တင်းတိမ်မှု မရှိ။ ရှုပ်သွားမယ်ထင်ပါတယ်။ ရှင်ဘုရင်တွေဟာ သူမတူအောင် တိုင်းပြည်တွင်း ချမ်းသာပေမဲ့ မိမိစည်းစိမ်ဥစ္စာ၊ ထီးနန်းကို အသက်ရှင်နေသရွေ့ ခံစားစိုးစံလိုကြတယ်။ သူတော်ကောင်းတွေတောင်မှ သူတော်ကောင်း အကျင့်၊ ဓလေ့၊ မင်္ဂလာစကားဆိုနေရတာကို အမြဲလိုချင်နေကြတယ်။ ဘယ်တော့မှ သူတော်ကောင်း စရိုက်ကို ရောင့်ရဲသွားတယ် မရှိပါဘူး။ ဒီမှာ ပြောစရာရှိလာတာက သူတော်ကောင်းစရိုက်ရှိသူက ဘာလိုချင်သေးမှာလဲ၊ ကျွန်တော် တင်ပြတာ မှားတယ် ထင်သွားမှာပါ။ ရောင့်ရဲခြင်းဆိုတာကို နက်နက်နဲနဲထပ်တွေးကြည့်မယ်။ ရောင်ရဲတင်းတိမ်ချင်းဆိုတာ တစ်ခုခုကို ဆက်လက်မလိုချင်တော့တာ၊ လက်မခံတော့တာလို့လည်း ထပ်တွေးလို့ရပါသေးတယ်။ သူတော်ကောင်းက သူတော်ကောင်းစရိုက်ကို ဆက်မကျင့်တော့ရင် သူတော်ကောင်းဆိုတဲ့ နာမည်တောင် ပျက်သွားမှာပေါ့။ ဒါဆို ကျွန်တော့် စကားကို နားလည်လောက်မှာပါ။

ဘုရားသားတော် ရဟန်းသံဃာတွေဟာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို အစဉ်မပြတ်လေ့လာ မှတ်သားလိုကြတယ်။ လောကလူသားတွေကို ဟောပြောလိုကြတယ်။ ပိဋကပ်သုံးပုံကို အလွတ်မှတ်နိုင်တဲ့ ရဟန်း လက်ငါးချောင်း မပြည့်သေးတာ လူတိုင်းအသိပါ။ ရဟန်းတွေရဲ့ အဓိက ရည်ရွယ်ချက်က ပိဋကပ်သုံးပုံမှ တရားတော်တွေကို လောကလူသားတွေကို ဟောပြောလိုချင်ကြခြင်း ဖြစ်တယ်။ ဒါကြောင့်လည်း ရဟန်းတွေဟာ အမြဲ ပိဋကပ်သုံးပုံကို အမြဲ အလွတ်အာဂုန် ဆောင်လိုချင်ကြတယ်။

လူသားတိုင်းမှာ အကြောက်တရား တစ်ခုရှိတယ်။ အဲ့ဒီအရာက သေခြင်းတရားပေါ့။ လူတိုင်း သေမှာကြောက်တယ်။ သေမှာ မကြောက်တဲ့သူဟာ တစ်ရာမှာ ၁ယောက်ပါ။ မကြောက်တဲ့သူတွေကလည်း သေဘေးနဲ့ကြုံရင် ပြေးမှာပဲ ကြောက်လာမှာပဲ။ သေမှာ ကြောက်တယ်ဆိုတဲ့ နောက်မှာ အသက်ရှူချင်သေးတယ်ဆိုတဲ့ ဆန္ဒလေးတွေ ရှိနေကြတာပါပဲဗျာ။

ဒါကြောင့် ကျွန်တော့်အတွေးထဲ ဝင်လာတာက လူတိုင်းလူတိုင်းမှာ ဘယ်တော့မှရှိလာမှာ မဟုတ်တာက ရောင့်ရဲခြင်းပဲ ဆိုတာပေါ့။ ။

( အတွေးတွေ မတူလို့ အဆင်မပြေဖြစ်သွားရင် နားလည်ပေစေလိုပါတယ်။ )

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @kyawzinwin14!

You just got a 0.22% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawzinwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64039.14
ETH 2755.32
USDT 1.00
SBD 2.70