စဉ်ဆက်မပြတ် လေ့လာမှု၊
စဉ်ဆက်မပြတ် လေ့လာမှု၊
- အထူးပြုလေ့လာမှုကို ဘယ်လောက် အတိုင်းအတာအထိ လုပ်ပြီးခဲ့ပြီးပြီလဲ။
- နောက်များမှာရော ဘယ်အရာတွေကို၊ ဘယ်လောက် လုပ်အုံးမှာလဲ။
ဆရာတစ်ယောက်ဟာ၊ ဘာတွေကို ဘယ်လို လေ့လာသင်ယူခဲ့တယ်ဆိုတာကို သုံးသပ်ရဲ့လား။ အနာဂတ်မှာ လည်း ဘယ်အရာတွေကို ဘယ်လောက် လေ့လာသင်ယူမယ်လို့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာ ထားပြီးပြီလား။ အဲလိုမှမဟုတ်ရင်၊ ဆရာ ဖြစ်ဖို့ မထိုက်ပါဘူး။
လူ့အသိုင်းအဝန်းရဲ့ မျိုးဆက်သစ်တွေကို လမ်းပြ၊ ညွှန်ပြမယ့် သူတွေဟာ အဲ့လောက် ညံ့နေရင်၊ မြန်မာပြည် မကြီးပွားတာ မဆန်းလှပါဘူး။ ခပ်ညံ့ညံ့ဆရာတွေ လက်ထဲက၊ ဘယ်လောက် ထူးချွန်ထက်မြက်တဲ့ ကျောင်း သားတွေ ထွက်လာနိုင်လို့လဲ။ လူ့အသိုင်းအဝိုင်းကို သတ်တဲ့သူတွေဟာ၊ ဆရာ ညံ့တွေပါ။ ဆရာဖျင်းတွေပါ။
ဆရာတွေအတွက် ပညာရေးစနစ်ရဲ့ ပေးထားချက်ဘောင်တွေက၊ ကျဉ်းကောင်း ကျဉ်းမယ်။ နည်းကောင်း နည်းမယ်။ အထောက်အပံ့၊ အပံ့အပိုး အားနည်းချင် နည်းမယ်။ ကျနော် အခုပြောနေတာ၊ အထောက်အပံ့ ကြောင့် ဖြစ်တဲ့ မေးခွန်းတွေ မဟုတ်ပါဘူး။ ပညာရေးအပေါ်မှာ ထားတဲ့စိတ်သဘောထားတွေကိုသာ ဆန်းစစ် မေးခွန်းထုတ်တာဖြစ်ပါတယ်။
ကြိုက်ချင် ကြိုက်မယ်။ မကြိုက်ချင် မကြိုက်ဘူး။ ဘာပဲဖြစ်ဖြစ် လူတွေက ကိုယ်ယုံကြည်တဲ့ အလုပ်ကို တစိုက် မတ်မတ် လုပ်နေရမှာ မဟုတ်လား။ ပညာရေးအပေါ်မှာ ထားတဲ့ သဘောထားက၊ အရေးကြီးတယ်။ ဆရာလုပ် တဲ့သူတွေရဲ့ စိတ်သဘောထား အမြင်က ပိုလို့တောင် အရေးကြီးပါတယ်။ သူတို့ အမြင်၊ ခံယူချက်နဲ့ ယူဆချက် တွေက၊ လူ့အသိုင်းအဝိုင်းပေါ် သက်ရောက်မှု အားကြီးလို့ ဖြစ်ပါတယ်။
#မိဘတွေကို_မေးမယ်
မိဘဆိုတာ၊ သားသမီးတွေအတွက် အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်နိုင်တယ်။ အဆိုးဆုံး ရန်သူလည်းဖြစ်နိုင် တယ်။ ဗုဒ္ဓက ဒီလိုသဘော ဟောခဲ့ဖူးပါတယ်။ အကြောင်းက ရှင်းပါတယ်။ သားသမီးကို မိဘတွေက တိုးတက် ဖြစ်ထွန်းစေနိုင်သလို၊ နှောက်ယှက်ဟန့်တားမှုလည်း ပေးနိုင်တယ်။ မိဘတွေနဲ့ ပက်သက်ပြီး သားသမီးတွေ ပေါ်မှာ မျက်နှာစာ နှစ်ဖက် ရှိတယ်။
အဲ့တော့၊ မိဘတိုင်း ချစ်တတ်ရဲ့လား… လို့ မေးလိုက်ချင်တော့တယ်။
တကယ် ချစ်တတ်ရဲ့လား။ ကိုယ့်သားသမီးကို တကယ်ချစ်တတ်ရဲ့လား။ ချစ်ဖို့အတွက် လောကအကြောင်း၊ လောကရဲ့ အကျိုးကို ရှင်းရှင်းလင်းလင်း နားလည်ထားသလား။ ဘဝရဲ့သမာရိုးကျမှု ဘောင်ထဲမှာပဲ သားသမီး ကို မြုပ်ဝင်စေချင်သလား။ လူ့အသိုင်းအဝိုင်းရဲ့ ယူနစ်တစ်ခုဖြစ်ဖို့၊ အဲ့သည်လောက် ခက်သလား။ သားသမီးရဲ့ ဗီဇ နဲ့ ပတ်ဝန်းကျင်ကို အပ်စပ်အောင် တည်ဆောက်ပေးဖို့၊ စဉ်းစားမိသလား။
မိဘတွေ တော်တော်များများက၊ သူတို့ သားသမီးတွေကို “ခွေး” မဖြစ်ဖို့ ပြုစွမ်းနိုင်တယ်။ သို့ပေမယ့်၊ ဘုရင်ဖြစ် ဖို့၊ အားလုံး မတတ်စွမ်းနိုင်ကြဘူး။ အဲ့တော့၊ မိဘတွေက သူတို့ သားသမီးတွေကို ‘ခွေး’ မဖြစ်အောင်၊ ကြိုးစား ရုန်းကန်နေကြရင်း ဘုရင်ဖြစ်စေမယ့် အခွင့်အလမ်းတွေကို ပုတ်ထုတ်ဖယ်ရှားလိုက်သလို ဖြစ်သွားကြတယ်။
မိဘ စကား နာယူတိုင်း ကောင်းသလား ။ မှန်သလား။ မြန်မာ့ဓလေ့ကို လွန်ဆန်ပြီး မေးရမယ်။ ပညာတော်လှန် ရေးဟာ၊ အတွေးအခေါ် အမြင် ပြောင်းလဲရေးက စလိုက်တာ ကောင်းတယ်။
ဗုဒ္ဓဟာ၊ သူ့ခမည်းတော် အလိုကို နာယူခဲ့ရင်၊ မဟာလူသား ဘုရားအဖြစ် ရောက်ပါ့မလား။
#ဆင်ခြင်တုံတရားကဲသော
ကျနော်တို့ ပညာရေးက ဆင်ခြင်တုံတရား ကဲသော စနစ် ဖြစ်သင့်တယ်။ ဆင်ခြင်တုံတရားကို ဦးထိပ်မှာ ထားပြီး၊ ပြောတာ လုပ်တာတွေ ဖြစ်နေမှ ကောင်းမယ်။ လူ့အသိုင်းအဝိုင်းကို ကောင်းအောင် တည်ဆောက်ဖို့ အတွက်ဆိုရင်၊ အနာဂတ်ရဲ့ နှစ်ပေါင်း သုံးလေးငါးဆယ်ကို ကျော်ကြည့်ပြီး တည်ဆောက်နိုင်မှ ကောင်းမယ်။
ပညာရေးဟာ ရေတို မဟုတ်ဘူး။ ရေရှည်ပါ။
တာတို ပြေးပွဲ မဟုတ်ဘူး။ မာရသွန်ပြေးပွဲပါ။
သက်လုံက အရေးကြီးပါတယ်။ စိတ်ရှည်မှုက အရေးကြီးပါတယ်။ တစ်စိုက်မတ်မတ် ရှိမှုက အရေးကြီးပါတယ်။ ခရီးဝေးအတွက် သေချာလေ့ကျင့် ပြင်ဆင်ထားမှု လိုအပ်ပါတယ်။
ပညာရေးဟာ နှစ်ရှည်ပင် စိုက်တာ ဖြစ်ပါတယ်။ ခရမ်းပင်၊ ဘူးပင် စိုက်သလို သီးပြီး သေသွားတာ မဟုတ်ပါဘူး။ တော်ရုံနဲ့လည်း မသီးပါဘူး။ အသီးအပွင့်အတွက် အချိန်ကာလ တစ်ခု စောင့်ရတယ်။ အချိန်ကာ လ တစ်ခု ရင်းနှီးမြုပ်နှံရတယ်။ အောင့်အီးသည်းခံနိုင်မှ ရမယ်။ စိတ်ရှည် မှ ရမယ်။ အမြင်ကျယ်ကျယ် ဖြစ်မှ ကောင်းမယ်။
နောင်များမှာ ရေကြည်ချင်ရင်၊ အခု ကြိုတင် ရေတွင်းတူးထားဖို့ လိုပါတယ်။
ပညာရေးမှာ ဆင်ခြင်တုံတရားကို လွတ်လပ်ခြင်း နဲ့ နည်းစနစ် မှန်ကန်ခြင်းကသာ ရနိုင်တယ်။ လူ့အသိုင်း အဝိုင်းရဲ့ သမိုင်းတရားခံတွေအဖြစ်၊ ဆရာတွေ မိဘတွေက တိမ်မြုပ်ပြီး မှတ်တမ်းဝင်နေတာ မကောင်းဘူး။ လူတွေက အတ္တနဲ့မို့၊ စေတနာ အမှားတွေကို သည်းခံနိုင်ကြတယ်။ ပညာတတ်တဲ့ လူ့အသိုင်းအဝိုင်းမှာ စေတနာအမှားကို ကြာရှည် လက်မခံနိုင်ပါဘူး။ ပညာရေးမှာ စေတနာ အမှားဆိုတဲ့ ဆင်ခြေကို ကျနော်တို့ ခြေ ဖျက်ပစ်မှ ရမယ်။
အဲ့ဒါ အင်မတန် သမာရိုးကျ နိုင်လွန်းတယ်။
photo: google
Nice content. Lot of hard work.
Please Stop - @souldelas
You just said "nice content" and in your your last 100 comments you used 39 phrases considered to be spam and you made this exact same comment 9 times. You've received 8 flags and you may see more on comments like these. These comments are the reason why your Steem Sincerity API classification scores are Spam: 72.50% and Bot: 6.80%
Please stop making comments like this and read the ways to avoid @pleasestop and earn the support of the community.