ရွှေရင်းနှီး မြုပ်နှံမှု အကြောင်းပြချက် ၃ရပ်

in #esteem6 years ago

*** ရွှေရင်းနှီး မြုပ်နှံမှု အကြောင်းပြချက် ၃ရပ် ***

  Investor များသည် ရွှေကို ဝယ်ယူရင်းနှီးမြုပ်နှံမှု ပြုလုပ်ကြရာတွင် တိုက်ရိုက်ဝယ်ယူရင်းနှီးမြုပ်နှံခြင်း (Direct Investment) ၊ အရန်စုဆောင်းခြင်း (Safe haven) နှင့် အရှုံးကာမိရန်စုဆောင်းခြင်း (Hedge) စသည့် အကြောင်းပြချက် ၃ ချက်အနက် တစ်ချက်မဟုတ် တစ်ချက်ကြောင့် ဝယ်ယူကြခြင်းဖြစ်သည်။ ထိုအကြောင်းရင်း ၃ ချက်အနက် စတော့ဈေးကွက် ပြို လဲ ချိန် အရှုံးကာမိရန် စုဆောင်းခြင်း (Hedge) သည် ဝယ်ယူရန် အကောင်းဆုံးသော အကြောင်းရင်းတစ်ခုဖြစ်သည်။ 

  Hedge ပြုလုပ်ခြင်းသည် အခြားသောရင်းနှီးမြုပ်နှံမှု အက်ဆက်များ ဈေးကျနေချိန် အရှုံးကို ထေမိစေရန် ရွှေကို ဝယ်ထားကြခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းနေချိန်တွင် ရွှေကို ဝယ်စုကြလေ့ရှိသည်။ ငွေကြေးတန်ဖိုးကျဆင်းခြင်းသည် သွင်းကုန်ပစ္စည်းများအပေါ် ဈေးကြီးပေးဝယ်ရခြင်းဖြစ်ပေါ် စေပြီး ငွေကြေးဖောင်းပွမှု ကိုလဲ မြင့်တက်စေသည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် ရွှေ ဝယ်စုခြင်း ဖြစ်ပေါ်လာစေသည်။ အတိတ်ကအကြောင်းရင်းကို ပြန်ကြည့်လျှင် ၂၀၀၂ - ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို $347.20 မှ $833.75 ထိ ၂ ဆမြင့်တက်ခဲ့သည်။ ဒေါ်လာ တန်ဖိုးကို ပြန်ကြည့်ပါက ယူရိုနှင့် ယှဉ်တွဲသော ယူရိုဒေါ်လာငွေကြေးအတွဲတွင် ၄င်း နှစ်များအတွင်း ၄၀ % ကျော် ကျဆင်းခဲ့ကြောင်းတွေ့ရသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပျက်ကပ်ဖြစ်ခဲ့စဉ်ကာလအတွင်း Investor များသည် ဒေါ်လာတန်ဖိုးကျဆင်းနေချိန် ဆုံးရှုံးမှုကို ကာကွယ်ရန် ရွှေကို ဝယ်စုခဲ့ကြသည်။ ဒေါ်လာတန်ဖိုးကျဆင်းခြင်းမှာ အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်ခဲ့သည်။ ပထမတစ်ချက်မှာ အမေရိကန်ဗဟိုဘဏ် Fed မှ မူဝါဒဖြေလျှော့ပေးခြင်း (Quantitative Easing) လုပ်ငန်းစဉ်ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သည်။ ၄င်း QE လုပ်ငန်းစဉ်တွင် ဘဏ်ငွေတိုက်စာချုပ်များ အတွက် Fed မှ အကြွေးပေးခြင်းများပြုလုပ်ပေးပြီး အရင်ကထုတ်ဝေ ထားပြီးသား ငွေတိုက်စာချုပ်များကိုလည်း ပြန်လည်ဝယ်ယူပေးခြင်းတို့ပြု လုပ်ပေးခြင်းတို့ ပါရှိသည်။ ငွေသားလှည့်လည်စီးဆင်းမှု (Money Suppy) ကို ပေါများစေသောကြောင့် Investor များက ငွေကြေးဖောင်းပွမှု လိုက်ပါမြင့်တက်မည့် အကျိုးဆက်ကို ကြို တင်ပြင်ဆင်သော အနေဖြင့် ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှု ပြု ခဲ့ကြသည်။

ဒုတိယ တစ်ချက်ကတော့ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်လာပြီး Debt to GDP ratio ကို ၇၇ % အထက်ကို ဆွဲတင်သွားစေခဲ့သည်။ ကြွေးမြီ ထူပြောလာခြင်းသည် ဒေါ်လာကို တန်ဖိုးယုတ်လျော့လာစေခဲ့သည်။ Trinity ကောလိပ်မှ ရွှေ သုတေသနပြု သူများ၏ ရှာဖွေတွေ့ရှိချက်အရ စတော့ဈေးကွက်ပြိုလဲ ချိန်တွင် ရွှေ ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရသည်။ အတိတ်တွင် ဖြစ်ခဲ့သော စတော့ဈေးကွက် ကသောင်းကနင်းဖြစ်စဉ်ကာလများ အတောအတွင်း ရွှေ ဈေးနုန်းမြင့်တက်လာခဲ့ပြီး စတော့ဈေးကွက် တည်ငြိမ်လာပြီး စတော့ဈေးနုန်းများ ပြန်တက်လာချိန်တွင် ရွှေကို ပြန်ထုတ်ရောင်းမှု များကြောင့် ရွှေဈေးပြန်ကျခဲ့သည့်ဖြစ်ရပ်များရှိခဲ့သည်။

  Safe Haven ကို Investorများက ကပ်ဘေးဆိုက်သောအခြေနေမျိုး၌ ပြုလုပ်ကြလေ့ရှိသည်။ ထို့ကြောင့်လည်း ၂၀၀၈ ခုနှစ်ဘဏ္ဍရေးပျက်ကပ်ဖြစ်ပေါ်ချိန်က ရွှေကို Safe haven ဝင်ခဲ့ခြင်းဖြစ်သည်။ ဥရောပဘဏ္ဍာရေးပျက်ကပ်တုန်းကလည်း အလားတူပင် ရွှေဈေးနုန်း မိုးထိအောင် တက်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်ကြွေးမြီပျက်ကပ်ကာလအတွင်း၌လည်း ရွှေအပေါ် Safe haven ဝယ်စုခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ရွှေတစ်အောင်စ $869.75 ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေး $1895 ရောက်ခဲ့သည်။ 

   Direct Investment လုပ်သော Investor များကတော့ အနာဂတ်တွင် ရွှေဈေးတက်လာမည်ဟူသော မျှော်မှန်းချက်ဖြင့် ဝယ်စုထားကြခြင်းဖြစ်သည်။ အချို့သော Investor များက စက်မှု ဇုံလုပ်ငန်းများတွင် အသုံးလိုသောကြောင့် ဝယ်ယူစုဆောင်းထားခြင်းများရှိကြသည်။ တိုက်ရိုက်ရင်းနှီးမြုပ်နှံထားသူများတွင် တစ်ဦးတယောက်ချင်းရင်းနှီးမြုပ်နှံသူများ ပါဝင်သလို အစိုးရများပါ ပါဝင်နေကြသည်။ 

   ရွှေသည် နှစ်ရာချီ ထောင်ချီ လူတိုင်းတန်ဖိုးထား စုဆောင်းသိမ်းဆည်းရသော အဖိုးတန်တွင်းထွက် ဖြစ်သည်။ သမိုင်းအစဉ်အလာကြီးမားခဲ့ပြီး ငွေကြေးတစ်ခုအနေဖြင့်လည်း သုံးစွဲဖူးခဲ့ကြသည်။ မည်သည့်အကြောင်းပြချက်ကြောင့် ရွှေဝယ်စုသည်ဖြစ်စေ ရွှေတစ်မျိုးတည်း ဝယ်ယူရင်းနှီးမြုပ်နှံခြင်းက မသင့်လျော်ပေ။ ရွှေဈေးကစားသူများဖြင့် နေ့စဉ်အတက်အကျ များရှိလေ့ရှိသောကြောင့် ဖြန့်ကြက်ရင်းနှီးမြုပ်နှံခြင်းက သင့်တော်မည် ဖြစ်ပါကြောင်း မျှဝေ လိုက်ရပါသည်။ 

Credit#Nang_Kham_Thiri_Oo
image

Sort:  

Congratulations @kalayy! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @kalayy! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59207.83
ETH 2464.61
USDT 1.00
SBD 2.43