ကျန်းမာ​သော ​နေထိုင်​မှုဘဝ

in #esteem6 years ago (edited)

image

ကျန်းမာခြင်းသည်​ လာဘ်​ကြီးတစ်​ပါးဟုဆိုသည့်​အတိုင်း ခန္ဓာကိုယ်​ချွတ်​ယွင်းမှုကင်း၍ ​ရောဂါဘယ ကင်းရှင်းခြင်းသာမက ကိုယ်​၏ကျန်းမာခြင်း၊စိတ်​၏ချမ်းသာခြင်း၊လူမှု​ရေးသုခနှင့်​ပြည့်​စုံခြင်းစသည့်​ ကိုယ်​စိတ်​နှစ်​ပါးချမ်းသာခြင်းနှင့်​ပြည့်​စုံခြင်းကို တည်​​ဆောက်​ကြရမည်​ဖြစ်​သည်​။
မျက်​​မှောက်​ကာလတွင်​ ဆုတ်​ကပ်​ဟုဆိုသကဲ့သို့ ကိုယ်​စိတ်​နှစ်​ပါးကျန်းမာခြင်းကို ထိခိုက်​​စေနိုင်​​သော အ​ခြေအ​နေ​အ​ကြောင်းအမျိုးမျိုးတို့နှင့်​တစ်​နည်းမဟုတ်​တစ်​နည်း ကြုံ​တွေ့​နေရသည်​။ယခုအခါ လူတို့၏ပ​ယောဂတစ်​မျိုးမျိုး​ကြောင့်​ မိမိ​နေထိုင်​​သော ပတ်​ဝန်းကျင်​တွင်​ ကိုယ်​စိတ်​နှစ်​ပါးထိခိုက်​​စေ​သော အမှုအစုစုတို့ဖြစ်​​ပေါ်လာသည်​။
image
ထို့​ကြောင့်​ အများသူငါတို့ ကာယသုခနှင့်​ပြည့်​စုံ​စေရန်​အတွက်​ တစ်​ကိုယ်​​ရေသန့်​ရှင်း​ရေးကို အ​လေးထားပြုမူ​ဆောင်​ရွက်​ကြရမည်​ဖြစ်​သည်​။ထို့်​ပြင်​ အန္တာရယ်​ကင်း၍ကျန်းမာ​ရေးနှင့်​ညီညွတ်​သည့်​ အာဟာရပြည့်​ဝ​သော အစားအစာများကို စားသုံးရန်​လိုအပ်​ပြီး ဆီနှင့််​​အငန်​များ​သော အစားအစာများ၊အချိုမှုန့်​ကဲ့သို့ဟင်းချိုမှုန့်​များ စားသုံးခြင်းကို​ရှောင်​ရှားကြရန်​လိုအပ်​ပါသည်​။
ကျန်းမာ​ရေးနှင့်​ညီညွတ်​​သော ဘဝတစ်​ခုကို ပိုင်​ဆိုင်​နိုင်​ရန်​အတွက်​ အ​ခြေခံလိုအပ်​ချက်​ဖြစ်​သည့်​ သန့်​ရှင်း​သော​သောက်​သုံး​ရေရရှိသုံးစွဲနိုင်​ရန်​ လိုအပ်​သည်​။မြို့ပြလူ​နေထူထပ်​​သော ​ဒေသများ၊​ရေရှားပါး​သောအရပ်​များတွင်​ သန့်​ရှင်း​သော ​သောက်​သုံး​ရေရှိနိုင်​​ရေးကို အ​လေးထားကြရမည်​ဖြစ်​သည်​။သန့်​ရှင်း​သောအစားအ​သောက်​နှင့်​​သောက်​သုံး​ရေသည်​ လူတို့အတွက်​ အ​ရေးအကြီးဆုံး ပဓာနလိုအပ်​ချက်​ပင်​ဖြစ်​သည်​။
မျက်​​မှောက်​ကာလ လူအများမှာ​ပြောင်းလဲလာ​သော ​နေထိုင်​မှုဘဝပုံစံအသစ်​များဖြစ်​လာသည်​။နိစ္စဓူဝ လှုပ်​ရှားရုန်းကန်​​နေရ​သော ဘဝအ​ခြေအ​နေအ​ပြောင်းအလဲများ​ကြောင့်​ ဖြစ်​​ပေါ်လာသည်​ဟု ဆိုနိုင်​​ပေသည်​။ယင်းအ​ခြေအ​နေအရပ်​ရပ်​​ကြောင့်​လည်း လူတို့၏ကျန်းမာ​ရေးကို ထိခိုက်​နိုင်​စရာအ​ကြောင်းများဖြစ်​လာခဲ့သည်​။ယခုကဲ့သို့ ပူပြင်း​သောရာသီကာလတွင်​ အပူဒဏ်​​ကြောင့်​ ကျန်းမာ​ရေးမထိခိုက်​​စေ​ရေးအတွက်​ သတိထားကြရမညိဖြစ်​သည်​။ရာသီဥတုနှင့်​လိုက်​​လျောညီ​ထွေ​သော ဝတ်​စားဆင်​ယင်​မှုလည်း ဝတ်​ဆင်​သင့်​သည်​။
image
အရွယ်​​ရောက်​သူ ကျား၊မ မ​ရွေးတို့သည်​ မိမိတို့၏အလုပ်​အကိုင်​များကို ဦးစား​ပေးရလွန်း​သော​ကြောင့်​ မိမိတို့၏ကျန်းမာ​ရေးကိုပင်​ သတိမမူမိသည့်​ အ​ခြေအ​နေများရှိလာသည်​။ထို့​ကြောင့်​ မိမိတို့်​၏အသက်​အရွယ်​နှင့်​လိုက်​​လျောညီ​ထွေမှုရှိသည့်​ ကိုယ်​လက်​လှုပ်​ရှားမှုများကို ​နေ့စဉ်​မှန်​မှန်​ ​ဆောင်​ရွက်​သင့်​သည်​။နေ့စဉ်​လုပ်​ငန်း​ဆောင်​တာများကို အပြင်းအထန်​​ဆောင်​ရွက်​ရ​သော​ကြောင့်​ ပင်​ပန်းနွမ်းနယ်​မှုများကို​ပြေ​ပြောက်​​စေရန်​လုံ​လောက်​​သော အပန်း​ဖြေအနားယူမှုများပြုလုပ်​သင့်​သည်​။လုံ​လောက်​​သော အိပ်​စက်​အနားယူမှု၊ကျန်းမာ​ရေးကို ထိခိုက်​​စေနိုင်​​သော စိတ်​ဖိစီးမှုဖြစ်​​စေနိုင်​သည့်​ကိစ္စများအား ​ရှောင်​ရှားတတ်​ရန်​လည်း လိုအပ်​​ပေသည်​။
ထို့အပြင်​ မူးယစ်​​ဆေးဝါး၊အရက်​​သေစာနှင့်​​ဆေးလိပ်​၊ကွမ်းတို့သည်​ ကျန်းမာ​ရေးကို ထိခိုက်​​စေနိုင်​သဖြင့်​ လုံးဝ​ရှောင်​ကြဉ်​သင့်​သည်​။လူတို့အ​နေဖြင့်​ မိမိတို့၏တစ်​ကိုယ်​​ရေ ကျန်းမာ​ရေးကိုသာမက မိမိပတ်​ဝန်းကျင်ရှိလူများ၏ ကျန်းမာ​ရေးကို မထိခိုက်​​စေရန်​လည်းသတိထားကြရမည်​ဖြစ်​သည်​။
ကျန်းမာ​ပျော်​ရွှင်​​သောဘဝ၊ကျန်းမာရွှင်​လန်း​သော ပတ်​ဝန်းကျင်​ကို ပိုင်​ဆိုင်​နိုင်​ရန်​အတွက်​ ကျန်းမာ​ရေးနှင့်​ မညီညွတ်​​သောအမှုတို့ကို ​ရှောင်​ရှားကြကာ ကျန်းမာ​သောလူမှုဘဝကို တည်​​ဆောက်​ကြပါဟု တိုက်​တွန်းလိုက်​ပါရ​စေ။
image
MSU-035

@htoohan

Sort:  

လာဘ်​ကြီးတစ်​ပါး​လေ

ဟု😊😊

This post received a $0.105 (14.78%) upvote from @upvotewhale thanks to @htoohan! For more information, check out my profile!

This post has received a 0.70 % upvote from @speedvoter thanks to: @htoohan.

This post has received a 5.71% upvote from @lovejuice thanks to @htoohan. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Congratulations, your post received 2.92% up vote form @spydo courtesy of @htoohan! I hope, my gratitude will help you getting more visibility.
You can also earn by making delegation. Click here to delegate to @spydo and earn 95% daily reward payout! Follow this link to know more about delegation benefits.

This post has received a 4.05% upvote from thanks to: @htoohan.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

လူတိုင်းကျန်းမာ​ရေးကိုစိုက်​သင့်​ပါတယ်​ဗျာ

ဟုအကို

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Thanks bro

This post has received a 0.06 % upvote from @drotto thanks to: @htoohan.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61720.10
ETH 2429.72
USDT 1.00
SBD 2.63