ရတာလေးဘဲယူပါမယ်
ရတာလေးဘဲယူပါမယ်
မနေ့ကတော့ စတင်းမွန်းစတားဂိမ်းရဲ့ ရာသီလိဒ် တစ်ခုက ပြီးဆုံးသွားခဲ့ပါပြီ အပြောင်းအလဲ အနည်းငယ်နဲ့ ဆက်လက်ချီတက်လို့နေတဲ့ စတင်းမွန်းစတားကတော့ အရင်လိုပါဘဲ အထူးအဆန်းတွေ သိပ်မလုပ်သေးပါဘူး ပြိုင်ပွဲတွေ ကျင်းပပေးတယ် ဆုကြေးတွေ များစွာ ပေးအပ်တယ် ဒါကိုဘဲ သူ့ဂိမ်းရဲ့ ဆွဲဆောင်မှုတစ်ခုအဖြစ် မြှင့်တင်လုပ်ဆောင်နေတာတွေ့မြင်ရပါလိမ့်မယ်
စတင်းမွန်းစတားရဲ့ သဘောမကျတဲ့အချက်က အဲ့ဒီပြိုင်ပွဲတွေပါဘဲ ပြိုင်ပွဲက အားလုံး ၀င်ရောက်ယှဉ်ပြိုင်လို့ရတယ် ဆိုစေဦးတော့ တကယ်တမ်းအကျိုးအမြတ်ရသူတွေကတော့ အပေါ်ပိုင်းက လူတစ်ရာဝန်းကျင်တွေဘဲ ဖြစ်နေတာ တွေ့ရလို့ပါဘဲ
သူတို့ကလည်း ဆုမှန်သမျှကို အားလုံး သိမ်းပိုက်ဖို့ ပြင်ဆင်မှုတွေ ရင်းနှီးမှုတွေ များစွာလုပ်ထားကြသူများသာဖြစ်ပါတယ်
ဟီးရိုးအတွဲတွေကို လေဘယ် အမြင့်ဆုံးမြှင့်ထားနိုင်သူများဖြစ်ပါတယ် အသစ်ထွက်တာမှန်သမျှကို လေဘယ်မြှင့်တင်ရေး လုပ်နေရတာကလည်း သူတို့ရဲ့ အဓိကအလုပ်ဖြစ်နေပါတယ် မလုပ်ပြန်လျှင်လည်း ပြိုင်ပွဲမှာ နောက်ကောက်ကျကျန်ခဲ့မှာပါ
စတင်းမွန်းစတားက စတင်းဖြုန်းလို့ သိပ်ကောင်းသော နေရာတစ်ခုဖြစ်ပါတယ် ဟီးရိုးတစ်ကောင်ကို လေဘယ်မြှင့်ဖို့အတွက် စတင်းရာချီပြီး ရင်းနှီးရပါတယ် တစ်ကောင်တစ်လေလောက် လေဘယ်မြှင့်ပြီးလည်း တိုက်ပွဲဝင်မရပြန်ပါဘူး အတွဲလိုက်လေဘယ်မြှင့်ပေးရပါတယ် ဒါမှသာ တိုက်ပွဲမှာ အသုံးတည့်စေတာပါ လေဘယ်မြှင့်နေသူများရဲ့ ရည်မှန်းချက်ကလည်း စတင်းမွန်းစတား ဂိမ်းကပေးသော ဆုများနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေက ရမယ့် ဆုများကနေ အကျိုးအမြတ်ရှာယူရတာပါ ကိုယ်တွေကစားနေတယ်ဆိုတာက နေ့စဉ် ကဒ်လေးတွေယူတာနဲ့ ရသီလိဒ်ပြီးဆုံးချိန်ရတာလေးတွေကနေ အကျိုးအမြတ်ရှာကြတာဖြစ်လို့ ငွေမရင်းနိုင်ရင်တော့ သိပ်အကျိုးမများစေနိုင်ပါဘူး ဘာဖြစ်ဖြစ် ရသလောက်လေးတွေတော့ လိုက်ကောက်ဖြစ်နေုတုန်းပါ ပြားစားလေးတွေဘဲ ဒီတစ်ခါ ရလိုက်တယ် စာရေးလို့ရနေတာကတော့ ပုံမှန် အမြတ်အစွန်းသဘောပါဘဲ
Photo Credit : https://steemmonsters.com/#
Author : @bobokyaw
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq