ပြီးပြည့်စုံခဲ့သလား

in #esteem5 years ago

child-945422_960_720.jpg

သူဌေးကြီး ဘိုခီးယားအကြောင်းလေး ဆက်ပါဦးမည် မဟာလူသားလို့ ဆိုရလောက်အောင်ပင် သူ့ခေတ်
သူ့အခါတုန်းက သူသည် လက်ညှိုးညွှန်ရာ ရေဖြစ်သည်ကဲ့သို့ပင် အရာရာမှာ စေတလုံးပိုင်နေခဲ့ပါသည်။
ငွေကို ရေလိုသုံးပြီး လောကစည်းစိမ်တို့အားအပြည့်အ၀စံစားနေပေတော့သည်။ ငွေတွေ သုံးမကုန်နိုင်
အောင်များနေတော့ ငွေသုံးစရာနေရာမရှိတော့သကဲ့သို့ပင် သူဌေးအများစု လုပ်တက်သကဲ့သို့ပင်
မယောင်ရာဆီလူးပါလေတော့သည်။ ဒါကတော့ ကိုယ့်အမြင်သာဖြစ်ပါသည်။ သူပိုင်တဲ့ငွေကို သူသုံးတာ
အပြစ်မဟုတ်သော်လည်း သုံးပုံသုံးနည်းက အခြားတစ်ဖက်မှတွေးကြည့်မိသော် အတော်လွဲချော်နေသယောင် ရှိပါသည်။
ကြည့်ကြပါဦးစို့ သူ့အကြိုက်ဆုံး စီးတော်ယဉ် ကားရဲ့အမည်ကား ဖာရာရီ အက်ဖ်လေးဆယ် အမျိုးအစား
ဖြစ်ခဲ့လေသည်။ ကားကို ကားလို မစီးပါဘူး သူစီးတဲ့ကားကို ဒေါ်လာကိုးသိန်းမက ကုန်ကျခံကာ ရွေပြား
များနဲ့ အနားကွပ်ပါလေတော့သည်။ ခုခေတ်တွင်တော့ အနားကွတ်ကြရုံမက ရွှေအတိပြီးသော ကားများပင် ၀ယ်ယူ မှာယူ စီးနင်းကြသော အရူးများ ရှိလို့နေလေပြီ
ကားဘဲ ရှိတာလားဆိုတော့ မဟုတ်သေးပါ သူက ငွေတင်ချမ်းသာသူမဟုတ်သေး အားဏာလည်း အပြည့်
အ၀ရှိသူဖြစ်လေတော့ကာ လေယာဉ်တွေလည်း ၀ယ်စီးပါသည်။ ဘိုးအင်း ဂျက်လေယဉ်ကြီးတွေလည်း
ပါဝင်သည်။ သူစီးနှင်းတဲ့ ဂျက်လေယဉ်ကြီးဟာဆိုရင် အကောင်းဆုံးများထဲက ဖြစ်သည်လို့ဆိုပါတယ်
ဘယ်လောက်တောင် ကောင်းသလဲဆိုတော့ အမေရိကန်သမတတွေ စီးရန် သီးသန့်သက်မှတ်ထားတဲ့ အထူးသတ်မှတ်ထားလေသော အဲယာဖိုစ့် ၀မ်း ဂျက်လေယဉ်ကြီးနီးပါး
ကောင်းမွန်ပါတယ်။အကောင်းဆုံးဆိုသော ဇိမ်ခံပစ်စည်းများနဲ့ အစွမ်းကုန် မွမ်းမံထားတယ်လို့
ဆိုပါတယ် သူဌေးကြီး ဘိုခီးယားပိုင်ဆိုင်တာကတော့ ခွန်လေးခွန် ဂျက်လေယဉ်ကြီး နှစ်စီးအပါအ၀င်
အရံစီးတော်ယဉ် လေယဉ် တစ်အုပ်လည်း ရှိသေးတယ်လို့ဆိုတာပါတယ်
boy-2604853_960_720.jpg

သူဟာ ရွှေကို အလွန် နှစ်သက် တန်ဖိုးထား မြတ်နိုးသူဖြစ်တယ်လို့ဆိုထားပါတယ် ဒါကြောင့်လည်း
သူစီးနှင်းသည့်ကားဖြစ်သည့် ရိုးလ်ရွိုက်စ် ဇိမ်ခံကားကြီးကို ရွှေအိုရောင်ဖြစ်ရမယ် အကောင်းဆုံးဖြစ်
ရမယ်ဆိုပြီးတော့ တင်ကြိုမှာယူခဲ့ခြင်းဖြစ်လေသည်။ ကားမှာယူကတည်းကပင်သူ့စိတ်တိုင်းကျ
အချက်အလက်များကို စနစ်တကျ လုပ်ဆောင်ပေးစေခဲ့ပြန်သည်။ သူစီးတဲ့ကားဟာ ကျည်ကာဗုံးမတိုး
နိုင်တဲ့ သံမဏိပြားကြီးတွေကို အထူးတလည် တပ်ဆင်ပေးထားပါတယ်။ ကားမှန်တွေကလည်း
ကျည်မတိုးနိုင်ပါဘူး အပြင်ကလည်း အတွင်းကို မမြင်စေရပါဘူး။တစ်ဖက်သာမြင်ေသာ အရောင်
ပိတ်မှန်များဖြစ်ပါတယ် ထိုကားထဲတွင် အမေရိကန်သမတစီးနှင်းသည့်ကားကဲ့သို့ပင် လိုအပ်ချက်တွေ
လိုအင်တွေ များစွာ ဖြည့်ဆည်းပေးနိုင် လုပ်ဆောင်နိုင်ရန် အားလုံးပါဝင်သည်လို့ ဆိုပါတယ်
အဲ့ဒီကားကြီးနဲ့ သူဟာ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲကိုပင် တက်ရောက်ခဲ့ပါသေးတယ်
ထိုင်းနိုင်ငံမှာ ကျင်းပစဉ်ကာလက ဖြစ်ပါတယ် ထိုင်းနိုင်ငံရောက်တုန်းမှာ အဲ့ဒီကားကြီးနဲ့
ပတ်တရား ချွန်ဘူရီ တို့ကနေ ရနောင်းအထိအောင် သူ့ကားကြီးနဲ့ လှည့်လည် လည်ပါတ်ခဲ့တယ်လို့
ဆိုပါတယ် ပတ်တယားကမ်းခြေမှာတော့ သူဟာ ထိုင်းလှပျိုဖြူများနဲ့ ရေလှိုင်းစီးရင်း စိတ်လွတ်ကိုယ်
လွတ် အပန်းဖြေ ခဲ့တယ်လို့ ဆိုပါတယ် ။ ငွေချမ်းသာသူ အများစုဟာ ကားကောင်းကောင်းတစ်စီးနဲ့တော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပုံဖေါ်လေ့ရှိတယ် ဆိုတာတော့ တူညီတဲ့အချက်ဖြစ်ပါတယ်။ ဘတ်စ်ကားတိုးစီးရတာ အရသာကိုတော့ ဒီလူတွေ ဒီတစ်သက် ခံစားရလိမ့်မယ် မထင်ပါဘူး ဒါဟာလည်း သူ့ရဲ့ အားနည်းချက် လိုအပ်ချက် လစ်ဟာ ချက် တစ်ခုမဖြစ်နိုင်ဘူးလား။ အမြင့်ပိုင်းမှာနေတော့ အောက်ပိုင်းရဲ့ ရာသီဥသာယာအေးချမ်းမှုကို သူသိနိုင်
လိမ့်မယ်မဟုတ်ပါဘူး။
Photo Credit : https://pixabay.com/en/photos/reading%20books/

@bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 61035.98
ETH 2886.89
USDT 1.00
SBD 3.67