ဈေးတက်ဖို့စောင့်နေတယ်

in #esteem5 years ago

ဈေးတက်ဖို့စောင့်နေတယ်
Screenshot_2019-01-18-20-34-51.png
တစ်ရက်တစ်ခါ ကဒ်ဖွင့်ရတာ ပျော်စရာတော့ ကောင်းပါတယ် ဘာတွေများရမလဲ ဆိုတဲ့ မျှော်လင့်ချက်က တွန်အားတစ်ခု
ဖြစ်လို့နေတယ်ထင်ပါတယ် ကျန်တဲ့ ဂိမ်းတွေက စိတ်ဝင်စားဖို့ကောင်းပါတယ် စွဲလမ်းစေပါတယ် ဒါပေမယ့် ဒီဂိမ်းကတော့
ဒီအတိုင်းကြည့်ရင် အတော်ပျင်းစရာကောင်းမယ်လို့ ထင်ရပါတယ် တကယ်ကစားကြည့်မယ်ဆိုရင်တော့ လက်ကမချချင်အောင်ကို စွဲလမ်းနှစ်ခြိုက်စေမှာဖြစ်ပါတယ် ကိုယ်ကတော့ စွဲလမ်းတာထက် ဟိုဘက်ကို တော်တော်လေးလွန်နေလို့ မနည်းဘရိတ်
ထိန်းထားရပါတယ် အကောင်သစ်တွေ ၀ယ်ထည့်ချင်နေတာ လက်ကို ယားနေတာပါဘဲ
စတင်းဈေးက တက်နေတာဆိုတော့ မ၀ယ်ရဲပါဘူး ကိုယ်က စတင်းသုံးပြီး ၀ယ်ရမှာဖြစ်လို့ စတင်းတွေကို နှမြောနေတာပါ
စတင်းဈေးက အခုချိန်သုံးလိုက်တဲ့သူကို နောင်တရစေလိမ့်မယ်လို့ ထင်ပါတယ်
စတင်းဈေးတက်သွားရင် ကိုယ်သုံးခဲ့တာတွေက တော်တော်လေးကို တန်ဖိုးကြီးသွားစေနိုင်လို့ပါဘဲ
အခုတောင် စတင်းဈေးက ပြားလေးဆယ်နားမှာ အားပြိုင်နေပါပြီ မကြာခင် အထက်အရပ်ကို ထိုးတက်သွားမယ်လို့မျှော်လင့်
ပါတယ် အများကြီးမမှန်းပါဘူး ငါးဒေါ်လာလောက် ထိရောက်ရင်တော့ တော်ပါပြီ
စတင်းဈေး တက်ဖို့လည်း မျှော်ရသလို နေ့စဉ် တာဝန်မပျက် စာရေးဖို့လည်း အားထည့်ထားရပါတယ်
အခုချိန်မှာတော့ အမှန်အတိုင်းပြောရရင် အားပျော့နေပါပြီ မနည်း အားတင်းပြီး ရှေ့ဆက်နေရတာပါ
မောဟိုက် တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ပန်းတိုင်ကို အရောက်လှမ်းလို့နေပါတယ်
စတင်းမွန်းစတား ဂိမ်းလေး ပေါ်လာတော့ နည်းနည်း အပျင်းပြေစေပါတယ်
ပျော်စရာလည်း ကောင်းပါတယ် ဒေါ်လာတွေလည်း ရပါတယ် စတင်းတွေ များများ စုဆောင်းနိုင်ပါတယ်
ဒီထက် ဈေးတက်ဖို့ကို စောင့်မျှော်နေပါတယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကျနော် လည်း lvl တင်ချင်နေတာ ဗျာ။ တစ်ပိုင်းသေနေပီ ဟား ဟား

Posted using Partiko Android

တင်လိုက်လေ ဘရို။ Steem ဈေးတက်လာရင် သိပ်ပြီးတော့ မပေးရတော့ဘူး

ဟုတ်တယ်ဗျ တင်လိုက်ရင်လဲ စတင်းဈေး တက်သွားရင်ဆိုတဲ့ အတွေးကြောင့်
မတင်ရဲဘူးဖြစ်နေတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01